Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jim Grimshaw
Instinct (1999)
နာမည်ကြီးသရုပ်ဆောင် Anthony Hopkins ပါဝင်ထားတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် Instinct... နှစ်အနည်းငယ်လောက်ပျောက်ဆုံးသွားပြီး လူတွေနဲ့ဝေးရာ အာဖရိကတောနက်ထဲမှာ ဂေါရီလာမျောက်တွေနဲ့အတူသွားရောက်နေထိုင်ခဲ့တဲ့ မနုဿဗေဒပညာရှင် Ethan Powell လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် စကားလုံးဝမပြောတော့တဲ့အခါ... စိတ်ရောဂါကုဆရာဝန် Dr. Theo Caulder တစ်ယောက်ကတော့ Powell ရဲ့အမှုကို အကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံရာကတော့ Harmony Bay အကျဉ်းထောင်ထဲမှာ ဖြစ်လာပါတယ်။ Powell ကရော ဘာကြောင့် လူတွေကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ အမှုရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိနေလဲ။ Dr. Theo ကရော Powell ကို ကူညီပေးနိုင်မှာလား။ Harmony Bay က စိတ်ရောဂါလူနာအကျဉ်းသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲ။ စိတ်လှုပ်ရှားရတာကိုသဘောကျပြီး စိတ်ပညာနဲ့ပတ်သက်တာကို စိတ်ဝင်စားတဲ့လူတွေအတွက် သဘောကျလောက်စရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။စဉ်းစားစရာတွေအများကြီးပါဝင်ပြီး ခင်မင်မှုနဲ့ သံယောဇဉ်တွေအကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ Ethan Powell ...
movie
Instinct (1999)
7.2
We Were Soldiers (2002)
We Were Soldiers (2002)IMDb Rating (7.2)/ Ritten Tomatoes (63%)အကောင်းဆုံး စစ်ပွဲနောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရားတွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ ...
movie
We Were Soldiers (2002)
4K HEVC
7.8
Remember the Titans (2000)
Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစားမှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှုပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie
Remember the Titans (2000)
2000
4K HEVCHDR
7.3
The People vs. Larry Flynt (1996)
တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ...
movie
The People vs. Larry Flynt (1996)
7.0
The Jackal(1996)
The Jackal(1996) အညွှန်း********************* Bruce Willis နဲ့ Richard Gere တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကိုဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကိုလုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့..... File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
The Jackal(1996)