Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jillian Murray
4.4
Wild Things: Foursome (2010)
Wild Things: Foursome (2010)IMDb Rating (4.4) / Rotten Tomatoes (23%) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက်သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။နောက်ဆုံးကားနဲ့လေးကားမြောက်ဖြစ်တဲ့ Wild Things: Foursome 2010 မှာတော့..ကာဆင်ဝှိတ်လီဆိုတဲ့ဖခင်ဖြစ်သူကိုမကျေမနပ်နဲ့အရွဲ့တိုက်ပြီး ပျော်ပါးသုံးဖြုန်းနေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား သူဌေးသားလေးကိုတွေ့မြင်ရမှာပါ။အဖေလစ်ပြီဆိုတာနဲ့ အိမ်ကြီးထဲမှာ ပါတီတွေပေးသလို ဘော်ဒါတွေ ပြိုင်ဘက်တွေနဲ့လည်းအလောင်းအစားနဲ့လှေပြိုင်ပွဲတွေ လုပ်လေ့ရှိတတ်ပါသေးတယ်။တစ်နေ့တော့ ပြိုင်ကားဝါသနာပိုင်ရှင် သူ့ဖခင်ပြိုင်ကားမတော်တဆမှုနဲ့သေဆုံးခဲ့ရာကနေ သေတမ်းစာမှာ မျှော်လင့်မထားတဲ့အဖြစ်တွေနဲ့တွေ့ကြုံရပါတော့တယ်။အဲ့ဒါကတော့ သူ့အဖေဟာ အသက် ၃၀ မပြည့်မချင်းလက်မထပ်ဘူးဆိုရင် သူ့အတွက် ငွေတစ်ပြားတစ်ချပ်မှထုတ်ယူသုံးစွဲခွင့်ပေးမထားတာပါပဲ။အဲ့ဒီကြားမှာမှ ပါတီတစ်ခုမှာသူနဲ့အီစီကလီလုပ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုမုဒိမ်းကျင့်ပါတယ်ဆိုပြီး စွပ်စွဲပြီး တရားရုံးအထိခေါ်လာတဲ့အချိန်မှာတော့ ချောင်ပိတ်မိသွားတဲ့ကာဆင်တစ်ယောက်ထွက်ပေါက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ထုံးစံအတိုင်းပဲ ဒီဖြစ်စဉ်တွေအားလုံးဟာ ရိုးရှင်းရဲ့လား? ဘယ်ဖြစ်ရပ်ဟာ ဘယ်တစ်ယောက်ရဲ့လှည့်ကွက်အကြံအစည်လဲ?ဘယ်သူကရော ဘယ်လောက်အထိအပြစ်ကင်းနိုင်မှာလဲ အစရှိတာတွေကိုဇာတ်လမ်းထဲမှာ ...
movie
Wild Things: Foursome (2010)
2010
5.8
Uglies (2024)
လွန်ခဲ့တဲ့ နှစ်ရာချီပေါင်းများစွာက လူသားတွေက သဘာဝလောင်စာတွေကိုအလွန်အကျွံ မှီခိုခဲ့ကြတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာပေါ်က သဘာဝရင်းမြစ်တွေပြုန်းတီးသွားခဲ့တယ်။ ပရမ်းပတာတွေ စစ်ပွဲတွေ ဖြစ်ကုန်တယ်။အဲဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လူတွေကို အခု ဇာတ်အိမ်တည်ထားတဲ့အနာဂတ်မှာ ရက်စ်တီတွေလို့ ခေါ်တယ်။ရက်စ်တီတွေ ထားခဲ့တဲ့ အရာတချို့ကနေ သိပ္ပံပညာရှင်တွေက အခြေအနေကိုကယ်တင်ဖို့ အရာတစ်ခုကို ဖန်တီးခဲ့တယ်။ ပြောင်းလဲခြင်းဆိုတဲ့ စစ်ဆင်ရေးတစ်ခုပါ။ ထပ်ရှင်းရရင် ၁၆ နှစ်ပြည့်တဲ့သူတိုင် ဘဝပြောင်းလဲရေးစစ်ဆင်ရေးတစ်ခုကို မဖြစ်မနေ လုပ်ရပါတယ်။ ပြီးပြည့်စုံတဲ့လူ ဖြစ်လာဖို့ပေါ့။ပြီးပြည့်စုံမှုရှိရင် ရက်စ်တီတွေလို ပဋိပက္ခဆိုတာ မရှိနိုင်တော့ဘူး။အရာရာတိုင်းက လှပလာမယ်ပေါ့။ တစ်နည်းပြောရရင် ပရီးတီးဆိုတဲ့ရုပ်ရည်အရရော အဘက်ဘက်က ပြည့်စုံသူတစ်ယောက်ဖြစ်လာမယ်။ပရီးတီးတွေအတွက် သီးသန့်ထားတဲ့ မြို့တော်ဆိုတဲ့ နေရာကို သွားခွင့်ရမယ်။ဒါပေမဲ့ ပရီးတီးအဖြစ် ပြောင်းလဲရမဲ့ ၁၆ နှစ်ကို မရောက်မချင်းတော့လူတစ်ယောက်က အားဂလီးဆိုတဲ့ ရုပ်ရှည်အရ အားနည်းချက်ရှိသူ ဖြစ်နေမှာပါ။မြို့တော်ဆိုတဲ့ အရပ်ကို မသွားရသေးဘဲ ကျောင်းဆိုတဲ့ နေရာတစ်ခုမှာနေရင်းကိုယ့်အလှည့်ရောက်လာဖို့ စောင့်ကြရတယ်။တစ်ချိန်တည်းမှာပဲ ဒီကျောင်းသားတွေရဲ့ ...
movie
Uglies (2024)
5.5
A Brush with Christmas (2022)
ခရစ်စမတ်ဆိုရင် အရောင်စုံလင်တဲ့ပွဲတော်တွေ၊ခေါင်းလောင်းသံမြိုင်မြိုင်နဲ့ပုံရိပ်ကို မြင်မိတဲ့အတိုင်း ဒီကားလေးမှာ ဘေဆိုက်မြို့က နှစ်တိုင်းလုပ်နေကျ ခရစ်စမတ် အားလပ်ရက် ပွဲတော်အရသာလေးတွေ ရမယ့်ကားပါဇာတ်လမ်းက ပန်းချီဆွဲဝါသနာပါတဲ့ ရှာလိုအက်၊ တစ်ဦးတည်းသောသမီးမို့ မိသားစုရဲ့ စားသောက်ဆိုင်လုပ်ငန်းကို လက်လွှဲယူပြီး ဦးစီးနေရချိန် တဖက်မှာ နှစ်သက်ရတဲ့ ပန်းချီကို အချိန်မပေးနိုင်တော့လို့ လက်လွှတ်ခါနီးမှာ ဘဝထဲကို နယ်လှည့် ဗိသုကာရေးဆွဲတဲ့ ဝိုင်ယက်ရောက်လာချိန် ဘာတွေဆက်ဖြစ်မလဲ၊ ရှာလိုအက် အလုပ်နှစ်ခုကို သူဘယ်လို ကိုင်တွယ်မလဲ ဝိုင်ယက်နဲ့ရော ရှေ့ဆက်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အားလပ်ရက်မှာ မိသားစုနဲ့ ပါအတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်မှာပါ။ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
A Brush with Christmas (2022)
5.0
Killer Stepmom (2022)
Killer Stepmom (2022) =================အဖေနဲ့ အမေက ကွာရှင်းထားပြီး အဖေက မိန်းမငယ်ငယ်လေး ယူထား လို့ စိတ်တွေပျက် အရွဲ့တိုက်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ် ယောက်။ မကြာခင်မှာ ကောလိပ်တက်ရတော့မယ် ဒါပေမဲ့လည်း လောက ကြီးကို မထီမဲ့မြင်လုပ်ရင်း သူများတွေကို လျှောက်လိမ်ညာရင်း ကိုယ့်ဘဝ ကိုယ် ဖျက်သလို ဖြစ်နေတာပေါ့။ နှစ်ဖက်မိဘကလည်း သူပြောသမျှဆို ဘာတစ်ခုမှ မယုံရလောက်အောင်ကို အယုံအကြည်ကင်းမဲ့နေကြတာပါ။ အဲဒီအချိန်မှာလည်း အမေ့အိမ်တစ်လှည့် အဖေ့အိမ်တစ်လှည့် နေနေရင်း ထူးဆန်းတဲ့အဖြစ်ပျက် ကြုံရပါတော့တယ်။အဖေ ကျေနပ်အောင် မိထွေးနဲ့ အပြင်လျှောက်လည်ပေးရာက သူစိမ်းတစ် ယောက်က မိထွေးကို အတင်းလိုက်ခေါ်တာကို မိထွေးက လူမှားနေပါတယ် ဆိုတာမျိုး၊ ဆိုင်ထဲ ကော်ဖီဝယ်နေတုန်း မိထွေးနဲ့ လူစိမ်း စကားများနေတာ မျိုး ပိုဆိုးတာ ညသန်းခေါင်ကျ မိထွေးက ခိုးထွက်သွားလို့ လိုက်ချောင်းရာ ကနေ လူသတ်တာကိုပါ တွေ့လိုက်ရတဲ့အခါမှာတော့… သူပြောတဲ့စကားတွေ ကို မိဘနှစ်ပါးက ယုံပါ့မလား၊ မိထွေးကလည်း တကယ်သတ်တာလား ဘာတွေ ဖြစ်မလဲ စောင့်ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား တစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura ...
movie
Killer Stepmom (2022)
2022
5.7
Never Back Down 2: The Beatdown(2011)
IMDb - 5.7တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့ တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။File ...
movie
Never Back Down 2: The Beatdown(2011)
5.4
Bad Ass (2012)
ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးပါရစေ လူ့ဘဝကြီးမှာ လှံထမ်းလာတာကိုပဲမြင်ရတယ် ကံထမ်းလာတယ်ကိုမမြင်ရဘူးဆိုတဲ့အတိုင်း ပုံမှန်နေသားကျနေတဲ့ ဘဝကြီးကနေ အပြောင်းအလဲကြီးဖြစ်သွားတတ်တယ်ဆိုတဲ့အကြောင်းကို ရိုက်ပြထားတာမို့ ကြည့်လို့ကောင်းမဲ့ ကားကောင်းလေးပါပဲဇာတ်လမ်းအကျဉ်း ဗီဂါ ဆိုတဲ့ ဗီယမ်နမ် စစ်ပြန်ကြီးဟာ အထက်တန်းကျောင်းပြီးသွားတာနဲ့ စစ်တပ်ထဲဝင်ခဲ့လို့ သူ့ရဲ့ ရိုးရှင်းနဲ့ ဘဝလေးနဲ့ ရင်နဲ့အမျှချစ်ရတဲ့ ချစ်သူလေးကို ထားခဲ့ရတာပါ ၇နှစ်ကြာစစ်မှုထမ်းပြီးပြန်လာတဲ့အချိန်မှာတော့ သူ့ကိုစောင့်နေမလားထင်ပြီး ရည်းစားဟောင်းအိမ်ကိုသွားလိုက်တဲ့ အချိန်မှာပဲ သစ္စာရှိရှိနဲ့စောင့်နေတဲ့ သူ့ရဲ့ ချစ်သူလေးဟာ ကလေး၂ယောက်ပါ အပိုစုဆောင်းထားပေးခဲ့တာပါ အဲဒါနဲ့ မရှိတဲ့လမ်းပျောက်သွားတဲ့ ဗီဂါကကြီး က ရဲကျောင်းတက်ဖို့ကြိုးစားလည်းမအောင်မြင် ကုမ္ပဏီတွေမှာ လျှောက်တော့လည်း ကောလိပ်မတက်ခဲ့လို့ဆိုပြီး မခေါ်တာနဲ့ဘဲ ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေရတဲ့သူတစ်ယောက်ပါ အဲဒီလိုနဲ့ မထင်မှတ်တဲ့နေ့လေးတစ်နေ့မှာဘဲ သူ နေ့တိုင်းစီးနေကျ ဘတ်စ်ကားပေါ်မှာ လူငယ်နှစ်ယောက်က အဖိုးကြီးတစ်ယောက်ကို အနိုင်ကျင့်နေလို့ လက်စွမ်းပြလိုက်တာကြောင့်ပဲ အင်တာနက်မှာနာမည်ကြီးသွားပြီး "ဆရာကြီး"ဆိုတဲ့ နာမည်ပါရသွားတာပါ အဲဒီအချိန်မှာပဲ သူ့ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲခဲ့တာပေါ့လေ အဲဒီလိုနဲ့ ...
movie
Bad Ass (2012)