Channel Myanmar

Jess Harnell

Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) Hotel Transylvania 2 (2015)IMDb - 6.7/10_____Rotten - 56%   2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့  ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။Spoiler  ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။  ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ...
movie

Hotel Transylvania 2 (2015)

2015
The Jungle Book 2 (2003) 5.3
The Jungle Book 2 (2003) The Jungle Book 2 (2003)1967 မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ကာတွန်းကားရဲ့ အဆက်ဖြစ်ပြီး2003 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အပိုင်း 1 မှာတော့ တောတွင်းသားလေး မောဂလိဟာ ဝက်ဝံကြီး ဘလူး၊ကျားသစ်နက် ဘက်ဂီယာတို့နဲ့အတူ လူသားတွေနေတဲ့ရွာနားရောက်သွားပြီးမြစ်ထဲမှာရေခပ်နေတဲ့ ရှန်တီဆိုတဲ့ကောင်မလေးနောက်ကိုလိုက်သွားရင်း အဆုံးသတ်သွားခဲ့ပါတယ်။ အခုအပိုင်း 2 မှာတော့ မွေးကင်းစကတည်းက တောတွင်းမှာပဲကျင်လည်လာခဲ့တဲ့မောဂလိတယောက် လူတွေကြားထဲမှာ စည်းကမ်း၊ အလုပ်တွေနဲ့ ‌နေရတဲ့ ဘဝကိုငြီးငွေ့လို့လာနေပါတယ်။ဒီလိုညတညမှာ မောဂလိကို လက်စား‌ချေချင်နေတဲ့ ရန်သူတော်ဟောင်းကျားကြီး ရှီယာခမ်းနဲ့ မောဂလိကို သူ့ရဲ့သားအရင်းလိုချစ်ရှာတဲ့ ဝက်ဝံကြီး ဘလူးတို့ကမောဂလိတို့နေတဲ့ရွာထဲကို ရောက်လာခဲ့ကြပါတယ်။ ရွာထဲကိုကျားဝင်လာလို့ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေချိန် မောဂလိလည်း ဘလူးနဲ့အတူ တောထဲပြန်ပါသွားခဲ့ပြီးမောဂလိတယောက် တောအုပ်ထဲနေရတဲ့ လွတ်လပ်တဲ့ ဘဝကို ရွေးချယ်မလား၊သူနဲ့မျိုးနွယ်တူ လူသားတွေရှိတဲ့ လူသားရွာကိုပဲရွေးချယ်မလားဆိုတာကိုရှီယာခမ်းလက်ကလွတ်အောင်ကြိုးစားတဲ့ စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။    File size…    1.6 GB /  800MB Quality… ...
movie

The Jungle Book 2 (2003)

Up (2009) 8.2
Up (2009)  Up (2009)IMDb Rating (8.3) / Rotten Tomatoes (98%) Pixarဆိုတဲ့ animation studio အကြောင်း ပြောကြတဲ့အခါ အများနဲ့မတူတဲ့ storyline, ဇာတ်ကောင်ဖန်တီးမှုပုံစံတွေ၊ဆန်းသစ်တဲ့ ဇာတ်လမ်းပုံစံတွေနဲ့ ကျွန်တော်တို့ ငယ်ဘဝအမှတ်တရအများစုကို ဖန်တီးပေးနိုင်ခဲ့တဲ့ studioတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ဒီstudioကပဲ ထုတ်လိုက်တဲ့Upဆိုတဲ့ Animationဇာတ်ကားကတော့ အတော်များများရင်းနှီးပြီးသားဖြစ်သလို မကြည့်ဖူးတဲ့သူလည်း အတော်ရှားမယ့် animationဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Action နဲ့ comedyကိုရောစပ်ထားပြီးချစ်ခြင်းမေတ္တာ‌တွေ ဒရာမာတွေကိုလည်း ပီပြင်အောင်ဖန်တီးထားတာပါ။ Carlဆိုတဲ့ ကင်းထောက်ကောင်လေးတစ်ယောက်က Ellie ဆိုတဲ့ သဘာဝစူးစမ်းလေ့လာရေးစိတ်ဝင်စားသူနဲ့ အကြောင်းပါခဲ့ပြီး Wild Life Explorerဖြစ်ချင်တဲ့အိပ်မက်ကို အတူအကောင်အထည်ဖော်နိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြီးဆုံး အိပ်မက်ကအမေဇုန်တောထဲမှာ ရှိတဲ့ Paradise Fallဆိုတဲ့ ရေတံခွန်နံဘေးမှာ အိမ်လေးတစ်လုံးဆောက်ပြီး နေသွားဖို့ပါ။ဒါပေမဲ့ သူတို့ရဲ့အိပ်မက်တွေ အကောင်အထည်မပေါ်ခင်Ellie တစ်ယောက်ဆုံးပါးသွားတဲ့နောက် အထီးကျန်နေတဲ့Carlအ‌နေနဲ့ ဇနီးဖြစ်သူ မလုပ်နိုင်ခဲ့တဲ့အရာကို လက်တွေ့ဖြစ်အောင် လုပ်ပေးဖို့ ...
movie

Up (2009)

2009
4K HEVC
Tom and Jerry: The Lost Dragon (2014) 5.8
Tom and Jerry: The Lost Dragon (2014) ဒီဇာတ်လမ်းက စုန်းမကြီး ဒရစ်ဇယ်ဒါနဲ့ မှော်ဆရာကြီး ကားလ်‌ဒေါ့ဖ်တို့ရဲ့ အားပြိုင်မှုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။သူတို့ရဲ့အားပြိုင်မှုမှာ အရေးနိမ့်သွားခဲ့တဲ့ ဒရစ်ဇယ်ဒါကို ကားလ်ဒေါ့ဖ်က နတ်သူငယ်တိုင်းပြည်က နယ်နှင်ဒဏ်ပေးလိုက်ပြီးတဲ့နောက်တူမဖြစ်သူ အသီနာကျန်ရစ်ခဲ့ပါတယ်။စုန်းမကြီးရဲ့တူမဖြစ်နေလို့ အားလုံးရဲ့အပယ်ခံဖြစ်နေတဲ့ အသီနာက တွမ်နဲ့ ဂျယ်ရီ အပါအဝင်ပိုင်ရှင်မဲ့ တိရစ္ဆာန်လေးတွေအတွက် ဂေဟာဖွင့်ထားပြီးသူတို့လေးတွေနဲ့ပဲ အဖော်ပြုနေခဲ့ရတာပါ။နယ်နှင်ဒဏ်ပေးခံထားရတဲ့ စုန်းမကြီးဒရစ်ဇယ်ဒါက လက်စားချေဖို့အခွင့်ကောင်းကို အမြဲစောင့်နေခဲ့တာပါ။ဒီလိုနဲ့ တစ်နေ့မှာသူလက်စားချေနိုင်မယ့် အခြေအနေတစ်ခု ကြုံလာပါတယ်။အဲဒါကတော့ နဂါးတွေရဲ့အစွမ်းကို ခိုးယူပြီး အောက်လမ်းအစွမ်းတွေ ပိုထက်လာအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။အဲဒါကိုတွမ် ဂျယ်ရီ အသီနာနဲ့ ကားလ်‌ဒေါ့ဖ်တို့က တားဆီးဖို့တွက်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ File size…   1.4 GB / 642 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 57m Genre ..... Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Tom and Jerry: The Lost Dragon (2014)

Tom and Jerry: The Fast and the Furry (2005) 6.5
Tom and Jerry: The Fast and the Furry (2005) တွမ်နဲ့ဂျယ်ရီ ပရိသတ်တွေအနေနဲ့ ဒီAnimationကို မသိသူ အတော်လေးရှားမှာပါ။Fast & Furious theme ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ငယ်စဉ်က အတော်‌ကိုကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်သလိုဇာတ်ကွက် တွေကိုပါ အလွတ်ရတဲ့အထိ ထပ်ခါတလဲလဲကြည့်ခဲ့ဖူးတဲ့ animationပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ပိုင်ရှင်ရဲ့နှင်ထုတ်ခြင်းကို ခံလိုက်ရတဲ့ တွမ်နဲ့ဂျယ်ရီတို့နှစ်ယောက်ဇိမ်ခံစံအိမ်ကြီးကို ပထမဆုအနေနဲ့ ပေးမယ့် ဟောလိဝုဒ်က ကားပြိုင်ပွဲကြီးရဲ့ ကြော်ငြာကိုမြင်ပြီး ပြိုင်ဖို့ လုပ်ကြပါတော့တယ်။ပြိုင်ပွဲကျင်းပတဲ့ စတူဒီယိုဘက်ကလည်း တွမ်ရဲ့ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ဉာဏ်ပြေးတဲ့ ဂျယ်ရီရဲ့ပုံစံကို သဘောကျပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးလိုက်ပါတယ်။သူတို့နှစ်ကောင် ကြောင့်ပဲ အဲဒီကားပြိုင်ပွဲ အစီအစဉ်က ကြည့်ရှုနှုန်းတွေ ထိုးတက်လာတဲ့နောက် စတူဒီယိုဘက်က လောဘတက်ပြီးမူလပန်းတိုင်အစား ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ပြိုင်ပွဲရှည်အောင် လုပ်ပါတော့တယ်။အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ နှစ်ကောင် လူတွေနဲ့ရင်ဘောင်တန်းပြီးဘယ်လိုမျိုး ကား အလန်းစားတွေနဲ့ ယှဉ်ပြိုင်သွားမှာလဲ၊တခြားသူတွေကို အသာရအောင် ဘယ်လိုဉာဏ်များကြဦးမလဲ၊ပြိုင်ပွဲကြီးမှာဘယ်သူအနိုင်ရပြီး ...
movie

Tom and Jerry: The Fast and the Furry (2005)

2005
Tom and Jerry: Willy Wonka and the Chocolate Factory (2017) 4.3
Tom and Jerry: Willy Wonka and the Chocolate Factory (2017) ဒီဇာတ်ကားက နာမည်‌ကျော်ဇာတ်ကားကြီး တစ်ခုဖြစ်တဲ့Willy Wonka and the Chocolate Factoryကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ Tom & Jerry ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအသွားအလာကတော့ ရုပ်ရှင်အတိုင်း ဖြစ်ပြီး နာမည်ကျော် ဝန်ကာချောကလက်စက်ရုံက တစ်သက်စာ ချောကလက်တွေကိုရွှေလက်မှတ်ရှာတွေ့တဲ့ ကံထူးရှင် ငါးယောက်ကို ပေးသွားမယ်ဆိုတဲ့ ကြေညာချက်နဲ့ အတူရွှေလက်မှတ်တွေကို ချောကလက်ချောင်းထဲ ထည့်ပေး လိုက်တာကြောင့် ကလေးလူကြီးမရွေး ချောကလက်လုပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ရွှေလက်မှတ်ပိုင်ရှင်တွေထဲမှာ ချာလီလေးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။တွမ်နဲ့ဂျယ်ရီတို့ကတော့ ချာလီလေးရဲ့ မိတ်ဆွေတွေပေါ့။အဲဒီလိုနဲ့ ချာလီတို့အဖွဲ့ ဝန်ကာရဲ့ချောကလက်စက်ရုံထဲကို အလည်အပတ်ရောက်သွားခဲ့ကြပါတယ်။စက်ရုံထဲမှာ ဝန်ကာတီထွင်ထားတဲ့ ထူးဆန်းတဲ့သွားရည်စာတွေနဲ့အတူမထင်တားတဲ့ အန္တရာယ်တွေလည်း ရှိနေတာကို ချာလီတို့ သိလာခဲ့ပါတယ်။တစ်ဖက်မှာလည်း ဝန်ကာရဲ့စက်ရုံကြီး ဒေဝါလီခံရအောင် ကြိုးစားနေတဲ့ ဆလက်ဂ်ဝေါ့ရှ်ဆိုတဲ့စီးပွားပြိုင်ဖက်တစ်ယောက်ရဲ့ အန္တရာယ်လည်း ရှိတာမို့ချာလီနဲ့ တွမ် ဂျယ်ရီတို့ အဲဒီပြဿနာတွေကို ဖြေရှင်းပုံကိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…    1.6 GB /  ...
movie

Tom and Jerry: Willy Wonka and the Chocolate Factory (2017)

2017
The Wild (2006)
The Wild (2006) The Wild (2006) ***************ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်...၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ်Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေအာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson ကသူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်... အဲဒီအဖွဲ့ထဲမှာကိုအာလာဝက်ဝံလေး Nigel...သစ်ကုလားအုတ်မလေး Bridget...အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ... IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်...File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : ...
movie

The Wild (2006)

Tom and Jerry: The Magic Ring (2001) 6.1

Tom and Jerry: The Magic Ring (2001)

Tom and Jerry Blast Off to Mars! (2005) 6.0
Tom and Jerry Blast Off to Mars! (2005) ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီတို့ အင်္ဂါဂြိုဟ်ပေါ် ရောက်သွားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိမရှိ စစ်ဆေးဖို့အတွက် အာကာသလေ့လာရေးယာဉ်တစ်စီး စေလွှတ်ထားရာအဲဒီယာဉ်ပေါ်မှာ တွမ်နဲ့ ဂျယ်ရီနှစ်ကောင်လုံးပါသွားခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်မှာပဲ သူတို့နှစ်ကောင်လုံး ကျန်ခဲ့ရာတကယ့် အင်္ဂါဂြိုဟ်သား အစစ်တွေနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။အင်္ဂါဂြိုဟ်သားတွေက သူတို့နှစ်ကောင်ကိုအင်္ဂါဂြိုဟ်ပေါ် ကျူးကျော်လာတဲ့ ကမ္ဘာသားတွေလို့ ယူဆပြီးကမ္ဘာဂြိုဟ်ကို လက်စားချေတဲ့အနေနဲ့ ပြန်ကျူးကျော်ဖို့ဆုံးဖြတ်ပြီး တိုက်ခိုက်လာကြတဲ့အတွက်ကမ္ဘာဂြိုဟ်ကို ပြန်ကာကွယ်ဖို့ တွမ်နဲ့ဂျယ်ရီတို့ ကြိုးပမ်းရပါတော့တယ်။ File Size :  1 GB, 535 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : ...
movie

Tom and Jerry Blast Off to Mars! (2005)

Tom and Jerry Meet Sherlock Holmes (2010) 6.4
Tom and Jerry Meet Sherlock Holmes (2010) ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီရယ် နာမည်‌ကျော်စုံ‌ထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝက်ဆန်တို့ ပါဝင်တဲ့သည်းထိတ်ရင်ဖို စွန့်စားခန်းanimationလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှားလော့ဟုမ်းနေထိုင်ရာ လန်ဒန်မြို့ကြီးမှာစိန်ခိုးဂိုဏ်းတစ်ခု သောင်းကျန်းနေပြီး ရက်ပိုင်းအတွင်းမှာပဲတန်ဖိုးကြီးစိန်သုံးပွင့်လောက် အခိုးခံလိုက်ရတာကြောင့် လူတိုင်းက ထိုအမှုကို စိတ်ဝင်စားနေကြတာပါ။ထိုအချိန်မှာ ရှားလော့ဆီ မစ်ရတ်ဒ်ဆိုတဲ့ ဇာတ်ရုံအဆိုတော်တစ်‌ယောက်ကငွေညှစ်ခံရမှုနဲ့ တိုင်ကြားခဲ့ပါတယ်။ဒါပေမဲ့ ဒီအမှုနဲ့ စိန်ခိုးမှုကဆက်စပ်နေမယ်လို့ ရှားလော့ဟုမ်းက သံသယရှိရင်း စုံစမ်းရာမှသူ့ရဲ့ရန်သူတော်ကြီး မိုရီယန်တေးရဲ့ မဟာအကြံကိုတားဆီးရဖို့ အကြောင်းဖန်လာပါတော့တယ်။ File Size :  1 GB, 535 MB Quality : Blu-Ray 1080p / 720p Running Time : 50min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant
movie

Tom and Jerry Meet Sherlock Holmes (2010)

Tom and Jerry: Robin Hood and His Merry Mouse (2012) 6.3
Tom and Jerry: Robin Hood and His Merry Mouse (2012) ဒီဇာတ်လမ်းကတော့ Tom and Jerryနဲ့ နာမည်ကျော်သူခိုးကြီး ရော်ဘင်ဟုဒ်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အားလုံးလည်း သိကြတဲ့အတိုင်း ရော်ဘင်ဟုဒ်ဆိုတာ လူကုံထံတွေဆီက ပိုက်ဆံတွေကို လုယက်ခိုးဝှက်ပြီးလူဆင်းရဲတွေကို ပြန်ပြီးဝေမျှပေးတဲ့ လူဆိုးကြီးပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာလည်းရော်ဘင်ဟုဒ်က နော်တင်ဟမ်မြို့မင်းသားနဲ့ အရာရှိကြီးရဲ့အခွန်တွေကို ကြားဖြတ်လုယက်သွားခဲ့လို့အကုန်လုံးကတောနင်းဖမ်းဆီးချင်နေကြတာပါ။ရော်ဘင်ဟုဒ်မှာလည်းအတွင်းလူတစ်ယောက်ရှိနေပြီး သူကနေတဆင့်သတင်းတွေရနေလို့ လက်မတင်လေး လွတ်နေခဲ့တာပါ။ဒါကြောင့်လည်းမင်းသားတို့က မြားပစ်ပြိုင်ပွဲ တစ်ခုလုပ်ပြီး သူ့ကိုဖမ်းဆီးဖို့ ကြံပါတော့တယ်။သူတို့ရဲ့အကြံအစည် အောင်မြင်သွားမှာလား၊ရော်ဘင်ဟုဒ်တို့ လွတ်မြောက်သွားမှာလား ကြည့်ရှုရမယ့်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ File Size :  1 GB, 524 MB Quality : Blu-Ray 1080p / 720p Running Time : 57min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit ...
movie

Tom and Jerry: Robin Hood and His Merry Mouse (2012)

Mr. Peabody & Sherman ( 2014 ) 6.8
Mr. Peabody & Sherman ( 2014 ) 1959 မှထွက်ခဲ့တဲ့ The Adventures of Rocky and Bullwinkle ကာတွန်းကာထဲက Peabody ဆိုတဲ့ ဉာဏ်ကြီးရှင် ခွေးလေးအကြောင်းကိုရိုက်ထားတာပါ။ဒီကားရဲ့ Director က Lion King animation ရဲ့ Director လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Peabody ဆိုတဲ့ မွေးရာပါဉာဏ်ကြီးရှင် ခွေးလေးက ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်တဲ့အလျှောက် နေရာတိုင်းမှာတော်ပါတယ် ။သူက Sharman ဆိုတဲ့ ကလေးလေးကို သားအရင်းအဖြစ်မွေးစားပြီးတော့ တတ်သမျှပညာတွေကိုသင်ပေးပါတယ် ။သူ့မှာ WABAC ဆိုတဲ့ အချိန်ခရီးသွားတဲ့ စက်ကြီးရှိပြီးတော့ ရှာမန်ကို သမိုင်းထဲက အထင်ကရ အကြောင်းအရာတွေကိုသင်ပေးပါတယ်။တစ်နေ့မှာ ရှာမန်က ကျောင်းမှာ ရန်ဖြစ်ပြီး အတန်းဖော် ပန်နီနဲ့ ဒီအချိန်ခရီးသွား စက်ကြီးကို သုံးမိပြီး ဘယ်လိုအလွှဲတွေဖြစ်မလဲပီးပေါ်ဒီ ကရောဘယ်လိုတွေကယ်ရမလဲကို သိပ္ပံအကြောင်းအရာတွေ သမိုင်းအချက်အလက်တွေ ဟာသလေးတွေ နှောပြီးတော့ ကြည်ရမှာဖြစ်ပါတယ်။ File Size :  2.15 ...
movie

Mr. Peabody & Sherman ( 2014 )

2014
Big Top Scooby-Doo! (2012) 6.7
Big Top Scooby-Doo! (2012) စကူဘီဒူးတို့အဖွဲ့က ဒီတစ်ခေါက်မှာတော့အတ္တလန္တိတ်မြို့ကို ရောက်လာခဲ့ကြပါပြီ။ ဆပ်ကပ်ဝါသနာအိုး ဖရတ်ရဲ့ တောင်းဆိုမှုကြောင့် ပွဲသွားကြည့်ကြတဲ့စကူဘီဒူးတို့တစ်သိုက် တိုးလာကြတာကတော့ သမန်းဝံပုလွေတစ်ကောင်နဲ့ပါ။ဒီသမန်းဝံပုလွေက ဆပ်ကပ်အဖွဲ့ ရောက်ခဲ့တဲ့နေရာတိုင်းမှာ ကျောက်မျက်ရတနာတွေ ခိုးယူနေတဲ့အပြင်ဆပ်ကပ်ပိုင်ရှင် မားစီးယက်စ်ကိုယ်တိုင်ကလည်း သူ့ရဲ့အဖွဲ့ဝင်တွေကို သံသဃဖြစ်နေခဲ့တာကြောင့် စကူဘီဒူးတို့တွေက ကူညီစုံစမ်းပေးဖို့ဖြစ်လာခဲ့ပါတယ်။ဒီသမန်းဝံပုလွေဆိုတာကရော တကယ့်အစစ်အမှန်ဟုတ်ရဲ့လား။ဘာဖြစ်လို့ ဒီလိုမျိုး ကျောက်မျက်ရတနာတွေကိုခိုးနေတာလဲ။ဒါတွေရဲ့ နောက်ကွယ်မှာရော မားစီးယက်စ်ရဲ့ သံသဃတွေက မှန်နေခဲ့သလား ဆိုတာကိုစကူဘီဒူးပရိတ်သတ်တို့အကြိုက် ကြည့်ရှုခံစားကြရဦးမှာပဲဖြစ်ပါတယ်။ File Size :  1.4 GB, 681 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant
movie

Big Top Scooby-Doo! (2012)

SpongeBob Squarepants: Kreepaway Kamp (2024) 6.0
SpongeBob Squarepants: Kreepaway Kamp (2024)  Horror ပရိသတ်တွေကြိုက်ကြတဲ့ Horror ဇာတ်ကားကောင်းတွေတ၀ကြီးကြည့်ရမဲ့ ဟောလိုးဝင်းကာလကြီးနီးကပ်လာပါပြီ။အဲ့ဒါကြောင့်ပဲရုပ်ရှင်စတူဒီယိုအကြီးတွေ အသေးတွေအကုန်လုံးကနေHorror ဇာတ်ကားတွေအပြိုင်အဆိုင်ရိုက်ကူးလာကြတာ ကလေးလူကြီးမရွေးကြိုက်နှစ်သက်တဲ့ Spongebob တောင်အပါအဝင်ပါပဲ။အဲ့ဒါကြောင့် Spongebob ချစ်သူတွေအတွက်အသစ်ထွက်ရှိထားတဲ့လက်ရှိ IMDb 6.0 အထိရရှိထားတဲ့ Kreepaway Kamp ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Spongebob က Horror ထွက်တာရှားပေမဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ကြည့်လို့ကောင်းမှာအမှန်ပါပဲ။ဇာတ်လမ်းအစမှာတော့ ထုံးစံအတိုင်း သူငယ်ချင်းနှစ်ယောက်ပေါတောတောတွေလုပ်နေရင်း သူတို့ငယ်ငယ်က သွားခဲ့ဖူးတဲ့နွေရာသီစခန်းဖြစ်တဲ့ သန္တာကျောက်တန်းစခန်းကနေ သူတို့ကိုပြန်လည်တွေ့ဆုံပွဲလာဖို့ဖိတ်တဲ့ ဖိတ်စာရလာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့နှစ်ယောက်တည်းရတာမဟုတ်ဘဲ တစ်မြို့လုံးရတဲ့အတွက် အကုန်လုံးကလည်း ကလေးဘ၀တုန်းကအမှတ်တရလေးတွေရှိခဲ့ဖူးတဲ့နေရာကို အသက်ကြီးလာတဲ့အခါမှာပြန်သွားချင်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သန္တာကျောက်တန်းစခန်းကိုရောက်ခဲ့ကြတဲ့အခါမှာတော့ ထင်ထားသလိုဖြစ်မနေဘဲ တော်တော်လေးစုတ်ပြတ်သတ်နေပြီးခြောက်ခြားစရာဖြစ်နေခဲ့ပါတော့တယ်။ပြန်မယ်လုပ်တော့လည်း ပြန်စရာလမ်းတွေကတစ်ခုမှမရှိတော့တဲ့အတွက် Spongebob နဲ့ သူငယ်ချင်းတွေအားလုံးအဲ့ဒီမှာပိတ်မိနေကြရင်း ဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေဖြစ်လာမယ်ဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…807MB / 416MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….45m Genre ….. Animation , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

SpongeBob Squarepants: Kreepaway Kamp (2024)

Despicable Me 2 (2013) 7.3
Despicable Me 2 (2013) Despicable Me 2 (2013) Genre – Animation, Adventure, Comedy IMDB – 7.3/10ပထမကားထွက်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တော့ Sequel ထွက်ခဲ့ရာမှာလည်း ဇာတ်လမ်းဇာတ်ရှိန်ကောင်းပြီး Minion တွေရဲ့ ပေါက်ကရလေးတွေကြောင့် ထပ်မံအောင်ပွဲခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ Gru ကြီးတစ်ယောက် ဒူးမနာသမီးလေး ၃ ယောက်နဲ့အတူတူ မိသားစုလေးအဖြစ် အေးအေးချမ်းချမ်း နေနေပါပြီ။ ဒါပေမဲ့တစ်ရက်မှာတော့ သူ့ကို ဗီလိန်-တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ပြန်ပေးဆွဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်ရှိတဲ့ ဗီလိန်တစ်ယောက် သောင်းကျန်းနေပြီး ဒီလို ဗီလိန်ကို ချေမှုန်းဖို့ ဗီလိန်တစ်ယောက်ရဲ့ အမြင်တွေ အာရုံတွေ လိုအပ်တယ်ဆိုပြီး Gru ကို အကူအညီတောင်းတဲ့အခါမှာတော့ အဖွဲ့အစည်းအေးဂျင့်ဖြစ်သူ Lucy နဲ့အတူတူ စွန့်စားခန်းတွေ ထွက်ရပါတော့တယ်။ ဒီကားထဲမှာတော့ ဇာတ်ကောင်သစ် Lucy ပါဝင်လာပြီး သူ့နေရာကိုတော့ မင်းသမီး Kristen Wiig က ...
movie

Despicable Me 2 (2013)

4K HEVC
Despicable Me 3 (2017) 6.2
Despicable Me 3 (2017) Despicable Me 3 (2017) Genre – Animation, Adventure, Comedy IMDB – 6.2/10Gru တို့ မိသားစုတွေ တတိယမြောက်အကြိမ် ပြန်လာကြတဲ့ ဇာတ်ကားလေးပါ။ အရှေ့ ၂ ကားနဲ့ ယှဉ်ရင် Rating လေး ကျသွားတယ်ဆိုပေမဲ့လည်း ကြည့်ပျော်ရှုပျော်ကတော့ ဖြစ်နေဆဲဆိုတာ အမှန်ပါပဲ။ ဒီကားလေးမှာတော့ ဆရာသမား Gru လည်း အေးဂျင့်ဖြစ်သူ Lucy နဲ့ ချစ်သူဖြစ်ပြီးတော့ လိမ်မာနေပါပြီ။ ချစ်သူနဲ့အတူ ဗီလိန်-တန်ပြန် တိုက်ဖျက်ရေး အဖွဲ့အစည်းမှာတောင် အလုပ်တွေလုပ်လို့ ပျော်နေပြီပေါ့လေ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါ်လာပါတယ်။ အဲဒါကတော့ အမွှာညီအစ်ကို ရှိနေတာဖြစ်ပြီး ငယ်စဉ်ကတည်းက ကွဲကွာနေလို့ မသိခဲ့ရပဲ ယခုမှ သိရတဲ့အတွက် အမွှာညီအစ်ကိုတွေ ပြန်ဆုံဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ညီအစ်ကိုဆိုတော့ သွေးထဲက ဇာတိပြတဲ့အတိုင်း သူကလည်း ...
movie

Despicable Me 3 (2017)

4K HEVC
Inside Out (2015) 8.2
Inside Out (2015) ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie

Inside Out (2015)

2015
4K HEVC
Igor (2008) 5.9
Igor (2008) Igor (2008)==========ဒီဇာတ်လမ်းကတော့ ဆိုးရွားရက်စက်မှုတွေကိုမှ ကောင်းတဲ့အရာလိုနှစ်သက်သဘောကျကြတဲ့တိုင်းပြည်က သိပ္ပံပညာရှင်တွေနဲ့ သူတို့ရဲ့ယုတ်မာတဲ့တီထွင်မှုတွေကြား အောင်မြင်တဲ့သိပ္ပံပညာရှင်ဖြစ်ဖို့ အိပ်မက်ထားထားတဲ့ အီဂေါ်ဆိုတဲ့ ကျောမှာဘုရှိတဲ့ ခါးကုန်းကောင်လေးအကြောင်းပါ။ အီဂေါ်က နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ ယုတ်မာတဲ့တီထွင်မှုပြိုင်ပွဲမှာ အနိုင်ရပြီး အတော်ဆုံးယုတ်မာမှုသိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားနေ​တာပါ။ဒါပေမဲ့ အီဂေါ် မကောင်းဆိုးဝါးတစ်ကောင်ကို​ ဖန်တီးပြီးနောက်ပိုင်း အမှားပါသွားတာ​​ကြောင့် ဘယ်လိုဟာသအလွဲတွေ ဖြစ်သွားမလဲ၊ အောင်မြင်ဖို့အတွက် ယုတ်မာကောက်ကျစ်ရတာဟာ မှန်ကန်ရဲ့လားဆိုတဲ့မေးခွန်းအောက်မှာ အီဂေါ်ရဲ့အိပ်မက်တွေ ပြောင်းလဲသွားမလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ အဓိပ္ပါယ်နက်နဲတဲ့အပြင် dark humor တွေအပြည့်နဲ့ တစ်ကားလုံးခွီနေရမဲ့ကားမို့ မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Animation, Comedy, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Igor (2008)

Toy Story 2 (1999) 7.9
Toy Story 2 (1999) ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie

Toy Story 2 (1999)

1999
4K HEVC
Toy Story 3 (2010) 8.3
Toy Story 3 (2010) ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့ Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင် မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက အန်ဒီဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ ဝူဒီတို့အရုပ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေး ကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်း မမှားပါဘူး။ အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကို သွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ် ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံး ထဲကို ရောက်သွားခဲ့ပါတယ်။ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေက အမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့် ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့ မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့ အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူး တစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီ ပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့ လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…5.5GB/ 2.4GB / 1.22GB Quality…4k HEVC / ...
movie

Toy Story 3 (2010)

2010
4K HEVC