Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jesper Lohmann
5.5
The Promise (2024)
တစ်ကားလုံး ဟိုဇာတ်ဝင်ခန်းပြလိုက် ဒီဇာတ်ဝင်ခန်းပြလိုက်နဲ့ရှုပ်ရှတ်ခတ်နေတာမျိုးတွေမကြိုက်ဘဲ ဇာတ်ကောင်တစ်ယောက်အကြောင်းအရာတစ်ခုတည်းကိုပဲ သီးသန့်ရိုက်ကူးထားတဲ့ဇာတ်ကားတွေကိုမြင်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့The Promise ဆိုတဲ့ဇာတ်ကားကလည်း ဒီလိုဇာတ်ကားမျိုးပဲဖြစ်ပြီး ရိုးရိုးရှင်းရှင်းဆိုပေမဲ့ သည်းထိပ်ရင်ဖိုဖွယ်ကောင်းအောင်ရိုက်ကူးထားနိုင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီတစ်ကားလုံးအဓိကတွေ့ရမဲ့ဇာတ်ကောင်ကတော့ မာယာဆိုတဲ့အမျိုးသမီးဖြစ်ပြီး သူကတော့ ဆုံးပါးသွားတဲ့ အစ်မဖြစ်သူရဲ့သားသူ့တူလေး မက်တီရက်စ်ကိုကြည့်ရှုစောင့်ရှောက်ပေးနေရသူဖြစ်ပါတယ်။ဒါပေမယ့် အသက်ကလည်းငယ်သေးတဲ့အပြင်အမေဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရတဲ့ မက်တီရက်စ်က အရမ်းဆိုးသွမ်းလွန်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ သူ့ကိုမိဘမဲ့ဂေဟာပို့ဖို့ မာယာတစ်ယောက်သွားစုံစမ်းပြီး ကားမောင်းကာပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ ဇာတ်လမ်းကစလာပါတော့တယ်။မက်တီရက်စ်က သူ့ဆီဖုန်းဆက်ပြီး ပိုက်ဆံတွေလှမ်းလွှဲခိုင်းတဲ့အတွက် မာယာတစ်ယောက်မေးမြန်းကြည့်တဲ့အခါမှာ သူ့တူက လူဆိုးဂိုဏ်းဝင်တစ်ယောက်ဆီက ဂျာကင်အကောင်းစား၀ယ်ရင်း ဇယားတွေရှုပ်နေတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။နောက်ပိုင်းမှာတော့ သူ့တူပြန်ပေးဆွဲခံလိုက်ရပြီး တူတော်မောင်ဇောနဲ့ ဖုန်းတွေလိုက်ဆက် နေရာစုံလိုက်ရှာရင်း နောက်ဆုံးမှာ တူ၀ရီးနှစ်ယောက်ပြန်ဆုံစည်းနိုင်သွားပါ့မလားဆိုတာကို ရှုစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Promise (2024)
Pusher (1996)
IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။Pusher trilogy ထဲက အဓိကဇာတ်ကောင်တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ...
movie
Pusher (1996)
6.4
Into the Darkness (2020)
Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိကအသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကိုနာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံမူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရောသူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ်အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီးကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ.... File size…2.12GB / 987MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , History , War Subtitle….Myanmar Subtitle ...
movie
Into the Darkness (2020)