Channel Myanmar

Jerry Wu

Where the Heart Is (2000)
Where the Heart Is (2000) Where the Heart Is (2000) သည် စိတ်လှုပ်ရှားစရာ ၊ ရယ်စရာနှင့် ချစ်ခြင်းတွေကို ပေါင်းစပ်ဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအရ Novalee Nation (Natalie Portman)ကို သူ့ချစ်သူက Walmart မှာ ထားခဲ့တဲ့အတွက် တစ်ယောက်ထဲ နေထိုင်ဖို့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ် ။ဒါပေမယ့် သူ့ရဲ့ ရယ်စရာလေးတွေ နှင့် အားပေးတတ်မှု ကြင်နာတတ်မှုတွေ နဲ့ ချစ်ခြင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အနာဂတ်သစ်တစ်ခု ပတ်ဝန်းကျင်အသစ်တစ်ခု စတင်နိုင်ခဲ့ပါတယ် ။ ဒါရိုက်တာ Matt Williams ရဲ့ရိုက်ကူးမှုကတော့ ဇာတ်လမ်းကို စိတ်လှုပ်ရှားစွာ ပြည့်စုံစေခဲပါတယ် Natalie Portman် အလှတရားနှင့် ဇာတ်ရုပ်တွေကြောင့် သူမရဲ့ Novalee ကို စိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။ ဇာတ်ပို့တွေဖြစ်တဲ့ Stockard Channing, Joan Cusack နှင့် Ashley ...
movie

Where the Heart Is (2000)

The Mystery Of Lop Nur ( 2022 ) 5.9
The Mystery Of Lop Nur ( 2022 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။ Filesize : 1.03 GB / 550 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Sci-Fi Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Mystery Of Lop Nur ( 2022 )

Dragon Stone Password ( 2024 ) 5.7
Dragon Stone Password ( 2024 ) ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။ Filesize : 745 MB / 419 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Adventure  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe ...
movie

Dragon Stone Password ( 2024 )

The Rescue ( 2023 ) 5.7
The Rescue ( 2023 ) သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဒုက္ခတွေကနေ ကယ်ဆယ်တဲ့အကြောင်း ပုံဖော်ထားတဲ့ Survival ဇာတ်ကားလေးပါ။ တောင်လမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စင်းဖြတ်သွားတဲ့အချိန် မြေပြိုတဲ့အတွက် ဘတ်စ်ကားကချောက်နက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းခြင်းတော့ မိုင်းတွင်းဝမှာပိတ်နေတဲ့နွယ်တွေပေါ်ကျသွားတာကြောင့် ဘတ်စ်ကားကမပေါက်ကွဲပဲ အထဲကလူတွေလဲအသက်ရှင်ကျန်နေပါတယ်။ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် သူတို့ဆီကိုစိန်ခေါ်မှုတွေကရောက်လာပါပြီ။ အသက်ဘေးနဲ့ကြုံလာတဲ့အခါ လူ့ရဲ့သဘာဝတွေ ဗီဇတွေဟာ ဘွင်းဘွင်းကြီးပေါ်လာတတ်တယ်မဟုတ်လား..... ဒီစွန့်ပစ်မိုင်းအတွင်းကနေလွတ်မြောက်အောင် သူတို့ကြိုးစားပြီးလွတ်မြောက်နိုင်ပါ့မလား ....... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Rescue ( 2023 )

Storm City ( 2023 ) 6
Storm City ( 2023 ) ကမ္ဘာကြီးဟာသစ်တောတွေပြုန်းပြီး အပူချိန်မြင့်တက်လာပြီး ဝင်ရိုးစွန်းကရေခဲတွေအရည်ပျော်လာတာနဲ့အမျှ ရာသီဥတုကလဲ ကြမ်းတမ်းလာပြီး မုန်တိုင်းတွေမကြာခဏဖြစ်လာပါတယ်။အရာရာကိုထိန်းချုပ်ချင်တဲ့လူသားတွေဟာ နည်းပညာတွေတိုးတက်လာနဲ့အမျှ သဘာဝတရားကြီးကိုပါထိန်းချုပ်ဖို့ကြိုးစားလာတယ်။ သုတေသနဌာနတစ်ခုဟာ ရာသီဥတုကိုထိန်းချုပ်ဖို့ ပရိုဂရမ်ရေးဆွဲထားပြီး မှန်းဆထားတာထက် နှစ်နှစ်ကြိုစောပြီးဖြစ်လာတဲ့မုန်တိုင်းကြီးကိုထိန်းချုပ်ပြီး မြို့ကြီးကိုထိန်းချုပ်ကြိုးကိုင်ဖို့ကြိုးစားလာပါတယ်အဲဒီအချိန်မှာ ခေါင်းမာတဲ့အဖေကြီးတစ်ယောက်၊ သုတေသနဌာနကသားဖြစ်သူနဲ့ အဖေကိုဆန့်ကျင်နေတဲ့သမီးဖြစ်သူတို့ (၃)ယောက်သား တစ်မြို့လုံးကိုကယ်တင်ဖို့ကြိုးစားတဲ့ ကပ်ဘေးအန္တရာယ်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Storm City ( 2023 )