Channel Myanmar

Jerry Brown

Ben-Hur (1959) Ben Hur 8.1

Ben-Hur (1959) Ben Hur

1959
4K HEVC
The Man Who Shot Liberty Valance (1982) 8.1
The Man Who Shot Liberty Valance (1982) ဒီရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ ဂျွန်ဖို့ဒ် ရိုက်ကူးခဲ့တဲ့ အနောက်တိုင်းဂန္တဝင်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ဥပဒေသမားလေး ရန်ဆမ် စတောဒတ် နဲ့ ဥပဒေဆို မထီမဲ့မြင်ပြုပြီး ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ လစ်ဘာတီ ဗဲလန့်စ် ကြားထဲက ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အထက်လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆမ် စတောဒတ် ဟာ သူ့နယ်မြို့လေးကို ချစ်ဇနီး ဟယ်လီ နဲ့အတူ ပြန်ရောက်လာပါတယ်။ လာရင်းကတော့ ရန်ဆမ်ရဲ့ သူငယ်ချင်း ဇာပနအတွက်ပါ။ အဲဒီမှာ သတင်းထောက်သမားတွေက အထက်လွှတ်တော်အမတ်တစ်ယောက်က နယ်မြေလေးကို ဒုန်းဆိုင်းပြန်လာရတဲ့အကြောင်းရင်းကို သိချင်ဇောနဲ့ အင်တာဗျူးဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရန်ဆမ့် အနေနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးဖြစ်တဲ့ "လစ်ဘာတီ ဗဲလန့်စ် ကို ပစ်ခဲ့သူ" အကြောင်း ပြန်ပြောပြဖို့ရာ အကြောင်းဖန်လာပါတော့တယ်...ဒီရုပ်ရှင်ဟာဆိုရင် ရန်ဆမ် စတောဒတ် နဲ့ သူ့သူငယ်ချင်း၊ နောက်ပြီး ဟယ်လီတို့ ...
movie

The Man Who Shot Liberty Valance (1982)

Spartacus (1960)
Spartacus (1960)  ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Spartacus (1960)

Milk (2008) 7.5
Milk (2008)  ဒီဇာတ်ကားလေးကတော့ လိင်တူနှစ်သက်သူအခွင့်အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးပညာရှင် ဟာဗီမစ်ရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ Biographical Film လေး ဖြစ်ပါတယ်။ IMDb Rating 7.5/10 နှင့် Rotten Tomatoes မှာ Audience Rating 93 % ရရှိထားတဲ့ လုံးဝလက်မလွှတ်သင့်ဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဟာဗီမစ်ဆိုတဲ့လိင်တူချစ်သူနှင့် သူ့ကောင်လေး စကော့စမစ်တို့ဟာ နယူးရော့ခ်ကနေ ဆန်ဖရန်စစ္စကိုကို ရေကြည်မြက်နုရာ တူနှစ်ကိုယ် ပြောင်းရွေ့လာရင်း ကက်စထရိုမြို့မှာပဲ ကင်မရာဆိုင်လေးဖွင့်ရာကနေ လိင်တူနှစ်သက်သူ ဂေးတွေဟာ အိမ်ရာ အလုပ်အကိုင် ပညာရေး လူမှုပတ်ဝန်းကျင် အဘက်ဘက်မှာ ခွဲခြားဆက်ဆံတာတွေ အလုပ်ဖြုတ်ပစ်တာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကနှင်ချတာတွေ အနိုင်ကျင့်တာတွေ အစရှိတဲ့မတရားမှုတွေကို သူမျက်စိရှေ့မှာ မြင်တွေ့ကြုံတွေ့လာရတဲ့အခါ လိင်တူချစ်သူဂေးတွေ လက်စဘီယန်တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တက်ကြွလှုပ်ရှားရာကနေ နိုင်ငံရေးဘက်ကို ကူးပြောင်းလာပြီး လိင်တူနှစ်သက်သူတွေအတွက်တင်မကဘဲ အသားအရောင်မတူညီမှု သက်ကြီးရွယ်အို မသန်စွမ်းတွေ အစရှိတဲ့ ...
movie

Milk (2008)