Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jerome Agean
5.7
The Alto Knights (2025)
The Alto Knights (2025)IMDb Rating (5.7) / Rotten Tomatoes (39%) အမေရိကန်ရဲ့ အကြီးဆုံး ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။မင်းသားကြီးကတော့ ဆရာကြီး Robert De Niro ပါပဲ။ ဒါရိုက်တာကလည်း Rain Man ရဲ့ ဖန်တီးရှင် Barry Levinson ပါ။၁၉၅၀ ဝန်းကျင် အမေရိကန်နိုင်ငံတဝှမ်းလုံးမှာ ဒုစရိုက်ဂိုဏ်းမျိုးစုံကြီးစိုးခဲ့ပြီး နိုင်ငံအဆင့် ဧရာမဂိုဏ်းကြီးပါ ရှိခဲ့တာပါ။အဓိကဇာတ်ကောင် ဖရန့်ကော်စတယ်လိုကတော့ အဲဒီကာလ ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ချုပ် ဖြစ်ခဲ့တာပါ။Godfather ထဲက မင်းသားကြီး မာလွန်ဘရန်ဒိုတောင် သရုပ်ဆောင်ချိန်မှာ သူတီဗီမှာ မြင်ဖူးတဲ့ ဖရန့်ရဲ့အသံကို ကြည့်ပြီး အတုယူခဲ့ရပါသေးတယ်။ဇာတ်လမ်းအကျဉ်းဖရန့် နဲ့ ဗီတိုဟာ ရွှေ့ပြောင်း အီတလီသား ငယ်သူငယ်ချင်းတွေ၊ မိုက်ဖော်မိုက်ဖက်တွေပါပဲ။လူမိုက်အဆင့်ကနေ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်လာကြပြီးနောက်ပိုင်း တစ်နိုင်ငံလုံးသိတဲ့ အဆင့်တွေအထိ ရောက်လာတာပါ။ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ မူးယစ်ဆေးလုပ်ငန်းကို လုပ်ချင်တဲ့သူနဲ့မလုပ်ချင်တဲ့သူ ကွဲလာပြီး ...
movie
The Alto Knights (2025)
2025
4K HEVC
5.5
Nutcrackers (2024)
ဒီရုပ်ရှင်ကားကတော့ Comedy တစ်ဖြစ်လဲ မိသားစုDrama ရုပ်ရှင်ကားပါ...Night at the Museum, Tower Heist, The Watch ရုပ်ရှင်တွေနဲ့လူသိများတဲ့ မင်းသားကြီး Ben Stiller က ပင်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး ညီအစ်ကိုနေရာမှာ သရုပ်ဆောင်ထားတဲ့ကလေးလေးယောက်ကလည်း လက်တွေ့ဘဝမှာပါ တကယ့်ညီအစ်ကိုရင်းတွေဖြစ်တာမို့လို့ Chemistry မိမိနဲ့ ဟာသနှောထားတဲ့မိသားစုရုပ်ရှင်ကားလေးကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်...ချီကာဂိုက Millican Group ဆိုတဲ့ ကုမ္ပဏီမှာ အကြီးတန်းဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာအနေနဲ့ လုပ်နေတဲ့ မိုက်ကယ် မက်စ်ဝဲလ်သူ ၆ နှစ်တာလောက် အသည်းအသန်ပြင်ဆင်နေတဲ့ အစိုးရပရောဂျက်ကြီးအတွက် တခြားကုမ္ပဏီနဲ့အပြိုင် ယှဉ်လုနေရတဲ့အရေးကြီးအချိန်မှာမှ...အချိန်အတော်ကြာ စကားမပြောဖြစ်တော့တဲ့ ညီမဖြစ်သူနဲ့သူ့ယောကျ်ားက ကားမှောက်ပြီး သေဆုံးသွားတဲ့အတွက်သူတို့ရဲ့နေအိမ် အိုဟိုင်းယိုးက ယာတောမှာ ကျန်ရစ်ခဲ့သူကလေးလေးယောက်ကို မွေးစားအိမ်ရှာပေးဖို့ သူ့ခေါင်းပေါ်တာဝန်ကျလာပါတော့တယ်...သူ့အထင်တော့ မွေးစားအိမ်ရှာတွေ့ပြီးလို့ စာချုပ်မှာလက်မှတ်ထိုးရုံလောက်ပဲ ပြီးရင်အိမ်ပြန်မယ်လို့ တွေးထားခဲ့ပေမဲ့သူထင်ထားသလို ဖြစ်မလာခဲ့ဘဲ မွေးစားမိဘရှာဖို့ အခက်အခဲဖြစ်နေတာကိုမှ တူတော်လေးတွေကလည်း အမွှေစိန်တွေဖြစ်နေတဲ့အခါ အရေးတကြီး ...
movie
Nutcrackers (2024)