Channel Myanmar

Jeremy Thomas

Heartbreak Motel (2024) 7.0
Heartbreak Motel (2024)  အဆိပ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူတစ်ယောက်လား??? ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်သရုပ်ဆောင်လောကရဲ့ တက်သစ်စ သရုပ်ဆောင် အယ်ဗာအက်လန်ဒရာဟာ အတိတ်မှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ပါတယ်…သူ့ရဲ့စိတ်ဒဏ်ရာကို ကုစားပေးနေတယ်လို့ သူယူဆခဲ့တဲ့ သူ့ရည်းစား ရီဇာမလစ်က စိတ်တိုဒေါသထွက်လွယ်ပြီး ရိုက်နှက်နှိပ်စက်တတ်သူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ…..ဒီအဆိပ်အတောက်ဖြစ်နေတဲ့ဆက်ဆံရေးတွေကနေ သူဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမလဲ???အတိတ်ကစိတ်ဒဏ်ရာတွေကိုရော သူကုစားနိုင်ပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် အင်ဒိုနီးရှား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Mon
movie

Heartbreak Motel (2024)

Argantara (2023)
Argantara (2023) Argantara (2022)ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းမှာ စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ Syera နဲ့ ကျောင်းရဲ့လူဆိုးလေး Arga ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Arga က သူ့သူငယ်ချင်းအဖွဲ့နဲ့ ဆိုင်ကယ်အမြဲတမ်းပတ်စီးနေပြီးတော့ အမြဲတမ်းရန်ဖြစ်နေလို့ Syera က သူ့ကို မကြည့်မရပါဘူး။ ဒါပေမဲ့ Arga ရဲ့အဖေ မဆုံးခင်မှာ Syera ရဲ့အဖေနဲ့ သူငယ်ချင်းအချင်းချင်းထားခဲ့ကြတဲ့ကတိကြောင့် သူတို့နှစ်ယောက် အသက်မပြည့်သေးခင်မှာ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ကျောင်းကသိသွားရင် ကျောင်းထုတ်ခံရမှာစိုးလို့ လက်ထပ်တဲ့ကိစ္စကို လျှို့ဝှက်ထားပေမယ့် အနေနီးစပ်မှုကြောင့် ချစ်မိသွားကြပြီး Syera က ကိုယ်ဝန်ရှိသွားပါတယ်။ Syera ကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ Arga တို့အဖွဲ့နဲ့မတည့်တဲ့ တခြားဂိုဏ်းတစ်ခုက ဆက်တိုက်ရန်ပြုလာတာကြောင့် Arga က သူ့သူငယ်ချင်းတွေကိုပဲ အချိန်ပေးနေလို့ဆိုပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Syera ရဲ့ကိုယ်ဝန်ကြောင့် ကျောင်းထုတ်ခံရမလား၊ Arga ရဲ့ ရန်ပွဲတွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
movie

Argantara (2023)

The Doll 3 (2022) 4.1
The Doll 3 (2022) The Doll 3 (2022)အင်ဒိုနီးရှား အရုပ်သရဲကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိဘတွေရဲ့ ကားအက်ဆီးဒင့်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ မောင်လေးကို Tara က ပြုစုစောင့်ရှောက်ရပါတယ်။သူ့မောင်လေးက ဆေးရုံကနေ ဆင်းလာပြီးတဲ့နောက်ပိုင်း အစ်မ Tara မှာ ချစ်သူရှိနေမှန်းသိသွားတော့ သူ့ကို Tara က မချစ်တော့ဘူးလို့တွေးပြီး သူတို့လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ တိုက်ပေါ်ကနေခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တဲ့ Tara က သူ့မောင်လေးကို နှုတ်ဆက်စကားပြောချင်လို့ဆိုပြီး နတ်ဆရာဆီမှာ ဝိညာဉ်ဆင့်ခေါ်ပြီး အရုပ်ထဲကို သူ့မောင်လေးရဲ့ဝိညာဉ်သွင်းလိုက်ပါတယ်။ သူ့မောင်လေးက အစတည်းက စိတ်ဒဏ်ရာရနေတဲ့အပြင် သူ့ရဲ့ဝိညာဉ်မှာ မကောင်းဆိုးဝါးစွမ်းအင်ပါ ပါလာတော့ သူ့အစ်မကို လုယူသွားမယ့်သူတွေကို အပြတ်ရှင်းဖို့ ကြိုးစားလာတဲ့အခါ Tara အနေနဲ့ သူချစ်တဲ့သူတွေကို ကာကွယ်နိုင်ပါ့မလား၊ သူ့မောင်လေးရဲ့ဝိညာဉ်ကိုရော ပြန်နှင်ထုတ်နိုင်ပါ့မလား၊ မောင်လေးနဲ့ ချစ်သူကြားမှာ ဘယ်သူ့ကိုရွေးမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size…1.4GB | 832MB ...
movie

The Doll 3 (2022)

2022
Before I Met You (2022)
Before I Met You (2022) Before I met you (2022)"အချစ်" ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။ အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ် ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။ အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊ တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့ အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 952MB ...
movie

Before I Met You (2022)

Antlers (2021) 6.2
Antlers (2021) Antlers (2021) =============== IMDb Rating - 6.2/10Story telling ဆိုတာ ​​ရှေးလူကြီး​တွေရဲ့ ဓ​လေ့​တွေ ယဥ်​ကျေးမှု​တွေ ဖြတ်သန်းခဲ့ရတဲ့ အ​တွေ့အကြုံ​တွေကို ​ နောင်လာ​နောက်သား​တွေဆီ ​ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့​ပြောတဲ့​နေရာမှာ တကယ့်သမိုင်း​ တွေသာမက fairytale ​တွေ၊ ဒဏ္ဍာရီ​တွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်​ရေဂန်​ဒေသက ​ရှေးတိုင်းရင်း အ​မေရိကန်လူမျိုး​တွေရဲ့ ယုံတမ်းပုံပြင်​တွေ အစပျိုးခဲ့တယ်။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့​ခေါ်တဲ့ ခပ်ပိန်ပိန်​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အ​ပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံ​နေရတယ်။ တစ်​နေ့​ ဂျူလီက ပုံပြင်​ပြောပြဖို့ ​ရေးခဲ့ပါဆိုပြီး အိမ်စာ​ပေးလိုက်တယ်။ တခြားက​လေး​တွေက သာမန် နတ်သမီးပုံပြင်​တွေ ​ပြော​ပေမယ့် အဲ့ကောင်လေးက​တော့ မတူထူးဆန်း​နေတယ်။"ဝက်ဝံ၃​ကောင်ဟာ ​တောင်​ပေါ်က ​အေးစက်တဲ့ ဂူမှာ​နေတယ် ဝက်ဝံကြီးရယ် ဝက်ဝံ​လေးရယ် ဝက်ဝံ​ပေါက်​လေးရယ်​ပေါ့ ဝက်ဝံကြီးက အားလုံးကို ​စောင့်​ရှောက်ရတာ​ပေါ့ တစ်​နေ့ဝက်ဝံ​လေးပြန်လာ​တော့ ဝက်ဝံကြီးနဲ့ ဝက်ဝံ​ပေါက်​လေးက ထူးဆန်း​နေတယ် ဝက်ဝံကြီးက ​နေမ​ကောင်းဖြစ်​နေပြီး စားစရာ အသားလည်းမရှိ​တော့ဘူး"လူးကတ်​ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီး​နောက် ...
movie

Antlers (2021)

2021
Mata Batin 2(2019) 6.5
Mata Batin 2(2019) Indonesia သရဲကားလေးပါ။ဇာတ်လမ်းလေးကတော့ ဆဌမအာရုံပိုင်ဆိုင်တဲ့ ညီအစ်မနှစ်ယောက်ဟာသူတို့နောက်ကိုလိုက်နေတဲ့မီယာဆိုတဲ့ဝိညာဉ်ကိုကူညီဖို့ ဆက်သွယ်မေးမြန်းရင်းညီမဖြစ်သူသေဆုံးအသွားမှာ အရာရာဟာကံစီမံရာအတိုင်းတဖြေးဖြေးရုပ်လုံးပေါ်လာတာပါပဲ။မထင်မှတ်ထားတဲ့လျို့ဝှက်ချက်တွေ ရက်စက်မှုတွေကတစ်ခုပြီးတစ်ခုပေါ်လာတော့တာပါပဲ။သွေးထွက်သံယိုတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရသလိုမင်းသမီးလေးတွေကလည်းချောတော့ ချစ်ကြောက်ရသကြီးကိုခံစာရမှာဖြစ်ပါတယ်:3။Horror ကားကြိုက်တဲ့သူတွေအတွက် နားကြပ်လေးတပ်ပြီး ဖီးအပြည့်ခံစားရမယ့်ကားလေးဖြစ်ပြီးမင်းသမီးလေးတွေကိုလည်းကောင်းကောင်းငမ်းရမယ့်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (900 MB) and (450 MB) Quality : NF WEB-DL 720p Running Time : 1h 56min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEB-DL.DDP5.1.x264-Ao Translated by Thura Zarni Aung Encoded by THZ
movie

Mata Batin 2(2019)

2019