Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeremy Sumpter
5.5
Chapel (2025)
Low Budget ဆိုပေမဲ့ သူ့အနေအထားနဲ့သူကြည့်လို့ကောင်းတဲ့ Chapel ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းသဘောတရားကိုပြောရရင်တော့ အတိတ်မေ့နေတဲ့ လျှို့ဝှက်ဆန်းကြယ်လူသားတစ်ယောက်ရဲ့ အတိတ်ကိုပြန်လည်တူးဆွရင်းနဲ့ စိတ်ဝင်စားစရာတွေ တစ်ခုပြီးတစ်ခု အဆက်မပြတ်ပေါ်လာတာမျိုးပါပဲ။ ဇာတ်လမ်းအစမှာ လူတစ်ယောက်က ရေကန်ထဲမှာသေလုမျောပါးအနေအထားနဲ့ မျောပါလာပြီးနောက်မှာတော့ အဲ့ဒီမြို့ကဆေးရုံမှာပဲ အရေးပေါ်ကုသလိုက်ရပါတော့တယ်။ ၅ လကျော်ကြာပြီးတဲ့နောက် သတိပြန်လည်လာတဲ့အခါမှာတော့ သူ့နာမည် သူ့အတိတ် သူဘယ်သူဆိုတာတွေ တစ်ခုမှမမှတ်မိတော့ပါဘူး။ သူသိတာသူ့ရှေ့မှာ လက်ရှိတွေ့နေရတဲ့ ဆိုဖီယာဆိုတဲ့ သူနာပြုမလေးတစ်ယောက်သာရှိပြီး စကားစမြည်ပြောကြရင်းကနေ သူ့ကိုဘယ်လိုခေါ်ရမှန်းမသိတော့ လောလောဆယ်အတွက် သူကြိုက်တဲ့အဆိုတော်ရဲ့နာမည်ဖြစ်တဲ့ ကိုဟန်လို့ပဲ နာမည်ပေးထားလိုက်ပါတော့တယ်။ ဒီလိုနဲ့နောက်ပိုင်းမှာတော့ ကိုဟန်နဲ့ဆိုဖီယာတို့ ချစ်မိသွားကြပြီး အတူတူနေထိုင်ရင်းကနေ ကိုဟန်ရဲ့မှောင်မိုက်ခဲ့တဲ့အတိတ်က သူဒီကိုလာခဲ့တဲ့ပုံစံနဲ့ ရောက်လာတဲ့အခါမှာတော့ သူအရင်တုန်းကဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို စိတ်ဝင်တစားရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size… (1.03 GB) / ( 541 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 32m Genre …..Mystery , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Chapel (2025)
7.2
An American Crime (2007)
Tommy O’Haver ရိုက်ကူးတင်ဆက်ထားပြီးDecember 7, 2007 မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်…ဒီဇတ်ကားကို Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူLittle Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီးဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ်အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ်ဇတ်လမ်း အကျဉ်းနယ်လှည့်ပွဲစျေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသောညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ…တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ...
movie
An American Crime (2007)
7.2
Frailty (2001)
Frailty (2001) Genre- Horror/Mystery IMDb - 7.2/10 ---------------------------- ၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ ‘Frailty’ ရုပ်ရှင်ကတော့ မင်းသားကြီး Bill Paxton ရဲ့ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။မင်းသားကြီးအပြင် Interstellar, Dallas Buyers Club နဲ့ The Wolf of Wall Street တို့မှာပါဝင်သရုပ်ထားတဲ့ နာမည်ကြီးမင်းသား Matthew McConaughey ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။IMDb မှာလည်း 7.2 ရရှိထားတဲ့အပြင် Rotten Tomatoes မှာလည်း 75% ရထားတဲ့အတွက် တော်တော်လေးအဆင်ပြေတဲ့ Rating တွေလို့ပြောရမှာပါ။ဖန်တန်ဆိုတဲ့ထူးဆန်းတဲ့လူတယောက်က အက်ဖ်ဘီအိုင်အေးဂျင့်စီကိုလာပြီး သူတို့ရှာနေတဲ့ကွင်းဆက်လူသတ်သမားက သူ့အကိုဖြစ်ကြောင်းပြောပြခဲ့တယ်သူတို့ညီအကိုငယ်စဥ်ထဲကသူ့အဖေကနေဘုရားသခင်က သူတို့မိသားစုကိုနတ်ဆိုးတွေကို နှိမ်နင်းဖို့အထူးလျှို့ဝှက်တာဝန်ပေးထားတာဆိုပြီး လူတွေတယောက်ပြီးတယောက်ကိုသတ်ခဲ့တယ်တကယ်ပဲနတ်ဆိုးတွေကိုနှိမ်နင်းတာလား အမှုရဲ့တရားခံအစစ်ကရောဘယ်သူလဲဆိုတာမျိုးကို ဇာတ်လမ်းတခုလုံးအဖြေရှာသွားရမယ့် Mysteryအမျိုးအစားပီသတဲ့ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ် File size… 1.6 GB / 726 MB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by LaMin Khin
movie
Frailty (2001)
5.8
Into the Storm (2014)
အိုကလာဟိုးမားပြည်နယ်မြို့တစ်ခုအတွင်းရှိ အထက်တန်းကျောင်းတစ်ခုရဲ့ စင်မြင့်ထက်မှာကျောင်းအုပ်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်း ပြောနေပါတယ်။မိန့်ခွန်းမဆုံးခင်မှာ မိုးလေးတွေတဖွဲဖွဲရွာလာတဲ့အတွက်ဘွဲ့ဝတ်စုံဆင်မြန်းထားတဲ့ ကလေးတွေ ထီးတွေ အမြန်ဖွင့်လိုက်ကြပါတယ်။တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျောင်းအုပ်ကြီးလည်းမိန့်ခွန်းအမြန်လက်စသတ်လိုက်တယ်ဆိုရင်ပဲဘွဲ့ဦးထုပ်တွေလေပေါ်ပစ်မြှောက်လိုက်တာနဲ့အတူ မုန်တိုင်း အရေးပေါ်အချက်ပေးဥသြသံက ဆူညံစွာထွက်ပေါ်လာတယ်။ ဒုကျောင်းအုပ် ဂယ်ရီဖူလ်လာ (Gary Fuller) နဲ့ အုပ်ချုပ်သူတွေက ကလေးတွေကိုအဆောက်အအုံထဲ အမြန်ပြေးဝင်ဖို့ အော်ဟစ်နေကြတယ်။ကျောင်းထဲရောက်တာနဲ့ ကလေးတွေကို နံရံတဖက်တစ်ချက်စီမှာဝပ်နေကြဖို့ညွန်ကြားနေတုန်း သစ်ပင်ကြီးတစ်ပင် ကျောင်းမှန်တံခါးကိုခွဲပြီး ဝုန်းဆို ဝင်လာပါတယ်။ကျောင်းထဲက ပစ္စည်းတွေ စာရွက်တွေလည်းအရှိန်ပြင်းလွန်းတဲ့လေကြောင့် တံခါးဆီလွင့်ကုန်တယ်။အကာအကွယ်ယူပြီး ဝပ်နေကြဖို့ ဂယ်ရီ အတင်းအော်ပြီးသတိပေးပေမယ့်နောက်ကျသွားခဲ့ပြီး ကျောင်းရဲ့ခေါင်းမိုးတွေပြိုကျကာကျောင်းသားတွေလည်းလေပြင်းနဲ့အတူ တံခါးဝဆီတရွတ်တိုက်ပါသွားကြသည်။မုန်တိုင်းစဲသွားလို့ ဂယ်ရီ ကျောင်းအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလားအပျက်အဆီးများဖြင့်သာပြည့်နှက်နေတာကို တွေ့လိုက်ရသည်။ တချိန်ထဲမှာပဲ မုန်တိုင်းမှတ်တမ်းတင်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ပိ(ထ်) (Pete) နဲ့ အယ်(လ)ဆင် (Allison) တို့ခေါင်းဆောင်တဲ့အဖွဲ့ကလည်းမိုးလေဝသ သတင်းတွေကတဆင့်ခြေရာခံကာ တော်နေးတိုး (tornado) မုန်တိုင်းတိုက်ခတ်မယ်လို့ခန့်မှန်းရတဲ့ အဲ့ဒီမြို့ကိုရောက်နေကြပါတယ်။ သူတို့အဖွဲ့နဲ့အတူ အပြင်းဆုံးမုန်တိုင်းတစ်ခုအတွင်းမှာတောင်မုန်တိုင်းမျက်စိကို အမိအရမှတ်တမ်းတင်ဖို့ သေချာတည်ဆောက်ထားတဲ့တိုက်တပ်(စ်) (Titus) လို့ခေါ်တဲ့ သံချပ်ကာယဉ်တစ်စီးလဲပါလာပါတယ်။မုန်တိုင်းရှိရမယ်လို့ သေချာတဲ့တွက်ကိန်းနဲ့ရောက်နေကြတဲ့ ပိ(ထ်)နဲ့အဖွဲ့ကကွန်ပျူတာမှာ လေပြင်း ...
movie
Into the Storm (2014)
4K HEVC
Animal (2014)
ကောလိပ်ကျောင်းသားငါးယောက်ဖြစ်တဲ့ အလီဆာ၊သူ့ချစ်သူ မတ်၊ သူ့အဖေတူမအေကွဲအစ်ကို ဂျက်ဖ်နဲ့ ဂျက်ဖ်ကောင်မလေးမန်ဒီ၊ အားလုံးရဲ့သူငယ်ချင်း ရှောင် တို့ဟာ တောအုပ်ထဲကိုခြေလျင်တောင်တက် အပျော်ခရီး ထွက်ခဲ့ကြပါတယ်။အလီဆာနဲ့ဂျက်ဖ်တို့ငယ်စဉ်က သူ့အဖေနဲ့အတူသွားလေ့ရှိခဲ့တဲ့ ရေတံခွန်ကိုရှာရင်း အဲ့ဒီမှာတင် မိုးချုပ်သွားတဲ့အတွက် ကားဆီကိုလမ်းလျှောက်ပြန်လာချိန်မှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင် ကိုက်ဖြတ်စားသောက်ထားတဲ့အလောင်းတစ်လောင်းရဲ့ အကြွင်းအကျန်တွေနဲ့အတူ အဲ့ဒီသတ္တဝါကြီးကိုပါ ရင်ဆိုင်တိုးမိချိန်မှာတော့..။သူတို့အားလုံး ခြေဦးတည့်ရာပြေးရင်းက တောအုပ်ထဲမှာ သစ်သားအိမ်တစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီအိမ်ထဲမှာလည်း သူတို့ထက်ကြိုရောက်နှင့်သူတွေရှိနေပြီး သူတို့ကိုယ်တိုင်ဟာလည်း ဒီသတ္တဝါရဲ့ရန်က လွတ်အောင်ပုန်းအောင်းနေတာဖြစ်တဲ့အတွက် အားလုံးစုပေါင်းပြီးအမည်မသိသတ္တဝါကြီးရဲ့ အန္တရာယ်ကလွတ်အောင် ကြိုးစားကြရတော့မှာပါ။creature feature ဇာတ်ကားတွေရဲ့ ဖော်မျူလာအတိုင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သတ္တဝါကြီးကိုပုံဖော်ထားတာတွေ၊ suspense တွေအားလုံး သေသပ်စနစ်ကျပြီး ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပါတယ်။File size…(1.4 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:22:00 Genre...Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Animal (2014)
6.2
Holiday Harmony (2022)
ဂေးထရာဗာဆိုတဲ့ သီချင်းတွေသီဆိုရတာ ဝါသနာပါတဲ့ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင်တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာသီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်..ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာမျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန်လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲအချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလားဆိုတာ ...ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ်အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။ File size…1.43 GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AOI
movie
Holiday Harmony (2022)
6.1
Excision (2012)
Horror Movies တွေရိုက်ကူးတဲ့ ဒါရိုက်တာ Richard Bates,Jr ရိုက်ကူးထားတဲ့Horror/Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ AnnaLynne McCord ကတော့ဒီထဲမှာ ပေါ်လင် ဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ် 2012 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ rating လည်း အသင့်အတင့်ရရှိထားတဲ့ကားလေးပါပေါ်လင်မှာ ညီမလေးတစ်ယောက်ရှိပြီးတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့ အရာရာကို လက်တည့်စမ်းချင်ကြတဲ့အရွယ်ဖြစ်ပြီးတော့ ပေါ်လင်မှာက ထူးထူးခြားခြားစိတ်ကူးယဉ်လိင်စိတ်တက်ကြွမှုလေးတစ်ခုရှိနေတာပဲ စည်းကမ်းတင်းကြပ်ပြီ မိန်းမကောင်းလေးတွေဖြစ်ဖို့ ရှေးရိုးစွဲနေတဲ့ အမေနဲ့ကျောင်းတွင်းဆက်ဆံရေးအခြေအနေလေးတွေကနေ ပေါ်လင်တစ်ယောက် ဘာတွေလုပ်မိမှာလဲ...... မိဘ မောင်နှမ သူငယ်ချင်း အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိပြီးတော့သူ့ရဲ့ စိတ်ကူးတွေ ရည်မှန်းချင်တွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်မလဲ...... စတာတွေကို ရိုက်ကူးပုံဖော်ထားတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(960 MB)/(440 MB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
Excision (2012)
6.8
Peter Pan (2003)
အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77% File size…(2.17GB)/(1.2GB)/(875MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...adventure / Family / fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Peter Pan (2003)