Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeremy Roberts
7.5
National Lampoon’s Christmas Vacation (1989)
မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကိုပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။လက်ဆောင်တွေ ဖလှယ်ကြတယ်။ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသောအခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကိုတလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစုအဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက်ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကိုယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းကထွက်ရှိခဲ့တဲ့ “National Lampoon's ChristmasVacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… ...
movie
National Lampoon’s Christmas Vacation (1989)
6.4
The People Under the Stairs (1991)
The People Under The Stairs (1991)~ IMDb - 6.4/10, Rotten Tomatoes - 70% ~ဒီတစ်ခေါက် မိတ်ဆက်ပေးမှာကတော့ 1991 မှာ ထွက်ရှိထားတဲ့ ကြောက်လည်းကြောက်ရ ရယ်လည်းရယ်ရမယ့် သည်းထိတ်ရင်ဖို ဟာသကားလေး The People Under the Stairs ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~တားရော့ရူး အမတစ်ယောက်ကြောင့် နာမည်ရင်းထက် နာမည်ပြောင်သာလူသိများကြတဲ့ ဖူး(Fool)တစ်ယောက် မတော်လောဘမက်တဲ့ မြေပိုင်ရှင် လင်မယား နှစ်ယောက်ကြောင့် အိမ်ပေါ်ကဆင်းရဖို့ အကြောင်းဖန်လာတဲ့အခါ...အမေဖြစ်သူကလည်း ကင်ဆာရောဂါ ခံစားနေရပြီး ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်သေးတဲ့အချိန် မြေပိုင်ရှင်လင်မယားအိမ်မှာ ရွှေပြားသွားခိုးဖို့ ထွက်လာတဲ့အခါ...အိမ်ကြီးရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်တွေ အိမ်ကြီးထဲမှာ ဘာတွေ လျှို့ဝှက်ထားတာတွေရှိလဲ... အိမ်ကြီးထဲဝင်ဖောက်မိတဲ့အခါ ဘာတွေတွေ့ကြုံရမလဲ... ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်အပြင် အလွဲလေးတွေလည်းပါတာမို့ ရယ်လည်းရယ်ရမယ့် ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie
The People Under the Stairs (1991)
1991
7.6
Babylon (2022)
Babylon (2022)~ IMDb - 7.6/10, RT - 56%, Meta - 60% ~La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ ...
movie
Babylon (2022)
2022
6.1
The Mexican (2001)
ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ...နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား...ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား...ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား...ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..ရိုက်တဲ့လူတော့ရှိပါတယ်...ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။ဇာတ်လမ်းကတော့...ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ...
movie
The Mexican (2001)
4.8
Herbie Fully Loaded (2005)
Walt Disney ရဲ့ နာမည်ကျော် ပြိုင်ကားလေး Herbie အကြောင်းပေါ့...ဒစ်စနေထုံးစံအတိုင်း ချစ်စရာ ပြိုင်ကားလေးနဲ့ ချစ်စရာကောင်းအောင် ရိုက်ပြထားပါတယ်...အဓိက ချစ်စရာလေးကတော့ လင်ဆေးလိုဟန်လေးပေါ့...:Pနာမည်ကျော် NASCAR ပြိုင်ကားမောင်းသူတွေလဲ Cameros အဖြစ်ပါဝင်ထားပါသေးတယ်...Budget $50 Million သာကုန်ကျခံရိုက်ကူးထားပေမယ့် Box Office မှာ $140 Million ကျော် ပြန်ရတဲ့ထိစီးပွားရေးအရအောင်မြင်ကျော်ကြားခဲ့ပါတယ်...။ဇာတ်လမ်းကတော့...မက်ဂီပေတန် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကအသက်ရှိနေတဲ့ ဘောက်ဝက်ဂွန် လိပ်ခုံးကားလေး နံပါတ် ၅၃ရဲ့ ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်..မက်ဂီရဲ့အဖေက ဒီကားကို ကားသင်္ချိုင်းကနေ ယူလာပြီး သမီးဖြစ်သူကို ဘွဲ့လက်ဆောင်အဖြစ်ပေးခဲ့တာပေါ့..မက်ဂီက ပြိုင်ကားမောင်းတဲ့ ပေတန်မျိုးရိုးက ဆင်းသက်လာသူဖြစ်တဲ့အပြင်သူကိုယ်တိုင်ကလည်း ဝါသနာပါပေမယ့် အက်စီးဒင့်တစ်ခုကြောင့် အဖေဖြစ်သူက ကားထပ်မောင်းခွင့်ပိတ်ပင်ခံထားရတာပါ...ESPN သတင်း ချန်နယ်လ်မှာ အလုပ်ရတဲ့ မက်ဂီတစ် ယောက် လိပ်ခုံးကားလေးကို စမ်းမောင်းရင်းကားပြပွဲတစ်ခုမှာ NASCAR ချန်ပီယံဖြစ်တဲ့ ထရစ်ပ်မာဖီနဲ့ ယှဉ်ပြိုင်မောင်းရင်း အနိုင်ရသွားပါတယ်..ချန်ပီယံထရစ်ပ်က လိပ်ခုံးလေးက အနိုင်ရရကောင်းလားဆိုပြီး ...
movie
Herbie Fully Loaded (2005)
7.1
The Thirteenth Floor (1999)
ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
movie
The Thirteenth Floor (1999)
1999