Channel Myanmar

Jeremy Akerman

K-19: The Widowmaker (2002) 6.7
K-19: The Widowmaker (2002) K-19: The Widowmaker (2002)IMDb Rating (6.7)ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Harrison Ford နဲ့ Liam Neeson တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။၁၉၆၁ မှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ဉရောပကို စစ်အင်အားပြဖို့နဲ့ အာတိတ်သမုဒ္ဒရာထဲ ဒုံးကျည်စမ်းသပ်ဖို့ဆိုပြီး K-19 ဆိုတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစင်းကို ရေချလိုက်ပါတယ်။ ဒါပေမယ့် သင်္ဘောက အဆင်သင့်မဖြစ်သေးဘဲ ပြဿနာတွေ အများကြီးနဲ့ အစောတလျင်စမ်းသပ်စေခဲ့တာဖြစ်ပါတယ်။ K-19 ကို ကပ္ပတိန် ဗော့စထရီကော့ဖ် (Harrison Ford) နဲ့ ဒုကပ္ပတိန် ပိုလီနင် (Liam Neeson) တို့ ဦးစီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။သင်္ဘောဟာ အဆင်သင့်မဖြစ်သေးတာနဲ့အညီ ရေလယ်ကောင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပြီး အခန့်မသင့်လို့ ပေါက်ကွဲခဲ့ရင် ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လာပါတော့တယ်။ ဒီလိုအချိန်အခါမှာ ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံမရှိတဲ့ကြားက ကပ္ပတိန်နဲ့ သင်္ဘောသားရဲဘော်ရဲဘက်တွေ နျူကလီးယားယိုစိမ့်မှုကြီးကို ဘယ်လို စွန့်စားပြီး ပြင်ဆင်ကြမလဲ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေကို ဗော့စထရီကော့ဖ်နဲ့ ပိုလီနင်တို့ ဘယ်လို စွန့်လွှတ်စွန့်စား ...
movie

K-19: The Widowmaker (2002)

2002
4K HEVC
Hobo with a Shotgun (2011) 6.1
Hobo with a Shotgun (2011) Hobo with a Shotgun (2011)သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ ...ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။)File Size          : 4.1GB, 1.3GB, 536MB Quality    ...
movie

Hobo with a Shotgun (2011)

2011
Amelia(2009) 7.0
Amelia(2009) Amelia(2009)************Amelia Earhartဆိုသူဟာ အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ်နဲ့တစ်ဦးတည်း ဖြတ်ပျံသန်းပြခဲ့တဲ့ ပထမဆုံးအမျိုးသမီးပါပဲ။ အခြားစံချိန်တင် ပျံသန်းမှုတွေကလည်း ဒုနဲ့ဒေးပါ။ သူ့ရဲ့ စွန့်စားမှုတွေအကြောင်းစာအုပ်ထုတ်ဝေရေးသားခဲ့ပြီး 1935 ဝန်းကျင်မှာတော့ အမေရိကမှာနာမည်အကြီးဆုံး အမျိုးသမီးပါပဲ။ ၁၉၃၇ခုနှစ်မှာ ကမ္ဘာကြီးကို တစ်ပတ်ပတ်ပျံရင်း စံချိန်တင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ကံအကြောင်းမလှဘဲ ဒီပျံသန်းမှုလုပ်ဆောင်နေစဥ်အတွင်းမှာပဲ Ameliaနဲ့ သူ့ရဲ့လမ်းကြောင်းပြဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့ပြီး ဘယ်သောအခါမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ သူ့ရဲ့ ပျံသန်းမှုခရီးစဥ်တွေအကြောင်း၊ အမျိုးသမီးလေယာဥ်မှူးတစ်ယောက်ရဲ စွန့်စားမှုတွေ၊ ဘာကြောင့်ပျောက်ဆုံးသွားရတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ Biography ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်File Size : (1.8GB) and (769MB) Quality :BLU-RAY1080P, 720p Format…mp4 Duration…01:25:00 Genre : Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Amelia(2009)