Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jérémie Covillault
7.7
The Count of Monte-Cristo (2024) Le Comte de Monte-Cristo
The Count of Monte-Cristo (2024)IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ...
movie
The Count of Monte-Cristo (2024) Le Comte de Monte-Cristo
2024
4K HEVC
Tall Tales from the Magical Garden of Antoon Krings (2017)
Tall Tales from the Magical Garden of Antoon Krings (2017)အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်...ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်... File size… 1 GB / 491 MB Quality… WEB-DL 1080p ...
movie
Tall Tales from the Magical Garden of Antoon Krings (2017)
6.7
MFKZ (2017)
ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီ Mutafukaz လို့ခေါ်တဲ့ animation ကလဲ အဲဒီလိုပါပဲ။Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့သူငယ်ချင်းသုံးယောက် Dark Meat City လို့ခေါ်တဲ့ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့်ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်းစော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့super power တွေရလာပါတော့တယ်။ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရောထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ ...
movie
MFKZ (2017)
2017
7.6
I’ve Loved You So Long (2008)
ကိုယ့်ရဲ့သားကို ကိုယ်တိုင်ပြန်သ-တ်ခဲ့မိလို့ မိဘဖြစ်သူနဲ့ ယောင်္ကျားဖြစ်သူကပါ စွန့်ပစ်ခဲ့ကြတဲ့အပြင် ထောင်ဆယ့်ငါးနှစ်ကျခံခဲ့ရတဲ့ ဂျူးလိယက် ဖောင်တိန်၊ အစ်မဖြစ်သူနဲ့ ၁၅ နှစ်တောင်ခွဲခဲ့ရပြီး အခုချိန် တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အပြင် အိမ်ထောင်ပြုပြီးမိသားစုဘဝတစ်ခုကိုပါရနေပြီဖြစ်တဲ့ ညီမဖြစ်သူ လီယာ။ဂျူးလိယက် ထောင်ကပြန်လွတ်လာတဲ့ အချိန်မှာ လူမှုဝန်ထမ်းတွေကဆက်သွယ်ပေးခဲ့လို့ ကန့်သတ်ကာလအတွင်း ညီမဖြစ်သူ လီယာတို့ မိသားစုနေထိုင်ရာ လော်ရိန်းမြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ထောင်ထဲမှာ ၁၅ နှစ်လောက်ရှိနေခဲ့ရတဲ့ ဂျူးလိယက်တစ်ယောက် လူတွေနဲ့ ပြောဆိ ဆက်ဆံတဲ့နေရာမှာ အခက်တွေ့နေပါတယ်။ လီယာရဲ့ မိသားစုနဲ့ ပြောဆိုဆက်ဆံရတာတွေနဲ့၊ အလုပ်ရှာတဲ့ နေရာမှာလည်း ထောင်ကျခဲ့တဲ့ကိစ္စကြောင့် ရှာလို့မလွယ်ဖြစ်နေပြီး လူအသိုင်းအဝိုင်းထဲကို ဝင်ဆံ့ဖို့ ပြန်လည်သင်ယူရပါတယ်။ ဒီလိုနဲ့ ကြိုးစားနေထိုင်ရင်း သူ(မ)ရဲ့ ခံဝန်အရာရှိက ထောက်ခံပေးတာကြောင့် ဆေးရုံမှာ အစမ်းအလုပ်ရသွားခဲ့ပြီး လီယာရဲ့ မိသားစုအပြင်၊ မိတ်ဆွေတွေနဲ့ပါ တဖြည်းဖြည်းရင်းနှီးလာပါတော့တယ်။ဒီလိုနဲ့ ဂျူးလိယက်ရဲ့ အပြုအမူတွေဟာ ပုံမှန်လူတစ်ဦးလို တဖြေးဖြေးချင်းပြန်ပြောင်းလဲလာခဲ့ပြီး တစ်နေ့မှာတော့ ...
movie
I’ve Loved You So Long (2008)