Channel Myanmar

Jeong Soo-kyo

Big Match (2014) 7.0
Big Match (2014) Big Match (2014)****************IMDb... 7.0 သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက်Lee Jung-jae, Shin Ha-kyun, Lee Sung-min တို့လို ဒိတ်ဒိတ်ကြဲ မင်းသားကြီးတွေပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းချွဲအီဂို (Lee Jung-jae) ဟာ အံ့သြဖွယ်ကောင်းတဲ့ ခံနိုင်ရည်နဲ့ လက်ဝှေ့စကေးတွေ ပိုင်ဆိုင်ထားပြီးနိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူဖြစ်တာကြောင့် နာမည်ကြီးလူကြိုက်များတဲ့ လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။မိဘတွေမရှိတော့တဲ့အချိန်ကတည်းက အစ်ကိုကြီးအဖရာအဖြစ်ရော နည်းပြအဖြစ်ပါသင်ကြားပေးနေတဲ့အစ်ကိုချွဲယောင်းဟို (Lee Sung-min) အပေါ်ကိုလည်း အင်မတန်မှ ချစ်ကြောက်ရိုသေတတ်သူပါ။ဒီလိုအေးချမ်းသာယာတဲ့ဘဝလေးပိုင်ဆိုင်ထားရတဲ့ ချွဲအီဂိုဟာ တစ်နေ့မှာတော့ ရုတ်တရက်ကြီးလူသတ်မှုရဲ့သံသယရှိသူအဖြစ် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး အစ်ကိုဖြစ်သူကပါ ပျောက်ဆုံးသွားပါတော့တယ်။ဒီလိုနဲ့ အချုပ်ထဲမှာထိန်းသိမ်းခံထားရတုန်းမှာပဲ အမည်မသိဖုန်းတစ်ကောဝင်လာပြီး အစ်ကိုဖြစ်သူကိုပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ကယ်ချင်ရင် သူခိုင်းတဲ့အတိုင်းလုပ်ဖို့ အမိန့်ပေးခံလိုက်ရပါတော့တယ်။အဲဒီလူကတော့ Ace (Shin Ha-kyun) လို့ ခေါ်တဲ့လူဖြစ်ပြီး ငွေရှိအသိုင်းအဝိုင်းအတွက်လောင်းကစားဂိမ်းစီစဥ်ပေးတဲ့သူ ဖြစ်နေတဲ့အခါမှာတော့...ချွဲအီဂိုတစ်ယောက် Ace ရဲ့ပြိုင်မြင်းဖြစ်သွားရပြီး အစ်ကို့အသက်ကို ကယ်တင်နိုင်ဖို့အတွက်ဘယ်လိုဂိမ်းတွေနဲ့ ရင်ဆိုင်သွားရမလဲ... အဲဒီဂိမ်းတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမလဲ...အစ်ကို့အသက်ကိုရော ချောချောမွေ့မွေ့နဲ့ ...
movie

Big Match (2014)

C’est Si Bon (2015) 6.7
C’est Si Bon (2015) C'est Si Bon (2015) ******************** နာမည်ကြီးသရုပ်‌ဆောင်‌တွေဖြစ်တဲ့ Han Hyo Joo, Kang Ha Neul, Jung Woo ,Jin Goo, Jo Bok Rae တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဂီတကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တစ်ခေတ်တခါက ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစတိတ်စင်ဖြစ်တဲ့ ဆဲရှီဘုံဆိုတာက အဆိုတော်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယွန်းဆဲတက္ကသိုလ်ကျောင်းသား ဆေးကျောင်းသားလေးဖြစ်တဲ့ ယွန်းဟျွန်းဂျူ (Kang Ha Neul ) ဟာဆိုရင် အပတ်စဉ် ဆဲရှီဘုံရဲ့ထိပ်တိန်းဆုကို သိမ်းပိုက်ထားတဲ့သူပါ။ဟားဗတ်မှာ ကျောင်းဆက်တက်မှာမို့ သီချင်းဆိုတာကို ရပ်နားတော့မဲ့တစ်နေ့မှာ သူ့နေရာကို လုယူမယ့် ဆုန်းချန်းရှစ် (Jo Bok Rae)ကပေါ်လာပါတယ်။အဆိုအပိုင်းမှာ တစ်ဖက်ကမ်းတော်ကြပေမဲ့ နှစ်ယောက်ကို အဆိုတော်အဖွဲ့ဖွဲ့ဖို့လုပ်ရင်းကနေ ရွာသားလေးအိုဂွန်းထယ် (Jung Goo)ကပါ သူတို့အဖွဲ့ထဲပါလာပါတယ်။တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေကြတဲ့ သူတို့ကြား မင်ဂျာယောင်း (Han Hyo Joo)လို့ခေါ်တဲ့ သရုပ်ဆောင်ဝါသနာပါတဲ့ ကောင်မလေးက သူတို့ကြားထဲဝင်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။မင်ဂျာယောင်းအချစ်ကိုဘယ်သူရသွားမှာလဲ။သူငယ်ချင်းတွေ ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ရင်ဆိုင်ရင်း အောင်မြင်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ် ..(အညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ်)File size…2.97GB / 988MB Quality… WEB-DL ...
movie

C’est Si Bon (2015)