Channel Myanmar

Jeong Min-sung

New World (2013) 7.5
New World (2013) New World (2013)*******************IMDb....7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min,Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း(Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း(Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ...
movie

New World (2013)

The Yellow Sea (2010) 7.3
The Yellow Sea (2010) The Yellow Sea (2010)**********************IMDb....7.3 IMDb 7.3 အထိရရှိထားပြီး Ha Jung-woo, Kim Yoon-seok တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Action thriller ရုပ်ရှင်ကားကြီး The Yellow Sea ကို တင်ဆက်ပေးလိုက်ပါတယ်နော်။တရုတ်ပြည် အရှေ့မြောက် ယန်ဘီယန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာရှိတဲ့ ယန်ဂျီမြို့မှာနေတဲ့ဂျိုဆွန်းလူမျိုး (မြောက်ကိုရီးယားနဲ့ တရုတ်စပ်) ဂူနမ်က တောင်ကိုရီးယားကို ပြန်ချင်လွန်းလို့လူမိုက်တွေဆီက ပိုက်ဆံချေးပြီး မိန်းမကို အရင်ရောက်အောင် ပို့ပေးခဲ့တယ်။မိန်းမကလည်း  သူ တောင်ကိုးရီးယားကို ရောက်ရင် သူ့ဆီ ပိုက်ဆံပြန်ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ပေါ့။ဒါပေမဲ့ အဆက်အသွယ်ဖြတ်သွားတဲ့ မိန်းမကြောင့် အကြွေးနွံထဲ နစ်ပြီး ကြံရာမရဖြစ်နေတဲ့ ဂူနမ့်ကိုအဲဒီအချိန်မှာပဲ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်က တောင်ကိုရီးယားကို သွားပြီး လူတစ်ယောက်ကိုရှင်းပေးဖို့ပြောလာအခါ...ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ဂူနမ်တစ်ယောက် ရွေးချယ်စရာမရှိဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်စေခိုင်းတဲ့အတိုင်းလုပ်မလား..။ အဆက်အသွယ်ပြတ်နေတဲ့ မိန်းမနဲ့ရော ပြန်ဆုံတွေ့မလား...။ဘယ်လိုမျိုး ကံကြမ္မာရဲ့ ကစားမှုကို ခံရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲရှုစားလိုက်ကြပါဦး ...
movie

The Yellow Sea (2010)

The Man from Nowhere (2010)
The Man from Nowhere (2010) IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie

The Man from Nowhere (2010)