Channel Myanmar

Jeong In-gi

The Outlaws (2017) 7.2
The Outlaws (2017) The Outlaws (2017)IMDb Rating (7.2)/ Rotten Tomatoes (91%)နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ (မာဒုံဆော့) Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စတဲ့ အက်ရှင်မင်းသားတွေပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ်The Outlaws တဲ့ ..မြန်မာလိုဆိုရင်တော့ဝရမ်းပြေးတွေပေါ့ဗျာ…ဇာတ်လမ်းကို ဟာဂျီဝန်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့စျေးထဲမှာဖြစ်တဲ့လူမိုက်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ်… ဒီဒေသတစ်ဝိုက်ကိုတာဝန်ယူရတာက ရဲစုံထောက်မားနဲ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ… နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူသတ်နှိပ်စက်မှုတွေကြောင့် ရဲနဲ့ လူမိုက်တွေရဲ့အသည်းအေးဖွယ်ရာယှဉ်ပြိုင်မှုတွေကို အမိုက်စားခပ်ကြမ်းကြမ်းကြည့်ရှုကြရမှာပါ။ File size…(2 GB )/ (1 GB) Quality…BluRay Remux 1080p HEVC / 720p Format…mkv/mp4 Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zuel Khant Twin
movie

The Outlaws (2017)

2017
Woochi: The Demon Slayer (2009) 6.8
Woochi: The Demon Slayer (2009) Woochi: The Demon Slayer (2009)*******************************စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း *************ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို ...
movie

Woochi: The Demon Slayer (2009)

Herstory (2018) 6.8
Herstory (2018) Herstory (2018)*****************IMDb..... 6.8 ဒီရုပ်ရှင်ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေကြောင့် လိင်ကျွန်ဖြစ်ခဲ့ရတဲ့နစ်နာသူ ကိုရီးယားအမျိုးသမီး ၁၀ဦးဟာ ဂျပန်တရားရုံးအထိသွားပြီး ဂျပန်အစိုးရကို တရားစွဲခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2018 Eleven Best Films of the Year,Best Actress Award နဲ့ Best Supporting Actress Award အပါအဝင် ဆုပေါင်းများစွာ ရရှိထားတဲ့ဇာတ်လမ်းလည်း ဖြစ်ပါသေးတယ်။Castတွေအဖြစ်လည်း တကယ့် မင်းသမီးကြီးတွေဖြစ်ကြတဲ့ Kim Hee Ae, Kim Hae Sook,Ye Soo Jung, Moon Sook, Lee Yong Nyeo နဲ့ မင်းသား Kim Jun Han တို့အပြင်ဝါရင့်သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့မွန်းဂျောင်ဆု (Kim Hee Ae) ဟာ ဘူဆန်မှာ ခရီးသွားအေဂျင်စီတစ်ခု ပိုင်ဆိုင်ထားပြီး ...
movie

Herstory (2018)

The Front Line (2011) Go-ji-jeon 7.4
The Front Line (2011) Go-ji-jeon  The Front Line (2011)IMDb Rating (7.4) / Rotten Tomatoes (69%) ဒီဇာတ်ကားအညွှန်းမရေးခင်ပြောချင်တာတခုရှိသေးတယ်ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး။ ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကိုအခြေခံပြီးရိုက်ကူးထားတယ်။၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်တွေအငြင်းပွါးကြတယ်။ ဒီတောင်ကုန်းကို ၂ဖက်တပ်တွေအလုအယက်သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ။တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီးနောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ?အသက်ရောရှင်ရဲ့လား?တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားကစစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…(3.7 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Drama,War Duration….02:14:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia
movie

The Front Line (2011) Go-ji-jeon

Herb (2007) 6.3
Herb (2007) Herb (2007) *************2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ Chunsa Film Art Awards အပါအဝင် Best New Actor Award ,Excellent Actor Award ဆုတွေပါ ရရှိထားပြီး Cast တွေအနေနဲ့ကလည်း မင်းသမီးကြီး Bae Jong-Ok , ချစ်စရာမင်းသမီးလေး Kang Hye -Jung နဲ့ မင်းသားချော Jung Kyung -Ho တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~ချာဆန်းအွန်းဆိုတဲ့ အသက်၂၀ အရွယ်ကောင်မလေးဟာ ရုပ်လေးလည်း လှသလို စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့အပြင် စက္ကူရုပ်မျိုးစုံကိုလည်း ခေါက်တတ်တဲ့ ပါရမီပါသူလေးပါ။ ဒီလို ပြီးပြည့်စုံပေမဲ့လည်း သူမဟာ ဉာဏ်ရည်နှောင့်နှေးတဲ့ရောဂါကို ခံစားနေရတာကြောင့် အသက် ၇နှစ်အရွယ် ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ် ။ဒီလိုမျိုး လူ့လောကအကြောင်းကို အပြည့်အဝနိုင်လည်နိုင်စွမ်းမရှိဘဲ ပုံပြင်ထဲက မင်းသားလေးကိုပဲ စောင့်မျှော်နေပြီး ကလေးတစ်ယောက်လို ဖြူစင်လှတဲ့ ဆန်းအွန်းလေးကိုယ်တိုင် အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဖို့ အတွက် သူမ အရမ်းချစ်ရတဲ့အမေက အမြဲတမ်း ...
movie

Herb (2007)

The Singer (2020) 6.6
The Singer (2020) The Singer (2020)*****************၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်‌တွေရဲ့ဘဝကို‌ ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအကျဉ်းကတော့ ..ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီးချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီးအသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီးအတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကိုပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့်မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီးဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီးဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ဇနီးဖြစ်သူကိုရော ...
movie

The Singer (2020)

The Spy: Undercover Operation (2013) 6.2
The Spy: Undercover Operation (2013) The Spy: Undercover Operation (2013)****************************************Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက် အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆို အထူးတာဝန်ပေးအပ်ခြင်းခံရတယ်......အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလို စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်...အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့ အသိပေးထားခြင်းမရှိဘူး..... သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်... အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်.... ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင် ဖုန်းမကိုင်ဘဲ မနေရဲပါဘူး.......................ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်း အိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့ စိတ်ပျက်လာဟန်တူပါတယ်....ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲ ကိုးရီးယားတစ်နိုင်ငံလုံးကို ဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ ..Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲ ...ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီး အက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်... ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့ ခံစားကြည့်လိုက်ဦးဗျို့....(အညွှန်းကို Alias မှ ရေးသားထားပါတယ်)File size…2.37GB / 0.99GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Comedy, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Alias Encoded by AHtet
movie

The Spy: Undercover Operation (2013)

Detective K: Secret of Virtuous Widow (2011) 6.5
Detective K: Secret of Virtuous Widow (2011) Detective K: Secret of Virtuous Widow (2011)**************************************************Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာမတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီးKim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော်ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။-ဇာတ်လမ်းအကျဥ်း-ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကိုစုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်ကနယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ ...
movie

Detective K: Secret of Virtuous Widow (2011)

Happy Together (2018) 6
Happy Together (2018) Happy Together (2018)***********************ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ Park Sung-woong,Song Sae-byeok, Cho Ro-woon, Han Sang-Hyuk တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၈ မှာထွက်ခဲ့တဲ့ Happy Together ဆိုတဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း-သားဖြစ်သူ ဂန်ဟာနူး (Choi Ro-woon) ကြောင့် အနုပညာအိပ်မက်ကိုလက်လျှော့ခဲ့ရတဲ့ ဆက်ဆိုဖုန်းတူရိယာတီးမှုတ်သူ ဂန်ဆော့ဂျင် (Park Sung-woong)။ဖခင်ဖြစ်သူက အတော်ဆုံး ဆက်ဆိုဖုန်းပညာရှင်လို့ အမြဲပြောလေ့ရှိတဲ့ဆင်းရဲနွမ်းပါးပေမဲ့ အမြဲပျော်နေတတ်တဲ့ ဆက်ဆိုဖုန်းပါရမီရှင် ဂန်ဟာနူး (Choi Ro-woon)။ကြည့်ရှူသူတွေရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တယ်ဆိုပြီး ဝံ့ကြွားနေပေမဲ့ နောက်ကွယ်မှာမိမိရဲ့ပရိသတ်အဖြစ် သရုပ်ဆောင်ဖို့ လူငှါးလေ့ရှိတဲ့ ဘတ်ယောင်းဂေါလ် (Song Sae-byeok)။တစ်နေ့ ဂန်ဆော့ဂျင်ဟာ ကလပ်တစ်ခုမှာ လူစားဖျာ်ဖြေဖို့သွားရင် ဘတ်ယောင်းဂေါလ်နဲ့တွေ့ဆုံဖြစ်ခဲ့ပြီး မထင်မှတ်ဘဲ မထင်မှတ်တဲ့နေရာမှာ နောက်တစ်ခါ ပြန်ဆုံးတဲ့အချိန်မှာတော့..။ဒီကားလေးဟာ အဆင်မပြေမှုတွေကြားက မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာ၊ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်အောင် ကြိုးစားကြပုံ၊ ချစ်ရသူတွေအတွက်ပေးဆပ်အနစ်နာခံမှုစတာတွေကို ...
movie

Happy Together (2018)

The Daechi Scandal (2024)
The Daechi Scandal (2024) The Daechi Scandal (2024)**************************ဒီတစ်ခေါက်မှာတော့ Wonder Girls အဖွဲ့ဝင်ဟောင်း Ahn So-Hee နဲ့Military Prosecutor Doberman ထဲမှ မင်းသား Park Sang-Nam တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆင်ပေးလိုက်ပါ‌တယ်။- ဇာတ်လမ်းအကျဉ်း -ဂင်ယွန်းအင် (Ahn So-Hee) ကတော့ ဒယ်ချီဒုံက ယွန်းချောဆူသင်တန်းကျောင်းမှာအလုပ်လုပ်နေတဲ့ ဘာသာဗေဒနည်းပြဆရာမလေးပါ။အလယ်တန်းနှစ်ဝက်စာမေးပွဲတွေအပြီးမှာ အလယ်တန်း ဘာသာဗေဒဆရာလေးဘဲ့ဂီဟိန်းက ယွန်းအင်ရဲ့ အိမ်ကို လာတွေ့ခဲ့ပါတယ်။ဂီဟိန်းကတော့ တခြားသူမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်က ယွန်းအင်နဲ့တက္ကသိုလ်တစ်ကျောင်းတည်း တစ်မေဂျာတည်းမှာတက်ခဲ့တဲ့ကျောင်းနေဖက်ဖြစ်သလို ယွန်းအင်ရဲ့ရည်းစားဟောင်းတစ်ယောက်ပါ။သင်တန်းကျောင်းက ဘာသာဗေဒနည်းပြဆရာမလေးနဲ့ ကျောင်းဆရာလေးတို့တွေ့ဆုံနေကြတဲ့ပုံတွေ ပျံ့နှံ့သွားပြီး မေးခွန်းပေါက်ကြားပါတယ်ဆိုတဲ့သံသယဝင်မှုတွေ စဖြစ်လာတဲ့အခါမှာတော့...အဲဒီသံသယတွေ ပျောက်သွားအောင် ဘယ်လိုဖြေရှင်းကြမလဲယွန်းအင်နဲ့ ၁၀ နှစ်ကြာမှ ပြန်တွေ့တဲ့ ရည်းစားဟောင်း ဂီဟိန်းတို့ကြားမှာဘယ်လိုမျိုး ဇာတ်လမ်းလေးတွေ ပြန်စတင်လာမလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File ...
movie

The Daechi Scandal (2024)

M (2007) 6.2
M (2007) M (2007) IMDb 6.2/10ဒီတစ်ခါမှာတော့ Rating လည်းကောင်းပြီး ဆုတွေလည်းသိမ်းပိုက်ထားတဲ့စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်မင်ဝူးဆိုတာကတော့ လူငယ်စာရေးဆရာတစ်ယောက်ပါ နိုင်ငံချစ် ရောင်းရအ‌ကောင်းဆုံးစာရေးဆရာပေမယ့် ဘာမှဆက်ရေးစရာအတွေးပေါ်မလာလို့ စိတ်ဓာတ်ကျနေသူပေါ့ ညဘက်တွေအိပ်မပျော်တဲ့ရောဂါကြောင့် ဆရာဝန်တွေစုံအောင်ပြနေပေမယ့်လည်း ထူးမလာခဲ့ပါဘူးဒီလိုနဲ့တစ်နေ့ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ကောင်မလေးနဲ့တွေ့ဆုံမိပြီး သူစာပြန်ရေးနိုင်ဖို့ ကောင်မလေးက အကူအညီတွေပေးနေတော့ ရင်းနှီးသွားကြပါတယ် ဒါပေမယ့် ဒီကောင်မလေးဘယ်သူဆိုတာ မင်ဝူးတစ်ယောက်စဉ်းစားလို့ရမနေပါဘူး ဒီလိုနဲ့လိုက်စုံစမ်းရင်း သူနဲ့စကားပြောနေကျကောင်မလေးက သေဆုံးပြီးသားမှန်းသိသွားတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲ ဒီကောင်မလေးနဲ့က အရင်တည်းကအသိတွေလား သူဝတ္ထုရေးဖို့ရောကုန်ကြမ်းရနိုင်မလားဆိုတာတော့ ဒေါင်းကြည့်လိုက်ကြပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(600MB) Quality__HD_720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

M (2007)

The Roundup: Punishment (2024) 7.0
The Roundup: Punishment (2024)  အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ....ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်...အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်...ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်... File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff    
movie

The Roundup: Punishment (2024)

Two Weddings and a Funeral (2012) 6.2
Two Weddings and a Funeral (2012) Two Weddings and A Funeral (2012)ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ တေုင်ကိုရီးယားရဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က Homosexual တွေရဲ့ဘဝကိုရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီနေ့ခေတ်တောင်ကိုရီးယား လိုမျိုးပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်တုန်းက Homosexual ဆိုရင်ရှက်စရာ လူသိမခံချင်စရာကိစ္စလို့သတ်မှတ်နေတဲ့အချိန်မှာ Homosexual ကောင်လေးတစ်ယောက်က မိဘတွေကအိမ်ထောင်ပြုရင် အိမ်ဝယ်ပေးမယ်ဆိုလို့ သူ့လိုပဲ Homosexual ဖြစ်ပြီး ကလေးမွေးစားချင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ဟန်ဆောင် လက်ထပ်လိုက်ပါတော့တယ် လက်ထပ်ပြီးနောက်သူတို့ရဲ့မိဘတွေကို အရူးလုံးလုံးပဲလုပ်နိုင်မလား သူတို့ရဲ့ပတ်ဝန်းကျင်မှာရော မရိပ်မိအောင်နေနိုင်ကြပါ့မလားဆိုတာအပြင် တောင်ကိုရီးယား ရဲ့ Homosexual တွေရဲ့ပွင့်လင်းပြီးချစ်စရာကောင်းမှုကို ဟာသလေးရောပြီးကြည့်ရှုရမှာမို့ Bl fan တွေလည်းစမ်းပြီးကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်Genre..... Horror Quality….  720p File size… 785MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Two Weddings and a Funeral (2012)

2012
Cobweb(2023) 7.0
Cobweb(2023) Cobweb(2023)*************ဒီကားကြီးက ကွီးယားရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေအများကြီးပါဝင်ပါတယ်...Song Kang Ho  Im Soo Jung  Oh Jung Se Jeon Yeo Been Krystal Jung တို့Main Lead အနေနဲ့ပါဝင်ထားပြီး  ဝေဖန်ရေးဆရာတွေထံမှလည်းကောင်းမွန်တဲ့ မှတ်ချက်တွေအများကြီးရထားပါတယ်...ဆုကြီး ၃ ဆုနဲ့ အခြားဆု (၁၂)ဆုလည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း....Director Kim ဟာ ရုပ်ရှင်လောကသားအချင်းချင်းကြားမှာ အနှိမ်ခံတစ်ယောက်လိုဖြစ်နေတယ်...အထူးသဖြင့်အရည်အချင်းမရှိတဲ့ ဒါရိုတာဆိုတဲ့ဝေဖန်သံတွေပေါ့..တစ်နေတော့ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအပြီး မှာ သူ့ကိုအိပ်မက်တစ်ခုပေးလာတယ်...အိပ်မက်က ဒီရုပ်ရှင်ရဲ့   ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရမဲ့ အရာတွေပြပြီးတော့တကယ်လို့  ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်တစ်ခေတ်ရဲ့အလှည့်အပြောင်းဖြစ်နိုင်ပြီးသူလည်း နာမည်ကြီးသွားဖို့ဖြစ်နိုင်ခြေအများကြီးရှိကြောင်းသွားတွေ့တယ်...သို့သော် ဇာလမ်းက ရိုက်ကူးပြီးစီးလို့   တည်းဖြတ်ဖို့ပဲကျန်တော့တဲ့အချိန်မှာရုပ်ရှင်ရဲ့ဘက်ဂျက်နဲ့ ပြန်လည် စီစဉ်ရမဲ့အရာတွေများနေလို့  ကုမ္ပဏီက သူ့ရဲ့အကြံပြုချက်တွေလက်မခံပါဘူး..ရက်ပိုင်းသာကြာသွားတယ်...အိပ်မက်က ညစဉ်တိုင်း ထပ်တလဲလဲ ဒါကိုပဲမက်နေတော့နောက်ဆုံး Director Kim တစ်ယောက်ရူးမိုက်တဲ့အလုပ်တွေ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...အဲဒီနောက်မှာတော့......File size… 2.2GB & 971MB Quality…WEB-DL1080p, ...
movie

Cobweb(2023)

Miss Fortune(2023) 7.0
Miss Fortune(2023) Miss Fortune(2023)******************ဂျီဟဲဆိုသောအမျိုးသမီးဟာ လက်နှိပ်စက်ခေတ်ကတည်းက နာမည်ကြီးပစ္စည်းတွေပတ်ခိုးလာတဲ့ နာမည်ကျော် သူခိုးတစ်ယောက်ပါ...သို့သော် မျက်မှောက်ခေတ်တိုးတက်လာတဲ့နည်းပညာတွေ ကြောင့်မြင့်မားတဲ့ လုံခြုံရေးစနစ်တွေကြောင့် ခိုးရပြုရတာ အရင်လိုမလွယ်ကူတော့...သူ့အနေနဲ့ ဒီဘက်ခေတ်နည်းစနစ်တွေကို အမှီလိုက်ဖို့ကလည်း အတော်ခက်..ဒါ့ကြောင့် သူခိုးတဲ့အချိန်မှာ အထောက်အကူဖြစ်စေဖို့ သမီးဖြစ်သူကိုဆွဲခေါ်လေ့ရှိတယ်... သမီးဖြစ်သူကလည်း ထက်မြက်တဲ့သူဆိုတော့သော့တွေလုံခြုံရေးစနစ်တွေCCTVတွေနဲ့ အခြား Hackingပိုင်းတွေမှာပါကူညီပေးလေ့ရှိတယ်..ဒါပေမဲ့ ဂျီဟဲက သမီးဖြစ်သူကိုလည်း ဒီလောကကြီးထဲမှာသူ့လို မရပ်တည်စေချင်ဘူး..ဒါ့ကြောင့် နောက်ဆုံးပိတ်အနေနဲ့ ၆၀ဘီလျံတန်ဘိုးရှိတဲ့ပစ္စည်းတစ်ခုက ခိုးယူပြီး စောရလောကကနေ အပြီးတိုင်နားဖို့ အချီကြီးကြံပါတော့တယ်..သို့သော် သူမ ထင်ထားသလို မလွယ်ကူတဲ့အခါမှာတော့...နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတာမို့ ကြည့်ကြပါကုန်...File size… 2.2GB/814MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2hr 03min Genre …..Drama, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by  Tiff Miri, Treasure Hnin & Stary   
movie

Miss Fortune(2023)

After My Death(2017) 6.7
After My Death(2017) After My Death(2017)******************** ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ကျောင်းသူရဲ့အမေက နောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီးခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ ယောင်ဟီးက 'ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား' လို့ပြောခဲ့တာကိုသိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။File Size :(1.1GB) (572MB) Quality : Blu-Ray1080p/720p Format…mp4 Duration…01:53:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

After My Death(2017)

Secret Love (2010) 5.8
Secret Love (2010)  ပရိတ်သတ်ကြီးကို ဒီတစ်ခေါက် ကိုရီးယား erotic thrillerဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့ Secret Loveဖြစ်ပြီး ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာပါယွန်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူချစ်ရတဲ့ သူ့ရဲ့ချစ်သူဂျင်ဝူးနဲ့ လက်ထပ်ခဲ့ပါတယ်။ ထူးခြားစွာနဲ့ပဲ ဒီလက်ထပ်ပွဲကျင်းပတဲ့နေမှာ ကနေဒါမှာရှိတဲ့ ဂျင်ဝူးရဲ့ အမွှာညီဖြစ်တဲ့ ဂျင်ဟိုဟာကိုမာဝင်နေရာကနေ ပြန်သတိရလာခဲ့ပါတယ်။အမွှာတို့ရဲ့ကံလို့ပဲ ပြောရမလားမသိ လက်ထပ်ပြီး အနည်းငယ်အကြာမှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် အကိုဖြစ်သူဂျင်ဝူးဟာ ကိုမာဝင်သွားပြန်ပါတယ်။ ဒီသတင်းကိုကြားတဲ့အခါဂျင်ဟိုတစ်ယောက် အကိုဆီကိုပြန်လာတဲ့အချိန် အကိုရဲ့မိန်းမဖြစ်သူ ယွန်နဲ့ တွေ့ဆုံမိကြပါတော့တယ်။ဂျင်ဝူးနဲ့ ဂျင်ဟိုဟာ ရုပ်ရည်ချင်း ခွဲမရအောင်တူတဲ့ အမွှာညီအကိုတွေဖြစ်နေတာကို ယွန် သိရှိသွားတဲ့အခါမှာတော့ ဂျင်ဟိုနဲ့ ယွန်တို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကြည့်ရှုရမှာပါ။ ဒီအချိန်မှာပဲ ဂျင်ဝူးတစ်ယောက် သတိပြန်ရလာရင်ရော ပြဿနာတွေ ဘယ်လိုရှုပ်ကြဦးမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာမို့ ကိုရီးယားကား ကြိုက်သူတွေရော erotic thrillerကြိုက်တတ်သူတွေပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ ယွန်အဖြစ် Jin-Seo Yoonက သရုပ်ဆောင်ထားပြီးအမွှာညီအကိုအဖြစ် Yoo ...
movie

Secret Love (2010)

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

Steel Cold Winter (2013) 6.1
Steel Cold Winter (2013) Steel Cold Winter (2013)ယွန်းဆူဟာ သူငယ်ချင်းကို သတ်တဲ့တရားခံဆိုတဲ့ စိတ်ဒဏ်ရာနဲ့အတူ ‌ကျေးရွာလေးကို မိခင်နဲ့အတူ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ အဲ့ကျေးရွာမှာ မကောင်းတဲ့ကောလဟာလတွေ အဖြန့်ခံနေရပြီး စိတ်မကျန်းမာတဲ့ အဖေနဲ့အတူတူနေတဲ့ အပယ်ခံဖြစ်နေတဲ့ ဟေးဝန်လည်းရှိနေပါတယ်။ ယွန်းဆူက ဟေးဝန်တို့ရွာကို ပြောင်းလာပြီး ဟေးဝန်ကို ချစ်မိသွားတဲ့အခါမှာ....ယွန်းဆူက တကယ်ပဲ သူငယ်ချင်းကို သတ်ခဲ့တာလား? ဟေးဝန်ရဲ့ ကောလဟာလတွေကရော တကယ်ပဲလား? သူတို့နှစ်ဦးရဲ့ ဖုံးကွယ်ထားတဲ့တစ်ဖက်ခြမ်းက ဘာဖြစ်မလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုရမယ့် thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror Quality…. 1080p | 720p | 480p File size… 1.6GB " 692MB | 340MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August
movie

Steel Cold Winter (2013)

2013