Channel Myanmar

Jeong Gyu-su

Someone Special (2004) 7.0
Someone Special (2004) Someone Special (2004)***********************အချစ်ဇာတ်လမ်းကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေအတွက် Romance Is A Bonus Book ဇာတ်လမ်းတွဲထဲက မင်းသမီး Lee Na Young နဲ့ The Odd Family : Zombie On Sale ထဲက မင်းသား Jung Jae Young တို့ရဲ့ အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ဘေ့စ်ဘောကစားသမားဖြစ်တဲ့ ဒုံချီဆောင်းရဲ့ ဘဝက ကံဆိုးမှုတွေအပြည့်နဲ့ပါ။သူ့ ချစ်သူကောင်မလေး လမ်းခွဲတာကိုလည်းခံရပြီး အဲဒီနေ့မှာပဲ ဆေးရုံက ဆရာဝန်ကလည်း သူ့မှာ အသက်အန္တရာယ်ရှိစေနိုင်တဲ့ အကျိတ်ရှိနေတာကြောင့် ၃လပဲ အသက်ရှင်နေထိုင်နိုင်တော့မယ်လို့ ပြောခဲ့ပါတယ်…။ အဲဒါနဲ့ ဒုံချီဆောင်းက စိတ်ညစ်ပြီး ဘားမှာအရက်သွားသောက်တယ်…။နောက်တစ်နေ့မနက်နိုးလာတဲ့အချိန်မှာတော့ ဘားက စားပွဲထိုးကောင်မလေး ဟန်အီယောင်းနဲ့ ဟိုတယ်တစ်ခန်းထဲမှာ ရှိနေတယ်…။ မနေ့ညက မှောက်သွားလို့ ကောင်မလေးက သူ့ကို ခေါ်လာခဲ့တာပေါ့…။အဲဒီလိုကနေ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး စလာတော့တာပါပဲ…။ဇာတ်ကားလေးက IMDb 7.0 ရှိပြီး အေးအေးဆေးဆေးဇိမ်ယူပြီး ကြည့်လို့ကောင်းတဲ့ ...
movie

Someone Special (2004)

Happiness for Sale (2013) 6.4
Happiness for Sale (2013) Happiness for Sale (2013)************************** Hello Me ထဲက မင်းသမီး Choi Kang Hee နဲ့ Penthouse ထဲက မင်းသား Bong Tae Gyu တို့ ပါဝင်ပြီး IMDb RATING 6.4 ရရှိထားတဲ့ comedy drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။မီနာ(ချွဲဂန်ဟီး)ဟာ ဆိုးလ်မှာ အခွန်ဌာနဝန်ထမ်းတစ်ဦးဖြစ်ပါ။ တစ်နေ့မှာတော့ မွေးရပ်မြေ မူဂျူမှာနေထိုင်တဲ့ သူမရဲ့အဖေ ဆေးရုံတက်လိုက်ရတာကို သိခဲ့ရပါတယ်။သူမရဲ့အဖေက မီနာရဲ့ကုန်စုံဆိုင်ဆိုတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ အဖေ ဆေးရုံတက်နေရတော့ မီနာက အိမ်ခြံမြေအကျိုးဆောင်နဲ့ ဆက်သွယ်ပြီး ကုန်စုံဆိုင်ကို ရောင်းဖို့လုပ်တယ်။ ဒါပေမဲ့ ဆိုင်ကိုရောင်းဖို့ဆိုရင် မီနာပြန်လာပြီး ဆိုင်ဖွင့်ပေးရမယ်လို့ အိမ်ခြံမြေအကျိုးဆောင်က ပြောခဲ့တယ်။မီနာက မွေးရပ်မြေမှာ အပယ်ခံတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရ‌တာကြောင့် သူ့ရဲ့ငယ်ဘဝကို မနှစ်ခြိုက်ဘဲ မွေးရပ်မြေကိုလည်း မပြန်ချင်ခဲ့ဘူး ။ သို့ပေမဲ့ မီနာရဲ့ချစ်သူက ဖောက်ပြန်ခဲ့ပြီး အလုပ်မှာလည်း ပြဿနာတက်ခဲ့ပြီးတဲ့နောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။အလုပ်ရပ်ဆိုင်းခံရတဲ့ မီနာဟာ မွေးရပ်မြေဆီ ...
movie

Happiness for Sale (2013)

The President’s Barber (2004) 7
The President’s Barber (2004) The President's Barber (2004)******************************IMDb... 7သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦးရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့်မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီးသမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ...
movie

The President’s Barber (2004)

Hello Ghost (2010) 7.5
Hello Ghost (2010) Hello Ghost (2010)********************IMDb... 7.5 ဒီတစ်ခါ တင်ဆက်ပေးမယ့် သရဲဟာသရုပ်ရှင်ကားကောင်းမှာတော့ Cha Tae Hyun, Kang Ye Won,Ko Chang Seok, Jang Young Nam တို့လို ဝါရင့် သမ္ဘာရင့်ကြီးများစွာပါဝင် သရုပ်ဆောင်ထားတဲ့အတွက်ကြည့်လိုက်တာနဲ့ နောင်တမရစေမဲ့ ကားဆိုတာတော့ အ‌သေအချာပါပဲ။ဇာတ်လမ်းကတော့ဂန်ဆန်းမန် (Cha Tae Hyun)ဟာ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အကြိမ်ကြိမ် ကြိုးစားနေတဲ့ တစ်ကောင်ကြွက်တစ်ယောက်ပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ဖြစ်ခဲ့သူပေါ့။တစ်ရက် အဆုံးစီရင်ဖို့ကြိုးစားရင်း ဆေးရုံကိုရောက်သွားပြီးနောက်ပိုင်း ထူးထူးခြားခြားသရဲတွေကို စမြင်လာသလို သရဲ၄ကောင်က သူ့ခန္ဓာကိုယ်ကို အတူတူမျှသုံးပြီး သူ့အိမ်အထိပါကပ်လိုက်လာတဲ့အတွက် သရဲတွေကို နှင်ထုတ်ဖို့ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ညှိနှိုင်းပြီးတဲ့အခါမှာတော့...အထီးကျန်ပြီး သေချင်နေတဲ့ ဂန်ဆန်းမန်တစ်ယောက် သရဲတွေရဲ့ဆန္ဒကို လိုက်ဖြည့်ဆည်းပေးရင်းဘယ်လို အလွဲဟာသလေးတွေ ဖြစ်မလဲ ဆိုတာကို မြှုပ်ကွက်လေးတွေနဲ့ အတူ ရသ‌မျိုးစုံနဲ့အဆုံးထိ စိတ်ဝင်စားဖို့ကောင်းအောင် ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကြီးမလို့ကိုယ်တိုင်ခံစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်‌နော်။ (ဇာတ်လမ်းအကျဉ်းကို ...
movie

Hello Ghost (2010)

Kidnapping Granny K (2007) 6
Kidnapping Granny K (2007) Kidnapping Granny K (2007)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ် ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်း သူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက် ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ် နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလို ကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့ အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူးအညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin, CharOu, Su Myat တို့ပဲ ...
movie

Kidnapping Granny K (2007)

Private Eye(2009) 6.7
Private Eye(2009) Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie

Private Eye(2009)

Good Morning President (2009) 5.9
Good Morning President (2009) Good Morning Presidentထီဆုကြီးပေါက်ပေမယ့် သမ္မတဖြစ်နေတာကြောင့် ဆုငွေကို ယူဖို့ အခက်တွေ့ခဲ့ရတဲ့ သမ္မတ ဂင်ဂျောင်ဟို...ကျောက်ကပ်လှူပေးဖို့ လူအများ​ရှေ့အကူအညီ တောင်းခံခဲ့ရလို့ အကျပ်ရိုက်ခဲ့ရတဲ့ သမ္မတ ချာဂျီဝုနဲ့...အိမ်ထောင်ရေး ကွာရှင်းဖို့ ပြဿနာရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဟန်ဂယောင်ဂျာ...သူတို့ ၃ဦးရဲ့ မတူညီတဲ့ ခေါင်းဆောင်စိတ်ထား ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် အရာရာစွန့်လွှတ်ပြီး ပြည်သူတွေ ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရတဲ့ သမ္မတတစ်​ယောက်ရဲ့ ပျော်ရွှင်မှူဆိုတာကလည်း အရေးကြီးကြောင်းကို...တောင်ကိုရီးယား သမ္မတ (၃)ဆက်နဲ့အတူ နိုင်ငံရေးအရှုပ်တွေကြား သမ္မတစ်ယောက်ရဲ့ personal lifeကို ဟာသလေးတွေ နှောပြီး ရိုက်ကူးထားတဲ့ Political Comedy Movieဖြစ်လို့ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.6/10 Format__mp4 Duration__02:10:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded ...
movie

Good Morning President (2009)

Another Public Enemy (2005) 6.0
Another Public Enemy (2005) Another Public Enemyပြည်သူ့လိုအပ်ချက်ကို အပိုင်နင်း ဖောင်ဒေးရှင်းကို ဗန်းပြပြီး မသမာတဲ့နည်းပေါင်းစုံနဲ့ ပိုက်ဆံ​တွေ အထုပ်လိုက်အထည်လိုက် တရားမဝင် သိမ်းကျုုံးယူ... ပိုက်ဆံကသာ ဒုတိယဘုရားသခင်အဖြစ် သတ်မှတ်ထားတဲ့ ​မြောင်ဆွန်းလုပ်ငန်းစု ဒါရိုက်တာ ဟန်ဆန်းအူ...လောကကြီးမှာ ပိုက်ဆံနဲ့အာဏာက အရေးကြီးဆုံးဆိုတာကို သိအောင် လောကဒဏ်ကနေ သင်ယူခဲ့ရပြီး မတရားမှုတွေကို တိုက်ဖျက်ဖို့ အမှုစစ်ဖြစ်လာခဲ့တဲ့ အမှု​စစ်ဂန်ချောဂျွန်...မိသားစုအ​ခြေအနေရော အကျင့်စရိုက်ပါ မတူညီတဲ့ သူတို့နှစ်ယောက်ဟာ အတန်းဖော်သူငယ်ချင်းတွေဖြစ်ကြသလို ဂန်ချောဂျွန် ဘယ်လောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြိုးစား မိသားစု​နောက်ခံကောင်းတဲ့ ဟန်ဆန်းအူ ဆီမှာပဲ မတရားဖိနှိပ်ခံခဲ့ရပြီး...တနေ့ မျဥ်းပြိုင်နှစ်ခုလို သူတို့နှစ်ယောက် ရာဇဝတ်ကျူးလွန်သူနဲ့ အမှုစစ်အဖြစ် ပြန်တွေ့ကြတဲ့အခါ...နိုင်ငံကြီးနဲ့ပါချီပြီး လုပ်စားကြတဲ့ လူချမ်းသာ နဲ့အာဏာရှင် ဟိုက်ပါ သူခိုးအကြီးစား ရာဇဝတ်သားဆိုတာ နိုင်ငံ့အဆိပ်ပင် ပြည်သူ့ရန်သူ ဖြစ်ပြီး အာဏာနဲ့ပိုက်ဆံရဲ့ အင်အားကြီးမားမှုနဲ့ ဥပဒေကြား အားပြိုင်မှုကို ပုံဖော်ထားတဲ့ နိုင်ငံ​​ရေးမှုခင်းရုပ်ရှင်ကောင်း old but ...
movie

Another Public Enemy (2005)

Sunset in My Hometown (2018) 6.5
Sunset in My Hometown (2018) SUNSET IN MY HOMETOWN (2018) - အညွှန်း"ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို့ ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ"မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြို့ကိုပြောင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ "Show Me The Money" ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို freestyle 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။ ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ၊ ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း၊ မွေးရပ်‌မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။အညွှန်းကိုတော့ Shin Shin ...
movie

Sunset in My Hometown (2018)

Serve the People (2022) 6.2
Serve the People (2022) (18+) Serve the people (2022)Thirty Nine ဇာတ်ကားထဲက အရေပြားဆရာဝန်လေးအဖြစ်သရုပ်ဆောင်ထားတဲ့ Yeon Woo Jin ရဲ့ မ နဲ့ မောင် ဇာတ်ကားလေးပါ။ ဒါပေမယ့် အမျိုးသား ၁၈ ယောက် စုကြည့်ရမယ့် ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းဇာတ်အိမ်က တမူထူးခြားတာမို့ အများကြီး ရှင်းပြမနေတော့ပါဘူး။ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါ။ ကြည့်မိလို့ ဂေါင်းကြီးတို့ မကြိုက်ဘူး မရှိစေရပါဘူး။ မ အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးရဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကိုလည်းအတိုင်းသား မြင်ရမှာမို့ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါတော့။ သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ကြည့်ရမယ့်ကားပါပဲ။ကိုရီးယားကားဆိုပြီး လူရှေ့သူရှေ့ သွားမကြည့်မိပါစေနဲ့ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Go Dong Won ပဲ ဖြစ်ပါတယ်။သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ...
movie

Serve the People (2022)

2022
Almost Love (2006) 6.5
Almost Love (2006) Almost Love (2006)“တကယ်တော့လောကကြီးမှာ တစ်ယောက်ယောက်ကို သဘောကျရတာလောက် အကျိုးမရှိတဲ့အရာ မရှိပါဘူး။ ထမင်းကျွေးတဲ့အရာလည်း မဟုတ်သလို ပိုက်ဆံရှာပေးတဲ့အရာလည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် တကယ်ချစ်မိသွားတဲ့အချိန်မှာတော့ ပေးဆပ်ခြင်းက ရယူခြင်းထက် ပိုပျော်ဖို့ကောင်းသလို .. ကောင်းကင် နဲ့ ကြယ်၊ ပန်းတွေ နဲ့ သစ်ပင် ဘယ်လောက်လိုက်ဖက်တယ်ဆိုတာကိုလည်း ကောင်းကောင်းသိလာတယ်” တဲ့။ဇာတ်လမ်းလေးကတော့ အချစ်ကိုတော့ခံစားနေပေမယ့် တကယ့်အချစ်ကဘာမှန်းမသိဘဲ Friend Zone ထဲမှာ အူလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆယ်ကျော်သက်ကျောင်းသားအရွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။တိုက်ကွမ်ဒိုကျောင်းသားတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းတွေမှာ ဝါသနာအရ စတန့်မင်းသားအနေနဲ့ အချိန်ပိုင်းအလုပ်ဝင်လုပ်တတ်ပြီး တစ်ချိန်မှာ “ဂျက်ကီချန်း”ထက် ပိုသာတဲ့ အက်ရှင်မင်းသားကြီးဖြစ်ချင်တဲ့ .. “ဂျီဟွမ်”“ဂျီဟွမ်” နဲ့ ငယ်ငယ်တည်းကခင်လာကြပြီး ရုပ်ရှင်မင်းသမီးကောင်းတစ်လက်ဖြစ်ဖို့ကြိုးစားနေတဲ့ အနုပညာကျောင်းသူ .. “ဒါလယ်”နှစ်ယောက်လုံးမှာ ရည်းစားကိုယ်စီလည်းရှိသလို ကိုယ့်အိပ်မက်တွေအမှန်တကယ်ဖြစ်လာအောင်ကြိုးစားနေရင်း တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးဖြစ်လာပါတော့တယ်။ဒီအပြောင်းအလဲကြောင့်ပဲ နှစ်ယောက်သားရဲ့အချင်းချင်းအပေါ်မှာထားရှိတဲ့ သူငယ်ချင်းသံယောဇဉ်ကို သံသယဖြစ်လာတဲ့အခါမှာ ...
movie

Almost Love (2006)

2006
Man of Will (2017)
Man of Will (2017) Man of Will (2017) ဇာတ်လမ်းအညွှန်း******************************** ဧကရာဇ် အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ ဂျပန်က အသာစီးရပြီး ကိုရီးယားဘက်က ဂျပန်နဲ့ သံတမန်ရေး အဆင်ပြေအောင် ကြိုးစားခဲ့တာကြောင့် ကိုရီးယားဟာ ဂျပန်တို့ ဩဇာညောင်းတဲ့ နိုင်ငံ တစ်ခု ဖြစ်လာခဲ့တယ် မိဖုရားကြီး လုပ်ကြံခံလိုက်ရတာကြောင့် အမျက်ဒေါသထွက်နေတဲ့ ဂင်ချန်းဆူဟာ စိတ်ကိုမထိန်းနိုင်ဘဲ လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီး အင်ချွန်းထောင်ကို အပို့ခံလိုက်ရပါတယ်အင်ချွန်းထောင်ထဲကို ရောက်သွားတဲ့အခါမှတော့ ထောင်သားတွေကို စာသင်ပေးပုံ၊ ငုပ်လျှိုးနေတဲ့ မျိုးချစ်စိတ်ကို ပြန်လည်ဖော်ဆောင်ပေးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာ တော်လှန်ခဲ့ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီး Cho Jin Woong အပြင် ဂျွန်စောအဖြစ် လူသိများတဲ့ Song Seung Heon ...
movie

Man of Will (2017)

2017
Assassination (2015) 7.3
Assassination (2015)   [Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie

Assassination (2015)

2015
Finding Mr. Destiny (2010) 6.5
Finding Mr. Destiny (2010) [Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie

Finding Mr. Destiny (2010)