Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeong Gi-Seop
7.0
Big Match (2014)
Big Match (2014)****************IMDb... 7.0 သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက်Lee Jung-jae, Shin Ha-kyun, Lee Sung-min တို့လို ဒိတ်ဒိတ်ကြဲ မင်းသားကြီးတွေပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းချွဲအီဂို (Lee Jung-jae) ဟာ အံ့သြဖွယ်ကောင်းတဲ့ ခံနိုင်ရည်နဲ့ လက်ဝှေ့စကေးတွေ ပိုင်ဆိုင်ထားပြီးနိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူဖြစ်တာကြောင့် နာမည်ကြီးလူကြိုက်များတဲ့ လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။မိဘတွေမရှိတော့တဲ့အချိန်ကတည်းက အစ်ကိုကြီးအဖရာအဖြစ်ရော နည်းပြအဖြစ်ပါသင်ကြားပေးနေတဲ့အစ်ကိုချွဲယောင်းဟို (Lee Sung-min) အပေါ်ကိုလည်း အင်မတန်မှ ချစ်ကြောက်ရိုသေတတ်သူပါ။ဒီလိုအေးချမ်းသာယာတဲ့ဘဝလေးပိုင်ဆိုင်ထားရတဲ့ ချွဲအီဂိုဟာ တစ်နေ့မှာတော့ ရုတ်တရက်ကြီးလူသတ်မှုရဲ့သံသယရှိသူအဖြစ် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး အစ်ကိုဖြစ်သူကပါ ပျောက်ဆုံးသွားပါတော့တယ်။ဒီလိုနဲ့ အချုပ်ထဲမှာထိန်းသိမ်းခံထားရတုန်းမှာပဲ အမည်မသိဖုန်းတစ်ကောဝင်လာပြီး အစ်ကိုဖြစ်သူကိုပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ကယ်ချင်ရင် သူခိုင်းတဲ့အတိုင်းလုပ်ဖို့ အမိန့်ပေးခံလိုက်ရပါတော့တယ်။အဲဒီလူကတော့ Ace (Shin Ha-kyun) လို့ ခေါ်တဲ့လူဖြစ်ပြီး ငွေရှိအသိုင်းအဝိုင်းအတွက်လောင်းကစားဂိမ်းစီစဥ်ပေးတဲ့သူ ဖြစ်နေတဲ့အခါမှာတော့...ချွဲအီဂိုတစ်ယောက် Ace ရဲ့ပြိုင်မြင်းဖြစ်သွားရပြီး အစ်ကို့အသက်ကို ကယ်တင်နိုင်ဖို့အတွက်ဘယ်လိုဂိမ်းတွေနဲ့ ရင်ဆိုင်သွားရမလဲ... အဲဒီဂိမ်းတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမလဲ...အစ်ကို့အသက်ကိုရော ချောချောမွေ့မွေ့နဲ့ ...
movie
Big Match (2014)
6.8
Lady Daddy (2010)
Lady Daddy (2010)*********************အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်ပြောင်းခွဲစိတ်မှု ခံယူထားတဲ့ ဓာတ်ပုံဆရာ ဆုန်းဂျီဟျွန်းဟာ ရုပ်ရှင်ရိုက်ကူးရေးတစ်ခုမှာ အလုပ်လုပ်နေပြီး အောင်မြင်လွတ်လပ်တဲ့ ဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးပေါ့။ အတိတ်ဘဝကို လုံးလုံးမေ့ထားပြီး ချစ်ရသူတစ်ဦးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ သူမရဲ့ဘဝထဲကို တစ်နေ့မှာ မုန်တိုင်းအသေးစားလေးတစ်ခု ဝင်လာခဲ့တယ်။ မုန်တိုင်းလေးရဲ့ နာမည်ကတော့ “ယူဘင်း” တဲ့။ဘဝဟောင်းက လုပ်ရပ်တွေကြောင့် ရရှိခဲ့တဲ့ သားဖြစ်သူကို ဘဝအသစ်မှာ မြင်လိုက်ရတဲ့ ဂျီဟျွန်းဟာ လုံးဝကို ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်။ယူဘင်းလေးရဲ့ .. အဖေ့ကို တောင့်တတဲ့စိတ်ကို မြင်လာရတဲ့အခါမှာ ဂျီဟျွန်းဟာ မတတ်သာဘဲ ယောက်ျားလေးလို ပြန်ဟန်ဆောင်လာရတဲ့ အခါမှာတော့ ..... (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်) File size…1.72 GB / 800MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Comedy, Romance, Family, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther ...
movie
Lady Daddy (2010)
7.5
New World (2013)
New World (2013)*******************IMDb....7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min,Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း(Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း(Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ...
movie
New World (2013)
7.2
Firefighters (2024)
Firefighters (2024)********************ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ "Firefighters" ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို နောက်ဆုံးနေ့အဖြစ်သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။ဇာတ်လမ်းအညွှန်း-မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် ...
movie
Firefighters (2024)
6.7
Dark Figure of Crime (2018)
Dark Figure of Crime (2018)****************************2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ ဒီမှုခင်းဇာတ်ကားလေးမှာတော့ Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့ The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့ အဓိက ပါဝင်ထားပါတယ် ..တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ******************** ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက် ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့ နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုက စုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲ လူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…1.76GB / 732MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ...
movie
Dark Figure of Crime (2018)
5.6
Beautiful Sunday (2007)
Beautiful Sunday (2007) ************************ မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာ တစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့် နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် ..ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး စိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များ အရသာတွေ့မှာ သေချာပါတယ်။ဇာတ်လမ်းအညွှန်း ************* ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့် ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။ သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက် ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီး သူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကို မင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး သူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြား ဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ....(ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်)File size…3.32GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle ...
movie
Beautiful Sunday (2007)
7.0
Noryang: Deadly Sea(2023)
Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie
Noryang: Deadly Sea(2023)
7.3
Bedevilled (2010)
ကားဟောင်းလေးဆိုပေမယ့် ရင်ထဲကို ထိစေမယ့် ရုပ်ရှင်လေးတစ်ပုဒ်ပါ။ဟယ်ဝန်းတစ်ယောက် ငယ်ငယ်ကအဖိုးနဲ့ကြီးပျင်းလာခဲ့တဲ့မွန်းဒုံကျွန်းကို အလည်သွားပါတယ်။ထူးဆန်းတာက ကျွန်းပေါ်မှာ ဖိုဝါဒကြီးစိုးနေတယ်လို့ ပြောနိုင်တဲ့ယောက်ျားလေးတွေကို အထူးနေရာပေးထားတာပါ။ဟယ်ဝန်းသူငယ်ချင်း ဘို့နမ်ဟာ ကျွန်းကလူတစ်ယောက်နဲ့လက်ထပ်ပြီးသမီးလေးတစ်ယောက်မွေးထားတယ်ဆိုပေမယ့်လိင်ကျွန်သာသာ အခိုင်းစေတစ်ယောက်လိုတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံရတာပါ။မိန်းကလေးတွေကို ပညာမတတ်လည်းရတယ်ဆိုတဲ့အယူအဆမျိုးနဲ့ ပညာလည်းမသင်ပေးပါဘူး။ဒီလိုမျိုး ယောက်ျားတွေကို ဘုရားလိုကိုးကွယ်တဲ့ရွာမှာဘို့နမ်အတွက်တော့နေစရာဆိုတာ ဖိနပ်စင်သာသာပါပဲ။ဒီလိုမျိုး နေရတဲ့ဘို့နမ်ဟာ အမြဲတမ်း ဆိုးလ်ကိုသမီးလေးနဲ့အတူထွက်ပြေးမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီး ရှင်သန်နေတာပါ။ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ သမီးလေးကိုလည်းဒီလိုမျိုး ရွာမှာ မကြီးပျင်းစေချင်ပါဘူး။တဏှာစိတ်ကြီးလွန်းပြီး မိန်းမတွေကို လိင်ကျွန်သာသာသတ်မှတ်ထားတဲ့ ယောက်ျားသားတွေ၊အယူသီးပြီး ယောက်ျားတွေကိုမှမြတ်တယ်လို့ သတ်မှတ်ထားပြီး မိန်းကလေးဆို လူရာမသွင်းချင်တဲ့ အဖွားကြီးတွေနေထိုင်တဲ့ ရွာမှာ ဘို့နမ်တစ်ယောက်ရှင်သန်ရတာအရမ်းခက်ခဲခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုးလ်ကိုသမီးလေးနဲ့ထွက်ပြေးဖို့လုပ်တုန်း ယောက်ျားက မိသွားတဲ့အခါ သူတို့ သားအမိရဲ့ ဘ၀လေး စတင်ပြီး ကံဆိုးမိုးမှောင်ကျတော့တာပါပဲ File size… 2.66 GB / 1.26 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55 m Genre ..... Thriller Subtitle…. Myanmar Subtitle ...
movie
Bedevilled (2010)
2010
8.0
Stand by Me (2018)
Stand by meဆိုတဲ့ 2018ထွက် ကားသစ်လေးကတော့ Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို ပြန်လည်ပုံဖော်ထားတဲ့ ကားလေးတစ်ကားပါဒီဇာတ်ကားလေးကို စိတ်မခိုင်တဲ့လူတွေ ကြည့်မယ်ဆိုရင်တော့ တစ်သျှူးလေးတော့ ဆောင်ထားကြပါနော်ဒီကားလေးမှာတော့ အသက်ရဝအရွယ် အဖိုးတယောက်က မြေးလေးနှစ်ယောက်ကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေးစောင့်ရှောက်ရင်း နေထိုင်နေခဲ့တယ်ဘယ်လောက်ပဲ အဖိုးချစ်ခင်စောင့်ရှောက်နေပါစေမိဘမေတ္တာငတ်နေတဲ့ ကလေးတွေကတော့ အမေနဲ့အဖေကိုသာ လွမ်းဆွတ်နေခဲ့ရှာပါတယ်အဖိုးဖြစ်သူက အမေ့ကို မောင်းထုတ်လိုက်တယ်ဆိုပြီး ကလေးတွေက အဖိုးကို တခါတလေ မုန်းတီးတတ်ပါတယ်အဲ့လိုနဲ့ အဖိုးဖြစ်သူက အဆုတ်ကင်ဆာဖြစ်နေခဲ့ပြီးတော့ ကလေးတွေကို ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ပဲချွေးမဖြစ်သူကို ရှာဖို့ကြိုးစားပါတော့တယ်ချွေးမဖြစ်သူကိုတော့ အဖိုးက သူ့သားသေသွားတာကို အာမခံငွေတွေယူပြီး ထွက်သွားလို့ မုန်းတီးခဲ့တာပါအဲ့လိုနဲ့အဖိုးက သူ့ချွေးမကိုရော ပြန်ရှာတွေ့ခဲ့လားသူ့ချွေးမကရော ဘာလို့ အာမခံငွေတွေယူသွားခဲ့ရတာလဲအဖိုးကသေတော့မှာမို့ ကလေးတွေကိုရော ဘယ်လိုလုပ်ခဲ့လဲကလေးတွေကရော အမေနဲ့ပြန်တွေ့ပါ့မလားဆိုတာ မသိချင်ကြဘူးလားတကယ့်ကိုသနားစရာကောင်းတဲ့ ဖြစ်ရပ်မှန်ကားလေးလည်းဖြစ်ပြီး လက်တွေ့ဘဝမှာလည်း ဖြစ်တတ်တဲ့အကြောင်းအရာပုံစံမို့လို့ မဖြစ်မနေကို ကြည့်သင့်တဲ့ ဗဟုသုတရတဲ့ကားလေးပါကြည့်ကိုကြည့်သင့်ပြီး ကြည့်ရတာတကယ်တန်စေမယ့် ကားလးပါလို့ ညွှန်းလိုက်ချင်ပါတယ်ရှင်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw ဖြစ်ပါတယ်)File Size ...
movie
Stand by Me (2018)
2018