Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeong Ae-hwa
6.1
Madonna (2015)
Madonna (2015)*****************IMDb... 6.1 ဒီတစ်ခါမှာတော့ Seo Young Hee, Kwon So Hyun, Byun Yo Han, Kim Young Min အစရှိတဲ့ကေဒရာမာပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီး သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Madonna ဆိုတဲ့ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-ဟယ်ရင်းဟာ ဆေးရုံတစ်ခုရဲ့ တကယ့်ချမ်းသားကြွယ်ဝသူများအတွက် စီစဥ်ထားတဲ့ VIP လူနာဆောင်မှာတာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတစ်ဦးဖြစ်ပါတယ်။ အဲဒီအထဲကမှ နှလုံးအစားထိုးကုသထားတဲ့ဖခင်ဖြစ်သူကို ဆယ်နှစ်လုံး ဆေးရုံမှာ ပြုစုစောင့်ရှောက်နေတဲ့ သူဌေးတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူဌေးကြီးရဲ့ ဖခင်ဟာ ကျန်းမာရေး ဆိုးရွားလာပြီး နှလုံးထပ်မံအစားထိုးဖို့မဖြစ်မနေ လိုအပ်လာတဲ့အခါမှာတော့ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံကိုရောက်လာတဲ့မီနာဆိုသူ မိန်းကလေးရဲ့ နှလုံးကို အသုံးပြုဖို့ ဖြစ်လာပါတယ်။ နှလုံးအစားထိုးကုသမှုဖြစ်မြောက်နိုင်ဖို့အတွက် မီနာရဲ့အုပ်ထိန်းသူကို ရှာဖွေရင်း ဟယ်ရင်းတစ်ယောက် မီနာတစ်ဖြစ်လဲမာဒိုနာလို့သိကြတဲ့ မိန်းကလေးရဲ့ သနားစရာကောင်းလွန်းတဲ့ ဘဝဇာတ်လမ်းကို သိလာရတဲ့အခါ....သူဌေးကြီးရဲ့ ဖခင်ကို ကယ်ဖို့လုပ်တဲ့ရည်ရွယ်ချက်က ရိုးသားမှုနဲ့မဟုတ်ဘဲ တစ်စုံတစ်ရာရည်ရွယ်ချက်ရှိတယ်ဆိုတာ သိလာရတဲ့အခါ...ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ...
movie
Madonna (2015)
6.8
My Little Brother (2017)
My Little Brother (2017)************************ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် The Walt Disney Company ကနေ ပထမဆုံးအနေနဲ့ distribute လုပ်ခဲ့တဲ့ My Little Brotherဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီကားလေးမှာတော့ 49Days ထဲမှ Lee Yo-won, Taxi Driverထဲမှ Esom, Vagabond ထဲမှ Jeong Man-Sikနဲ့ The world of marriageထဲမှ Joon Won Jungတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း *************ဆူဂယောင်း (Lee Yo-won), ဂျူမီ (Esom)နဲ့ ဆောင်းဟို(Jeong Man-Sik)တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်မလုပ်ကြတော့တဲ့ မောင်နှမတွေပါ...သူတို့ ၃ယောက်ကို ပြန်ပြီးဆုံတွေ့စေခဲ့တာကတော့ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားပြီဆိုတဲ့ သတင်းစကားပါပဲ.. ဒါပေမဲ့ အဲဒီသတင်းနဲ့အတူ ပါလာတာကတော့ ရှိမှန်းတောင် မသိခဲ့တဲ့ နာ့လေး(Joon Won Jung)ဆိုတဲ့ ၁၁နှစ်အရွယ် သူတို့ရဲ့ မောင်နှမအငယ်ဆုံးလေးပါ...ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ပေါ်လာတဲ့ နာ့လေးက တကယ်ပဲ ...
movie
My Little Brother (2017)
6.3
Glass Garden (2017)
Glass Garden (2017)*******************သစ်တောစိမ်းစိမ်းတွေရဲ့ သဘာဝအလှတို့ကို ခံစားကြည့်ရှုရင်း တရိပ်ရိပ်တက်လာတဲ့ ဇာတ်လမ်းကို မိန်းမောကြည့်ရှုနိုင်စေမဲ့ ၂၀၁၇ ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အွန်စောအသေးစားလေးလို့ လူသိများကြတဲ့ မင်းသမီး Moon Geun-Young နဲ့ မင်းသား Kim Tae-Hoon တို့ အဓိကအနေနဲ့ ပါဝင်ထားပါတယ် .. ။ဇာတ်လမ်းအညွှန်း **************“လူတစ်ယောက်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား”ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတဲ့ သုတေသနပညာရှင် Jae-Yeon(Moon Geun Young)ဟာ သာမန်လူတွေနဲ့မတူ တမူထူးခြားပြီး လက်တွေ့ဘဝနဲ့ ဆန့်ကျင်ကာ တွေးခေါ်တတ်သူတစ်ယောက်ပါ။ငယ်စဉ်ကတည်းက သစ်တောအုပ်တွေ သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူမဟာ အခုတစ်ခါမှာဆိုရင်လည်း မြို့ပြနဲ့ဝေးရာဖြစ်တဲ့ သစ်တောအုပ်ထဲက ဖန်အိမ်လေးမှာ တိတ်တဆိတ်နေထိုင်ရင်း “လူတစ်ယောက်ဟာ သစ်ပင်တွေလိုမျိုး အလင်းမှီပြီး အစာချက်နိုင်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။တက်သစ်စ စာရေးဆရာတစ်ဦးဖြစ်တဲ့ Ji-Hoon(Kim Tae-Hoon) ဟာတော့ လက်ရှိမှာ နာမည်ပျက်ပြီးတော့ ကျဉ်းထဲကျပ်ထဲ ကြုံနေရတဲ့သူဖြစ်ပါတယ်။တစ်ရက် ကိစ္စတစ်ခုကြောင့် Jae-Yoon ရှိတဲ့ တောရွာဘက်လေးကို ရောက်လာပြီး Jae-Yoon ရဲ့ သုတေသနကို စိတ်ဝင်စားသွားတဲ့အခါ...သူ့ရဲ့ ကလောင်နာမည်အဖတ်ဆယ်ဖို့အတွက် ...
movie
Glass Garden (2017)
5.6
Beautiful Sunday (2007)
Beautiful Sunday (2007) ************************ မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာ တစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့် နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် ..ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး စိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များ အရသာတွေ့မှာ သေချာပါတယ်။ဇာတ်လမ်းအညွှန်း ************* ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့် ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။ သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက် ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီး သူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကို မင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး သူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြား ဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ....(ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်)File size…3.32GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle ...
movie
Beautiful Sunday (2007)