Channel Myanmar

Jeon Mi-seon

BA:BO – Miracle of Giving Fool (2008) 7.3
BA:BO – Miracle of Giving Fool (2008) BA:BO - Miracle of Giving Fool (2008)************************************IMDb... 7.3 CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက်တင် ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့မမလှလှ Ha Ji-wonတို့နဲ့အတူ မင်းသား Cha Tae-hyun နဲ့ မင်းသား Park Hee-soonတို့ငယ်ရွယ်စဉ်က ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော်ရုပ်ရှင်Ba Boဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးဟာ webtoonကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး အဆိုပါ webtoonကိုရေးသားသူကတော့ အားလုံးသိကြတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Moving, Light Shop အစရှိတဲ့ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးသူ Kang Full ပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနယ်မြို့လေး တစ်မြို့မှာ နေထိုင်တဲ့ ဆွန်းယုံး (Cha Tae-hyun) ဟာ ငယ်ရွယ်စဉ် ကလေးဘဝတုန်းကမတော်တဆမှုတစ်ခုကြောင့် အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူကိုယ်တိုင်လည်း ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်ချို့ယွင်းမှုအချို့ ဖြစ်ခဲ့ရတဲ့အတွက် သူဟာ လက်ရှိမှာ အသက်၂၇ ...
movie

BA:BO – Miracle of Giving Fool (2008)

Mother (2009) 7.7
Mother (2009) Missing You (2016)*******************IMDb....7.7 ဒီရုပ်ရှင်ကတော့ Parasite ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာကောင်းလေးတစ်ခုဖြစ်တဲ့Thriller Mystery genre လေးဖြစ်တဲ့ Mother ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ တစ်ခေတ်တစ်ခါ မြန်မာပရိတ်သတ်တွေကြားမှာ ထယ်ဆောက်လို့နာမည်ကြီးခဲ့တဲ့မင်းသား Won Bin, Nation’s mother လို့တောင် တင်စားလို့ရတဲ့ မင်းသမီးကြီး Kim Hye Ja,DOTS ကားထဲမှာ ဆောဒယ်ယောင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo တို့ပဲ ဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာ နေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရဲတွေဟာ ယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက်သားဖြစ်သူအပြစ်မရှိကြောင်းကို ...
movie

Mother (2009)

The King’s Letters (2019) 6.4
The King’s Letters (2019) The King's Letters (2019)**************************IMDb... 6.4 Song Kang-Ho , Park Hae-Il , Jeon Mi-Sun အစရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားအက္ခရာဖန်တီးပုံကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဂျိုဆွန်းဘုရင် ဆယ်ဂျုံးလက်ထက်မှာ ကိုယ်ပိုင်အက္ခရာမရှိခဲ့တဲ့အတွက်တရုတ်အက္ခရာများကိုသာ အသုံးပြုခဲ့ကြရပါတယ်။သို့သော်လည်း တရုတ်အက္ခရာတွေက မှတ်သားရခက်ခဲတဲ့အတွက်သာမန်ပြည်သူ အများစုက စာမတတ်ပေမတတ် ဘဝပဲ ဖြစ်ကျန်နေပြီးသူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတောင် ဘုရင်ဆီ ရေးသားလျှောက်တင်ဖို့ အခွင့်မရခဲ့ကြပါဘူး။ဒီအတွက် ဆယ်ဂျုံးဘုရင်က ပြည်သူအားလုံး ‌သင်ယူဖို့လွယ်ကူတဲ့ ကိုယ်ပိုင်အက္ခရာကိုဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းကြီးရှင်းမီဆိုသူနဲ့အတူ နှစ်ယောက်အင်အားပေါင်းပြီးဂျိုဆွန်းရဲ့ကိုယ်ပိုင်အက္ခရာကို ကြိုးစားဖန်တီးကြရာမှာတော့...ကိုးရီးယားသမိုင်းကြောင်းနဲ့ သွေဖည်နေတဲ့ အကြောင်းအရာများ ပါဝင်နေသော်ငြားဇာတ်လိုက်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ချက်များကတော့ အံ့မခန်းလောက်အောင်ကောင်းမွန်တာမို့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားလို့ အကြံပြုပါရစေရှင်။  (ဇာတ်လမ်းအကျဉ်းကို  Hnin Wai Oo  မှ ရေးသားပေးထားပါတယ်။) File size…  1.12GB / 400MB Quality… WEB-DL 1080p 5.1 ...
movie

The King’s Letters (2019)

City of Damnation (2009)
City of Damnation (2009) City of Damnation (2009)****************************Action + Comedy + Crime ပေါင်းစပ်ထားတဲ့ (3 in 1) ရသခံစားကြည့်ရအောင် ပရိသတ်ကြီးတို့....ကြမ်းခန်းရမ်းခန်းအက်ရှင်ခန်းတွေ မှုခင်းဖြေရှင်းပုံတွေကို ကြည့်ရှုခံစားရမယ့်အပြင်ဟာသအနှောလေးပါတာကြောင့် ပရိသတ်ကြီးအနေနဲ့ စိတ်အမောပြေတဲ့မယ့်၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ City of Damnation ဇာတ်ကားလေးကို မိတ်ဆက်လိုက်ပါတယ်။Jeong Jun-Ho၊ Jung Woong-In၊ Kim Sang-Joong ၊ Jeong Woon-Taek တို့လိုဝါရင့်သဘာရင့် သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်ကားရသအပြည့်ရမှာတော့ အမှန်ပါပဲ။ဇာတ်လမ်းအကျဥ်း-ချန်းချွန်းဒုံဟာ သာမန်ယာဉ်ထိန်းရဲအရာရှိဖြစ်သော်ငြားလည်း သူ့ရဲ့ဖြောင့်မတ်မှုတို့အတိုက်အခိုက်စွမ်းရည်တို့ကြောင့် ရဲဌာနမှာ နာမည်ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်ပါ။ထိုအချိန်မှာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့က လူမိုက်ဂိုဏ်းအဖွဲ့ခေါင်းဆောင်ယန်ဂန်ဆော့ရဲ့ နောက်ကြောင်းကိုလိုက်ပြီး ဖမ်းဆီးဖို့အတွက် ကြိုးစားနေတဲ့အချိန်ဖြစ်ပြီးဂိုဏ်းသတင်းတွေကို အတိအကျသိရဖို့အတွက် ဂိုဏ်းထဲမှာ သူလျှိုထည့်မယ့်အစီအစဉ်ကိုအကောင်အထည်ဖော်တဲ့အခါ အရာရှိချန်းတစ်ယောက်အရွေးခံလိုက်ရပါတယ်။အရာရှိချန်း လူမိုက်ဂိုဏ်းအဖွဲ့ထဲကို လက်သစ်လူမိုက်အနေနဲ့ရောက်ရှိသွားချိန်မှာပဲတစ်ဖက်လူမိုက်ဂိုဏ်းကလည်း ရဲတွေဟာ သူတို့ကို မျက်စိဒေါက်ထောက်ကြည့်နေမှန်းသိတဲ့အတွက်ရဲဌာနထဲမှာ သူတို့ရဲ့ တစ်ဦးတည်းသော တက္ကသိုလ်ဘွဲ့ရအဖွဲ့ဝင်လည်း ဖြစ်တဲ့အပြင်ဉာဏ်ထက်တဲ့ အီဂျုံဒယ်ကို ...
movie

City of Damnation (2009)

The Last Ride (2016) 6.8
The Last Ride (2016) The Last Ride (2016)CM ပရိသတ်ကြီးကို အူတက်အောင်ခွီရမယ့် ကိုရီးယားကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဂိုဟွမ်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ Lou Gehrig's Disease လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာဆေးရုံပေါ်မှာလှဲနေရတာပါ။ မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက်ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင်ထားပေးဖို့ကြိုးစားပါတော့တယ်။ မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ်ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ်ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။ သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ်တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။ သူတို့သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို သူတို့တွေဘယ်လိုဖြည့်ဆည်းပေးမှာလ မိဘတွေမသိအောင်သူတို့ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲဆိုတာ တစ်ကားလုံး တစ်လွဲတွေနဲ့ လုံးဝအူတက်နေအောင် ကြည့်ရှူရမှာပါ။မင်းသားတွေကလည်း God's Quiz ထဲက မှုခင်းဆရာဝန်မင်းသား Ryu Deok-hwan, Fight for My way , Reply 1998, Be Melodramatic, Mask Girl ထဲက Ahn Jae-hong ဆိုတဲ့ မျက်နှာပြောင်တဲ့ မင်းသားတွေပါဝင်ထားပြီး Box Office မှာ ဒေါ်လာ၂၁ သိန်း ကျော်ရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ(စကားလုံးတွေ ...
movie

The Last Ride (2016)

2016
Wedding Dress (2010) 7.5
Wedding Dress (2010) Wedding Dress (2010)ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲ သမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ် သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲ ချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲ ကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5GB | 724MB | 352MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Encoder ..... Aaron
movie

Wedding Dress (2010)

2010
Hide and Seek (2013) 6.3
Hide and Seek (2013) Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Hide and Seek (2013)

2013
Christmas in August (1998) 7.6
Christmas in August (1998) Christmas in August ( 1998 )သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ...
movie

Christmas in August (1998)

1998
Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003
Bungee Jumping of Their Own (2001) 7.2
Bungee Jumping of Their Own (2001) မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၁ ရာစု ခေတ်ဦးက BL ဇာတ်ကားပါ။ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ မြန်မာက "အမျှင်" ဆိုပြီး ပြန်ရိုက်ခဲ့ပါတယ်။ ထိုင်းကတော့ ၂၀၁၉ ခုနှစ် "Dew" ဆိုတဲ့ နာမည်နဲ့ ပြန်ရိုက်ခဲ့ပါတယ်။ ပြန်ရိုက်ထားတဲ့ကားတွေကတော့ မြန်မာမှု၊ ထိုင်းမှု ပြုတာ ဖြစ်တဲ့အတွက် မူရင်းကားရဲ့အရသာနဲ့ မတူပါဘူး။ ဒါကတော့ "Dew" ဇာတ်ကားရဲ့လင့်ခ်ပဲ ဖြစ်ပါတယ်။ https://channelmyanmar.to/dew/ ဒီကားမှာတော့ ၁၉၈၀ ဝန်းကျင်က စထားပါတယ်။ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ လီထယ်ဟီး ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး တစ်သက်တာ ပေါင်းဖက်ဖို့အထိ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့် မမျှော်လင့်ဘဲ ထယ်ဟီးတစ်ယောက် ဆုံးပါးခဲ့ရပါတယ်။ ၁၇ နှစ် အကြာမှာတော့ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ အိမ်ထောင်ရက်သားကျပြီး ကလေးတစ်ယောက်အဖေ ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ခပ်ဆိုးဆိုးကျောင်းသားတွေရဲ့အတန်းပိုင်ဖြစ်လာတဲ့ ဆောအင်ဝူးဟာ ကျောင်းသား-ဆရာ ဆက်ဆံရေး အရမ်းကို အဆင်ပြေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဆောအင်ဝူးတစ်ယောက် အင်ဟွန်ဘင် ဆိုတဲ့ ကျောင်းသားတစ်ယောက်အပေါ်ကို ကြွေမိသွားပါတော့တယ်။ ဒါတွေက ဘာကြောင့်များပါလဲ????? ဇာတ်လမ်းထဲမှာ ကျွန်တော်တို့ ဆက်ပြီး အဖြေရှာကြည့်ပါစို့ဗျာ။ ဇာတ်ဆောင် ...
movie

Bungee Jumping of Their Own (2001)

2001
The Executioner (2009) 6.2
The Executioner (2009) [Unicode]The Executioner ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ အကျဉ်းထောင်မှာ အလုပ်လုပ်ကြတဲ့ ရဲအရာရှိတွေရဲ့ ဘဝကို ဖော်ပြပေးထားပါတယ် လူဆိုး လူမိုက် သူခိုး လူလိမ်တွေ အများအပြား စုဝေးရာ ဒုစရိုက်လောကသားတွေ လူသတ်သမားတွေ များစွာရှိနေတဲ့ ဒီလို အကျဉ်းထောင်မှာ အလုပ်လုပ်ရတဲ့ သူတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာပါ...ဇာတ်လမ်းအကျဉ်းအို့ဂျယ်ယောင်းဟာ အကျဉ်းထောင်မှာ အလုပ်လုပ်ဖို့ အသစ်ရောက်လာတဲ့ အရာရှိလေးတစ်ယောက်ပါ အသစ်ရောက်တဲ့ ရဲအရာရှိ အငယ်လေးမို့လို့ အကျဉ်းသားတွေက မထီမဲ့မြင်လုပ်ကြပါတယ်တစ်ရက်မှာတော့ ကွင်းဆက်လူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ အကျဉ်းသားတစ်ယောက် သူတို့ အကျဉ်းထောင်ကို ရောက်လာခဲ့ပါတယ် အဲ့လူက အို့ဂျယ်ယောင်းကို ပြဿနာရှာဖို့ ကြံနေချိန်မှာပဲ စီနီယာအရာရှိတစ်ယောက်ဖြစ်တဲ့ ဘယ်ဂျုံဟိုက ဝင်ရောက် ကူညီပေးခဲ့တဲ့နောက်...သိပ်မကြာခင်အချိန်မှာပဲ အကျဉ်းသား ၃ ယောက်ကို သေဒဏ်စီရင်ဖို့ အထက်က အမိန့်ကျလာပါတယ် စီရင်ပေးရမယ့်သူကို မဲနှိုက်ဆုံးဖြတ်တဲ့အခါ အို့ဂျယ်ယောင်းလည်း ပါဝင်နေခဲ့ပါတယ် အို့ဂျယ်ယောင်းတစ်ယောက် ဒီလို အလုပ်ကြီးကို လုပ်နိုင်ပါ့မလား ဘယ်လိုအခက်ခဲတွေ ဆက်ကြုံရမလဲဆိုတာ ဒီဇာတ်လမ်းမှာ ...
movie

The Executioner (2009)

My Last Love (2017) 5.6
My Last Love (2017) ​ပျော်​စရာအရမ်း​ကောင်းတဲ့ ကင်​ဘုံယုံတို့မိသားစု​လေးရဲ့ ရင်​နစ်​ဖွယ်​ဇာတ်​​လမ်း​လေးတစ်​ပုဒ်​ ။အိမ်​​ထောင်​ဦးစီးဖြစ်​သူ ကင်​ဘုံယုံဟာ ​ဆောက်​လုပ်​​ရေး construction တစ်​ခုရဲ့ဒါရိုက်​တာတစ်​ဦးဖြစ်​ပြီး အနိုင်​ကျင့်​သူ သူ​ဌေးတစ်​​ယောက်​ရဲ့လက်​​အောက်​မှာ မိသားစုအတွက်​​အောက်​ကျို့ပြီး အလုပ်​ကြိုးစားသူတစ်​​ယောက်​ဖြစ်​ပါတယ်​။သားသမီးဖြစ်​သူ အမြှာနှစ်​​ယောက်​မှာ​တော့ တစ်​​ယောက်​ကစာ​တော်​ပြီး ​နောက်​တစ်​​ယောက်​က​တော့ ​ကျောင်းပုံမှန်​မတက်​ဘဲ အနုပညာကိုဝါသနာကြီးသူပီပီ သူငယ်​ချင်းနဲ့လမ်း​ဘေးမှာ​ဖျော်​ဖြေ​ရေးပွဲအ​သေးစား​လေး​တွေ လုပ်​ပြီးသီချင်းဆိုသူဖြစ်​ပါတယ်​။အငယ်​ဆုံးသမီး​လေးက​တော့ မူကြိုတက်​​နေပြီး အရမ်းချစ်​ဖို့​ကောင်းတဲ့အ​ဖေချစ်​သမီး​လေးတစ်​​ယောက်​​ပေါ့။ဖခင်​ဖြစ်​သူကင်​ဘုံယုံဟာ အနိုင်​ကျင့်​သူ သူ​ဌေး​ကြောင့်​ ​နေ့တိုင်းအရက်​​တွေ​သောက်​ဖြစ်​​နေပြီး ​နောက်​ဆုံး​တော့ ဗိုက်​​အောင့်​တဲ့​ဝေဒနာကို ခဏတိုင်းခံစား​နေ​သော​ကြောင့်​ ​ဆေးစစ်​လိုက်​​သောအခါ အူမကြီးကင်​ဆာဆို​သော ​ကြောက်​မက်​ဖွယ်​ဝေဒနာကြီးဆိုးကြီး(​နောက်​ဆုံးအဆင့်​)ရှိ​နေ​ကြောင်း သိခဲ့ရပါတယ်​။ထိုသို့ စိတ်​ဓာတ်​များ စုတ်​ပြတ်​သတ်​​အောင်​ ကျဆင်း​နေချိန်​ မလိုအပ်​ဘဲ​ဒေါသ​တွေထွက်​ကာ စာမလုပ်​သူသမီးဒါနင်းနဲ့လည်း အငြင်းအခုံ​တွေဖြစ်​ခဲ့ရပါတယ်​။ဖခင်​ဖြစ်​သူဟာ သူ​ဌေးဖြစ်​သူရဲ့သား​လေးကို​ကျောင်းသွားကြိုရတဲ့အချိန်​များ ရှိခဲ့​သော​ကြောင့်​ သားအကြီးဆုံးဖြစ်​သူက အ​ဖေဟာ အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​​နေပြီဟုထင်​ကာ အထင်​လွဲခဲ့ပါတယ်​။ကင်​ဆာဖြစ်​​နေသူ ဖခင်​ကြီးမှာ ဆိုက်​မှာလည်း အလုပ်​သမားတစ်​ဦးဓာတ်​လိုက်​​သေဆုံးမှု​​တွေ​ရော သားသမီးမကြည်​ညိုမှု​တွေ​ရော အကုန်​ပြည့်​နှက်​ကာ စိတ်​ဆင်းရဲ​​နေပါတယ်​။ဖခင်​ဖြစ်​သူဟာကိုယ့်​အတွက်​လည်းအချိန်​သိပ်​မကျန်​​တော့မယ့်​ လူ့ဘဝကြီးကို ဘယ်​လိုကုန်​ဆုံးသွားမလဲဆိုတာကို​တော့ ဒီဇာတ်​ကား​လေးကို ...
movie

My Last Love (2017)

2017