Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jenny Agutter
Captain America: The Winter Soldier (2014)
Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ...
movie
Captain America: The Winter Soldier (2014)
4K HEVC
8.0
The Avengers (2012)
Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor ...
movie
The Avengers (2012)
2012
4K HEVC
7.5
An American Werewolf in London (1981)
Horror နဲ့ Comendy ကို သေချာပေါင်းစပ်ရိုက်ကူးထားပြီးသူ့ခေတ်ရဲ့ မိတ်ကပ်နည်းပညာနဲ့ အကောင်းဆုံး werewolf transformation အခန်းတစ်ခုကို ရိုက်ပြသွားခဲ့တဲ့အပြင်အကောင်းဆုံးမိတ်ကပ် အော်စကာဆုကို ရရှိခဲ့တဲ့ သမန်းဝံပုလွေရုပ်ရှင်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကောလိပ်ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ဂျက်ခ်နဲ့ ဒေးဗစ်တို့ဗြိတိန်ကိုခရီးထွက်လာကြရင်း လပြည့်ညမှာ သမန်းဝံပုလွေ တိုက်ခိုက်တာခံလိုက်ရပါတယ်။ဂျက်ခ်ကတော့ သေသွားခဲ့ပေမဲ့ ဒေးဗစ်ကတော့ ဆေးရုံမှာပြန်နိုးလာခဲ့ပြီးဒဏ်ရာအလိမ်းလိမ်းနဲ့အသားတွေပဲ့ကျနေတဲ့ ဂျက်ခ်က သမန်းဝံပုလွေကျိန်စာကြောင့်undead ဘဝကနေမလွတ်မြောက်နိုင်တဲ့အကြောင်းအပြင် သမန်းဝံပုလွေ မျိုးဆက်ကိုဖြတ်နိုင်မှကျိန်စာပြယ်မဲ့အကြောင်း လာပြောတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။ဒေးဗစ်ကရော ဂျက်ခ်ပြောခဲ့သလို သမန်းဝံပုလွေ ကျိန်စာကို ပြယ်အောင်လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size : 10.6 GB, 2.4 GB, 763 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 37min Format : Mkv and ...
movie
An American Werewolf in London (1981)
4K HEVC
6.3
Sometimes Always Never (2018)
ခရစ်ယာန်ကျမ်းစာတွေထဲမှာ ပျောက်သောသားအကြောင်းရေးသားထားတဲ့ ကျမ်းပိုဒ်တွေ ပါဝင်ပါတယ်။အဲ့ဒီ ပျောက်သောသားဆိုတာက အိမ်ရဲ့စည်းစိမ်တစ်ဝက်ကို ယူကာအိမ်ကနေဆင်းသွားပြီး သုံးဖြုန်းလို့ ကုန်တော့မှ အိမ်ကိုပြန်လာတဲ့သားအကြောင်းပဲ ဖြစ်ပါတယ်။အဖေဖြစ်သူက အဲ့ဒီပျောက်သောသားပြန်လာတဲ့အခါမှာ စိတ်မဆိုးမငြိုငြင်တဲ့အပြင် အိမ်ရဲ့ကျွဲနွားတစ်ဝက်ကိုသတ်ပြီးစားသောက်ပွဲကြီးလုပ်ပေးတဲ့အပြင်လက်စွပ်တစ်ကွင်းပါ ပြန်လာတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာ ဘေးနားကနေရပ်ကြည့်နေရတဲ့ လူကတော့အဖေ့နားမှာပဲ ကျန်ပြီး အစစအရာရာကူလုပ်ပေးခဲ့တဲ့လိမ္မာတဲ့သားပါပဲ။အခုတင်ဆက်ပေးမဲ့ Sometimes Always Never ဆိုတဲ့ဇာတ်ကားကလည်းအဲ့ဒီအကြောင်းအရာကို Live Actionပြန်ရိုက်ထားသလားတောင် ထင်ရပါတယ်။2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားဖြစ်ပြီး IMDbRating 6.3 ရရှိထားပါတယ်။ဇာတ်ကားလေးရဲ့ အကျဉ်းချုပ်ကတော့ အထက်မှာပြောခဲ့သလိုပဲ အလန်ဆိုတဲ့အဖေမှာ ပီတာနဲ့ မိုက်ကယ်ဆိုတဲ့သားနှစ်ယောက်ရှိပြီး မိုက်ကယ်ကတော့ ငယ်ငယ်လေးကတည်းကအိမ်ကနေဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတော့ အလန်ကမိုက်ကယ်ပျောက်သွားတဲ့အချိန်ကတည်းကစပြီး လိုက်ရှာနေခဲ့တာအခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။အဲ့ဒီလို ပျောက်သောသားကို လိုက်ရှာနေရင်းနဲ့ အဖေဖြစ်သူရဲ့အနွံတာတွေ အားလုံးကို ခံနေရသူကတော့ ပီတာပဲဖြစ်ပြီးသူ့အဖေပြဿနာရှာသမျှ ဒုက္ခပေးသမျှကို ခါးစည်းခံရင်းနဲ့ပဲသည်းခံနေလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အလန်ကတော့ပီတာ့ကို မမြင်ဘဲပျောက်သောသားကိုပဲ လိုက်ရှာနေရင်းနဲ့နောက်ဆုံးမှာ ကျမ်းစာထဲကလို ပျောက်သောသားအိမ်ပြန်လာပါ့မလားဆိုတာကို ကြည့်နေကျဇာတ်ကားတွေနဲ့ Feelingမတူပဲ တစ်မျိုးလေးကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File ...
movie
Sometimes Always Never (2018)
5.7
Queen of the Desert (2015)
Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie
Queen of the Desert (2015)
2015
5.4
The Railway Children Return (2022)
ဒီတစ်ခါတော့ မျက်ရည်မခိုင်တဲ့သူတွေမကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် ခင်ဗျာ လူ့တိရစ္ဆာန် အက်ဒေါ့ဖ်ဟစ်တလာ ကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး၅နှစ်ကြာတဲ့အချိန်မှာပဲ ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗြိတိသျှမြို့တွေ့ကို ဗုံးကြဲတိုက်ခိုက်လို့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဗုံးလွတ်တဲ့ကျေးလက်ဒေသတွေဆီပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့ အဲဒီလိုနဲ့ လီလီ, ပတ်တီ နဲ့ တက်ခ် ဆိုတဲ့မောင်နှမ ၃ယောက်ဟာ ရော့ရှိုင်းယားဒေသကိုရောက်ပြီး ၃ယောက်တောင်ဖြစ်နေလို့ဘယ်သူမှ ခေါ်ထားဖို့ မရွေးတဲ့အချိန်မှာပဲ အဲဒီမြို့က ကျောင်းအုပ်ဆရာမကြီးရဲ့အမေက သနားပြီးခေါ်ထားလိုက်တာပါသူ့ဆီမှာလည်း မြေလေးတစ်ယောက်ရှိတော့ အဖွဲ့ကျပြီး ကစားကြရင်းနဲ့ အမေရိကန်စစ်ပြေးရဲဘော်လေးတစ်ယောက်နဲ့ တွေ့ခဲ့ကြတာပါ အဲဒီအချိန်မှာပဲ ဇာတ်လမ်းလေးက စခဲ့ရတာပေါ့ ဒီကားထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စစ်အနိဌာရုံတွေ ရှင်ကွဲ ကွဲရတဲ့မိသားစုတွေ သေကွဲကွဲရတဲ့ မိသားစုအကြောင်းတွေ ကလေးတွေရဲ့ ဖြူစင်တဲ့မေတ္တာတွေ အမေရိကန်တွေရဲ့ အသားရောင်ခွဲခြားမှုတွေကို တဝကြီးခံစားပြီး တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ တစ်သျှူးလေးဘေးချပြီး ကြည့်ရမဲ့ ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦးဗျာ...File ...
movie
The Railway Children Return (2022)
5.8
Child’s Play 2 (1990)
1990 ကထွက်ရှိခဲ့တဲ့ child's play 2 ဖြစ်ပါတယ်....ဒီကားမှာတော့ Chucky ဘယ်လိုတွေဆိုးသွမ်းလာမလဲဆိုတာဆက်လက်ပြီးကြည့်ရတော့မှာပါ...File Size : (837 MB) and (294 MB) Quality : 720p Bluray Running Time : 1hr 24min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by d3mon Encode by Moe Myint Lwin
movie
Child’s Play 2 (1990)
1990