Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jemima Rooper
The Black Dahlia (2006)
The Black Dahlia (2006) ***********************ခုတခေါက်တင်ဆက်ပေးမယ့် ကားလေးကတော့ The Black Dahlia ဆိုတဲ့Crime/Thriller အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်...၁၉၄၇ ခုနှစ်မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ The Black Dahlia မှုခင်းအပေါ် မှီငြမ်းဇာတ်အိမ်တည်ရေးထားတဲ့ဝတ္ထုကိုဒါရိုက်တာကြီး Brian De Palma က ရုပ်ရှင်အနေနဲ့ ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်...ယင်းဒါရိုက်တာ Brian De Palma ဟာဆိုရင် နာမည်ကျော်ရုပ်ရှင်ကားများဖြစ်တဲ့Carrie(1976), Dresses to Kill(1980), Scarface(1983), The Untouchables(1987) နဲ့Mission: Impossible (1996) တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း --------------Bucky Bleichert နဲ့ Lee Blanchard တို့ဟာ လော့စ်အိန်ဂျလိရဲဌာနကလက်ဝှေ့သမားဟောင်း ရဲအရာရှိများဖြစ်ပြီး တစ်နေ့ကျ သံသယရှိတရားခံကို တူတူစောင့်ကြရင်းမမျှော်လင့်ထားတဲ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ Lee ဟာ သူ့တွဲဖက်ကို ကယ်တင်နိုင်ခဲ့ပါတယ်...အဲဒီအချိန်ကစပြီး Bucky တစ်ယောက် သူ့တွဲဖက်ကို ယုံကြည်အားကိုးကာ ကျေးဇူးတင်မဆုံးဖြစ်ရပါတော့တယ်...ထိုဖြစ်စဉ်အပြီးမကြာမီမှာပဲ ရက်စက်စွာအသတ်ခံရတဲ့ ...
movie
The Black Dahlia (2006)
6.2
Here (2024)
ဒီ Here ဆိုတဲ့ရုပ်ရှင်ကတော့ "ဒီနေရာ" ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲကင်မရာက နေရာတစ်နေရာတည်းကို Focus ထားပြီး ကမ္ဘာဦးအစကနေလက်ရှိခေတ်ရောက်တဲ့အချိန်ထိ အဲဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့သမျှကိုပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစကနေ တောက်လျှောက် ကင်မရာကအိမ်တစ်အိမ်ရဲ့ဧည့်ခန်း တစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့ပြီးဇာတ်သိမ်းပိုင်းမှသာ အိမ်ရဲ့အပြင်ဘက်နဲ့ အခြားနေရာတွေကိုခဏတာမြင်ခွင့်ရမှာ ဖြစ်ပါတယ်။ဒီလိုပြောလိုက်လို့ ပျင်းစရာကြီးနေမှာလို့တော့ မတွေးမိစေချင်ပါဘူး။ဒီတစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့တဲ့အတွက်ကြောင့်အဲဒီတစ်နေရာမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို ဆယ်စုနှစ်၊ရာစုနှစ်နဲ့ချီပြီးတော့ ပြောင်းလဲသွားတာတွေကို မြင်တွေ့ရမှာပါ။ရုပ်ရှင်ဆိုတဲ့အတွက် ဖန်တီးရိုက်ကူးထားတာဖြစ်ပေမဲ့ တကယ့်သမိုင်းကြောင်းအချက်အလက်တွေလည်း ပါဝင်နေခဲ့ပါတယ်။ဥပမာဆိုရင် လက်ရှိရိုက်ကူးနေတဲ့အိမ်ရဲ့ မျက်စောင်းထိုးတစ်ဖက်လမ်းကအိမ်ကြီးက မိုးကြိုးလျှပ်စီးဟာ လျှပ်စစ်ဓာတ်တစ်မျိုးဖြစ်တယ်ဆိုတာကို မိုးသည်းကြီးမည်းကြီးထဲ စွန်လွှတ်ရင်းရှာဖွေတွေ့ရှိခဲ့တဲ့ ဘန်ဂျမင် ဖရန်ကလင်ရဲ့ တရားမဝင်သား ဝီလီယံဖရန်ကလင် နေထိုင်သွားတဲ့အိမ်ဆိုပြီး ပါပါတယ်။ပြီးတော့လည်း တီဗီရှေ့မှာ ဇိမ်ရှိရှိနဲ့ ထိုင်ကြည့်ဖို့အတွက်ဆိုဖာခုံကို တီထွင်ခဲ့တဲ့သူ...Google မှာ ရိုက်ရှာလိုက်ရင် အဲဒီ La-Z-Boy အမည်ရတဲ့ဆိုဖာခုံကို တီထွင်ခဲ့တာ မီရှီဂန်က ညီအစ်ကိုနှစ်ယောက်လို့တွေ့ရပေမဲ့ ဒီထဲမှာတော့ ဘီလီဆိုတဲ့ လူကောင်ကြီးကြီးနဲ့တစ်ယောက်က အိမ်မှာ အမြဲတမ်းသူ့ထိုင်ခုံကို အဆင့်မြှင့်တင်နေခဲ့ပြီးနောက်ဆုံး ...
movie
Here (2024)
4K HEVC
7.1
Joy (2024)
နာမည်ကျော် ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးCMပရိတ်သတ်တို့နဲ့မစိမ်းတဲ့ မင်းသားကြီး Bill Nighy၊Jojo Rabbit (2019) နဲ့ Late Night in Soho (2021)တို့နဲ့လူသိများတဲ့ မင်းသမီး Thomasin McKenzieအပြင်မင်းသားချော James Norton တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ရုပ်ရှင်ကတော့ အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသားနည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်းရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေကလေးမရနိုင်ရင် "အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ"စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s 60s ကာလတွေမှာအမျိုးသမီးတွေဘယ်လောက်များခက်ခဲခဲ့ကြမလဲ။ဒီမျိုးဆက်မပွားနိုင်တဲ့ပြဿနာကို ဆေးသိပ္ပံပညာပိုင်းလိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူကဒေါက်တာရောဘတ် အက်ဒ်ဝက်ပါ။သိပ္ပံပညာရှင် ဒေါက်တာရောဘတ်အက်ဒ်ဝက်ရယ်၊အရည်အချင်းအပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုးရယ်၊ဓာတ်ခွဲခန်းမန်နေဂျာသူနာပြုမလေး ဂျင်းပါဒီတို့ရယ်သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကိုဖန်တီးပေးဖို့ကြိုးစာခဲ့ကြပါတယ်။ပြောလို့သာလွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရောဆေးသိပ္ပံပညာပိုင်းအရရော ခေတ်ကာလအရပါ အခက်အခဲတွေအများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။ကမ္ဘာ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး "Joy"မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာကောင်းကောင်းကြီးမြင်တွေ့ရမှာပါ။နာမည်ရ ...
movie
Joy (2024)
A Sound of Thunder (2005)
2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို ...
movie
A Sound of Thunder (2005)
7.1
Kinky Boots (2005)
Kinky Boots (2005)IMDb - 7.1 Rotten Tomatoes - 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲအလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာသတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီးဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲအလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။ တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်းဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size… 1.3 GB / 781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie
Kinky Boots (2005)
6.8
What If (2013)
What If (2013) Genre – Comedy, Romance IMDB – 6.8/10“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ်ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်”ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာကဒီသီချင်းလေး ဖြစ်နေလို့။အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကိုတွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင်ဘယ်လိုတွေဆက်လုပ်ကြမလဲ...လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား...မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား…ဝေခွဲမရဖြစ်မှာ သေချာပါတယ်။တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြောတလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်းကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ်ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ်ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့အခက်သားမဟုတ်လား…။သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်းရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ်ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့ကမျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ…ဘာဆက်လုပ်ရမလဲ…။ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီးဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ဒယ်နီရယ်ရတ်ကလစ်ဖ် ...
movie
What If (2013)
2013
5.7
The People We Hate at the Wedding (2022)
The People We Hate at the Wedding (2022)(1080p ရပါပြီ)ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ...
movie
The People We Hate at the Wedding (2022)
2022
4.4
Matriarch (2022)
Horror ကားကြိုက်တဲ့ ပရိသတ်ကြီးအတွက် စားသောက်နေတုန်း မကြည့်သင့်တဲ့ကားလေး လာပါပြီ။ တော်ရုံ သရဲကားတိုင်းမှာ ကြည့်ဖူးနေကျ Jump Scare တွေမပါတာတစ်ခုတော့ သဘောကျမိတယ်။ဇာတ်လမ်းကတော့ အင်္ဂလိပ်ရိုးရာပုံပြင်ကို စိတ်ကူးပုံဖော်ထားပြီး ဖြည်းဖြည်းချင်း ဇာတ်ရှိန်တက်သွားတဲ့ horror ဇာတ်လမ်းမျိုးပါပဲ။မြို့ပေါ်မှာ တစ်ကိုယ်တည်းနေတဲ့ လော်ရာဆိုတဲ့ အမျိုးသမီးက ဆေးလွန်ပြီးသေတော့မလို ဖြစ်ခဲ့ပေမယ့် ထူးဆန်းတဲ့အရာတစ်ခုရဲ့ ကယ်တင်မှုကြောင့် အသက်ပြန်ရှင်လာခဲ့ပါတယ်။ဘာမှန်းမသိတဲ့ ရှုပ်ထွေးမှုတွေကို အဖြေရှာမရတဲ့အချိန်မှာ သူ့ကို အနှစ် ၂၀ လုံးစွန့်ပစ်ခဲ့တဲ့ အမေဖြစ်သူဆီက ဆက်သွယ်လာပြီး အိမ်ပြန်လာဖို့ နားချခဲ့တာကြောင့် လော်ရာတစ်ယောက် သူ့ရဲ့ဇာတိရွာလေးကို ပြန်လာတဲ့အချိန်မှာတော့ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရပါတော့တယ်။ပထမဆုံးကတော့ လူတွေက အသက်မကြီးသွားကြတာပါပဲ။သူ့အမေကတောင် သူနဲ့မတိမ်းမယိမ်း ဖြစ်နေပြီး ကျန်တဲ့ ရွာထဲကလူတွေ အားလုံးကလည်း သူ ငယ်ငယ်တုန်းက အတိုင်းပဲ အိုမင်းသွားခြင်းမရှိဘဲ နုပျိုနေကြတဲ့ မူမမှန်တဲ့ကိစ္စကြီးနဲ့ စတင် ကြုံတွေ့ရပါတော့တယ်။တဖြည်းဖြည်းနဲ့ သူ့ရောဂါအဆန်းကြီး ပြန်ထလာတာကြောင့်ရော ရွာရဲ့ မူမမှန်တာတွေနဲ့ ...
movie
Matriarch (2022)