Channel Myanmar
Jeffrey Tambor
My Boss’s Daughter (2003) 5.0
My Boss’s Daughter (2003) My boss's daughter (2003) ===================မိုးအေးအေးနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy, Romance ကားနဲ့ မိတ်ဆက်ပေးပါရစေ......တွန်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားတစ်ယောက်က အလုပ်မှာ သူ့ဆရာရဲ့သမီး လီဆာ ကို ကြိတ်ကြွေနေပါတယ်။ တစ်ရက်ကျတော့ လီဆာက သူငယ်ချင်းပါတီသွားချင်လို့ တွန်ကို သူ့အဖေ တေလာရဲ့ အိမ်ကို စောင့်ပေးဖို့ အကူအညီတောင်းပါတယ်။ တွန်ကလည်း လီဆာနဲ့ အနေနီးဖို့အတွက် အိမ်စောင့်ပေးဖို့ကို သဘောတူခဲ့ပါတယ်။လီဆာ့အဖေ တေလာက အလုပ်မှာရော အိမ်မှာပါ စည်းစနစ်ကြီးတဲ့ သူတစ်ယောက်ပါ။ တွန်တစ်ယောက် အိမ်စောင့်နေတဲ့ညမှာပဲ ဗရုတ် သုတ်ခတွေဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား လီဆာနဲ့ရော အမြန်ဆုံး နီးစပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... Comedy, Romance ကားလေးဖြစ်ပြီး . အတော်လေးကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.62 GB) / (750 MB) / (500 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder..........SWM 
movie
My Boss’s Daughter (2003)
2003
The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie
The Invention of Lying (2009)
2009
How the Grinch Stole Christmas (2000) 6.2
How the Grinch Stole Christmas (2000) How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကား‌ပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie
How the Grinch Stole Christmas (2000)
2000
Meet Joe Black (1998) 7.2
Meet Joe Black (1998)   ဒီတစ်လော မင်းသားကြီး Brad Pitt ရဲ့ ရုပ်ရှင်ကားတွေပြန်ကြည့်ဖြစ်ရင်း Meet Joe Black ဆိုတဲ့ ကားကိုCM မှာ တင်ပေးဖို့ သတိထားမိသွားပါတယ်ဒီကားကို တိပ်ခွေခေတ်က ခဏ ခဏ ကြည့်ဖူးပါတယ်DVD ခွေတွေ ထွက်တဲ့အခါလဲ BluRay အခွေဝယ်သိမ်းတဲ့ အထိ ကြိုက်ခဲ့မိပါတယ်...ဒီရုပ်ရှင်ကားမှာ မင်းသားကြီး Brad Pitt သရုပ်ဆောင်တဲ့အချိန်က ၁၉၉၈ ခုနှစ်ဖြစ်ပြီး Brad Pitt ရဲ့ အသက်က၂၁ နှစ်ပဲ ရှိပါသေးတယ်...နာမည်ကျော်မင်းသားကြီး ရဲ့ ငယ်ရွယ်နုပျိုချောမောနေမှုကပျိုတိုင်း ယိုင်လဲလောက်ပါတယ်...အပြုံး အကြည့် ခပ်ပေပေ ပုံစံလေးတွေက အစဆွဲဆောင်မှု ရှိနေတာမျိုးပေါ့...ဒီရုပ်ရှင်ကားကလဲ မိသားစုလိုက်ကိုကြည့်သင့်တဲ့ ကားမျိုးဗျ မိသားစု မေတ္တာကိုပိုအသားပေး ထားတာမျိုးပဲဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော်စပွိုင်လာ ဖြစ်ချင်လဲ ဖြစ်နိုင်တာမို့ ကြည့်ဖို့ ရည်ရွယ်ထားရင်ဆက်မဖတ်နဲ့တော့....ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခု ရဲ့ ဥက္ကဌ ဖြစ်သူ ဘေးလ် ဟာတစ်ညသော ...
movie
Meet Joe Black (1998)
1998
Tangled 2010 7.7
Tangled 2010 ဟိုးရှေးရှေးတုန်းက နေ‌ရောင်ခြည်လေးတစ်စက်ဟာ ကောင်းကင်ပေါ်ကနေ လူ့ပြည်ကိုကျလာခဲ့ဖူးသတဲ့ အဲ့ဒီနေစက်လေးကနေ မှော်ဝင်ရွှေရောင်ပန်းလေးတစ်ပွင့်ဖူးပွင့်ခဲ့ပြီ သူ့မှာ ဖျားနာ ဒဏ်ရာ နာကျင်မူတွေကိုကုသပေးနိုင်စွမ်းရှိလေသတဲ့ .... ပြူတင်းပေါက်လေးနေ ဟိုးအဝေးကိုလှမ်းမျှော်ကြည့်ခဲ့ရတဲ့နေ့ရက်တွေ... ဘယ်ဆီကိုမှန်မသိ မှန်းမျှော်ခဲ့ရတဲ့အချိန်တွေ.. အခုတော့ ရည်ရွယ်ရာဆီရောက်ခဲ့ပြီ.. မြူမှုန်တွေ ပင့်တင်လိုက်သလို.. အလင်းရောင်ကိုငါတွေ့ခဲ့ရပြီလေ... ကောင်မလေးက- အမ်မက်တစ်ခုကို လိုလားတောင့်တခဲ့ပြီး အဲ့ဒီတစ်ခုအတွက်ကြိုးစားလျှောက်လှမ်းရင်း တစ်နေ့အဲ့ဒီပန်းတိုင်ကိုရောက်တဲ့အခါမှာကော ပျော်ရွှင်ရပါ့မလား မျှော်မှန်းထားသလိုကော ဖြစ်လာပါ့မလား ဖြစ်လာခဲ့ရင်ကော အဲ့ဒါပြီးရင် ဘာဆက်လုပ်ရမှာလဲ လို့မေးတဲ့အခါ ကောင်လေးက- အဲ့ဒီအတွက် ကောင်းကွက်ကတော့ မင်းနောက်အိမ်မက်တစ်ခုကိုမက်လို့ရပြီပေါ့... ငါ့ရဲ့အိမ်မက်အသစ်ကတော့ မင်းပါပဲ... အိုကေ Tangled ဆိုတာ 2010 တည်းကထွက်ခဲ့တဲ့ Animation Movie တစ်ခုပါ။ ဆံပင်ရှည်ကောင်မလေး နဲ့သူခိုးလေးတစ်ယောက်တို့ရဲ့ ဇတ်လမ်းလေးပေါ့ ဇတ်ကွက် အလှည့်အပြောင်းလေးတွေကတော့အားလုံး အလွတ်တောင်ရနေလောက်ပါပြီ။ ဒီဇတ်ကားလေးကို ဖန်များအကြည်ပြန်သိမ်းနိုင်ဖို့နဲ့ နောက်တစ်ကြိမ်ဟိုးတစ်ချိန်က ဆံပင်ရှည်နဲ့ကောင်မ‌လေးဇတ်ကားကို ပြန်ခံစားနိုင်ဖို့ ချန်နယ်မြန်မာကနေ တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇတ်ကားက Musical Animation တစ်ခုဖြစ်တာကြောင့် ဇတ်ကားထဲကသီချင်းများကိုလဲ အတတ်နိုင်ဆုံး မူရင်းအရသာမပျက်အောင် ဘာသာပြန်ထားပေးပါတယ်ခင်ဗျ။ "I See the Light" သီချင်းနဲ့ 54th Grammy Awards နဲ့ Best Song Awards ဆုတို့ရရှိခဲ့ပါတယ်။ Nominated များစွာဝင်ခဲ့ပြီး ဇတ်လမ်းတို Tangled Ever After ကို 2012 မှာထပ်ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ ...
movie
Tangled 2010
2010
Magic Camp 2020 6.3
Magic Camp 2020 Magic Camp ဆိုတဲ့ ဇာတ်​လမ်​း​လေးက​တော့ အံသြစရာ ရင်​ခုန်​စရာ​ကောင်​းလှတဲ့ မျက်​လှည်​့​လေး​တွေနဲ့ မျက်​လှည်​့ပညာရှင်​ လူငယ်​​တွေကြားက ဟာသအလွဲ​လေး​တွေကို ကြည်​့ရှုရမယ်​့ ဇာတ်​လမ်​း​လေးပဲဖြစ်​ပါတယ်​။ မျက်​လှည်​့ပညာရှင်​ဖြစ်​ချင်​ကြတဲ့ က​လေး​တွေအတွက်​ ဖွင်​့လှစ်​​ပေးထားတဲ့ ​နွေရာသီ စခန်​းချသင်​တန်​း​လေးတစ်​ခု..... အဲ့ဒီ့ ​နွေရာသီမျက်​လှည်​့သင်​တန်​း​ကျောင်​းကို ရာက်​လာကြတဲ့ သင်​တန်​းသား​လေး​တွေက​တော့.... ဖခင်​ဖြစ်​သူဆုံးပါးသွားပြီး​နောက်​ ဖခင်သင်​​ပေးခဲ့တဲ့ မျက်​လှည်​့ပညာကိုလူမသိ​အောင်​​လေ့ကျင်​့ရင်​း ဖခင်​ကိုတမ်​းတ​နေတဲ့ သီအို မိဘ​တွေရဲ့ဂရုစိုက်​မှုမခံရဘဲ အ​ဝေးပို့ခံရတဲ့အတွက်​ စိတ်​မပါဘဲစခန်​းကို​ရောက်​လာတဲ့ ဂျနဲလ်​ ဓာတ်​မတည်​့တဲ့အရာ​တွေများစွာ​ကြောင်​့ ကျန်​းမာ​ရေးမ​ကောင်​း​ပေမဲ့ သချင်္ာသိပ်​​တော်​တဲ့ ​နေသန်​ နာမည်​ကြီးမျက်​လှည်​့ပညာရှင်​ဖြစ်​တဲ့ဖခင်​ရဲ့​မျှော်​လင်​့ချက်​ကို မလွန်​ဆန်​နိုင်​တဲ့အတွက်​ ဝါသနာမပါတဲ့မျက်​လှည်​့သင်​တန်​းကို​ရောက်​လာရတဲ့ ဂျဒ်​ တို့ပဲဖြစ်​ပါတယ်​။ သူတို့​လေး​တွေကို သင်​ကြား​ပေးဖို့ မျက်​လှည်​့ပညာမှာထူးချွန်​​ပေမယ်​့ စင်​မြင်​့ထက်​ပြသဖို့စွန်​့လွှတ်​ခဲ့တဲ့ အန်​ဒီနဲ့ အန်​ဒီ့ကို သစ္စာ​ဖောက်​ခဲ့တဲ့ ထိ်ပ်​တန်​းမျက်​လှည်​့ပညာရှင်​့ ခရစ်​တီးနားတို့ကို တာဝန်​အ​ပေးခံရတဲ့အခါမှာ​တော့ သူတို့ရဲ့ Magic camp ​လေး ဘယ်​လို အသက်​ဝင်​လှုပ်​ရှားသွားမလဲ ? က​လေး​တွေရဲ့ ​ပေါက်​ကရအပြုအမူ​တွေကို အန်​ဒီနဲ့ ခရစ်​တီးနားတို့ ...
movie
Magic Camp 2020
There’s Something About Mary (1998) 7.1
There’s Something About Mary (1998) There's Something About Mary (1998)IMDb....7.1,,,,Rotten..83%အချစ်ဝတ္ထုစာအုပ်တွေ တော်တော်များများဖတ်ကြပေမယ့် လူငယ်တွေကြားမှာဆိုရင်စာရေးဆရာ နီကိုရဲတို့ ဆရာမင်းလူတို့ရေးတဲ့အချစ်ဝတ္ထုတွေကို ကျွန်တော်တို့ ပိုသဘောကျကြတယ်... သူတို့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ ကောင်လေးတွေဟာ အများအားဖြင့် ဖြူစင်ရိုးသားကြပြီး လုပ်သမျှအလုပ်တိုင်းနီးပါး အလွဲတွေများနေသလိုကောင်မလေးတွေကျတော့လှပပြီး အနည်းနဲ့အများတော့ ထက်မြက်တဲ့အထဲပါကြတယ်....ကျွန်တော်တို့ဟာ ရိုးသားတာကိုပဲတန်းဘိုးထားကြလို့လား ထက်မြက်တဲ့မိန်းကလေးတွေကိုပဲသဘောကျလို့လားတော့မသိ...သူတို့ရေးတဲ့စာအုပ်တွေကိုတော့ တကယ့်ကိုစွဲလမ်းခဲ့ကြပါသည်...ဒီကားထဲမှလဲ တက်ဒ်ဆိုတဲ့ ရိုးသားပြီးအူကြောင်ကြောင်နိုင်တဲ့ကောင်လေးတစ်ယောက်ဟာကျောင်းရဲ့အထင်ကရ မေရီဆိုတဲ့ကောင်မလေးကို သဘောကျသွားမိတာပါပဲ....ကံကောင်းတာက အထက်တန်းကျောင်းကပွဲအတွက်မေရီနဲ့တွဲတက်ခွင့်ရပေမယ့်  သွားမယ့်နေ့မှာတကယ့် မဟာအလွဲကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်..အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်းတော့ တက်ဒ်နဲ့ မေရီတို့တို့ထပ်မတွေ့ဖြစ်ကြတော့ဘူး....သို့ပေမယ့် ရိုးသားပြီးအချစ်ကိုတန်ဘိုးထားတဲ့ တက်ဒ်အဖို့ မေရီကိုမေ့ဖျောက်လို့မရနိုင်ခဲ့ဘူး....နှစ်တွေကြာလာမှ သူဟာ မေရီရဲ့အချစ်ကို ပြန်ရယူဖို့ကြိုးစားတဲ့အခါမှာတော့....ဒီကားထဲက အဓိက မင်းသားကြီးဖြစ်တဲ့  Ben Stiller နဲ့  မင်းသမီးချောကြီး Cameron Diaz ကိုတော့ အားလုံးပဲသိကြပါလိမ့်မယ်..Rating လေးတွေကလည်းကောင်းသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ကားလေးမို့ကြည့်သင့်ပါကြောင်း ပြောကြားပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်.... File Size : (1.1GB)  Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie
There’s Something About Mary (1998)
1998
Meet Joe Black (1998) 7.2
Meet Joe Black (1998) Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance  ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie
Meet Joe Black (1998)
1998
Paul (2011) 7.0
Paul (2011) CM ပရိတ်သတ်အတွက် ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Paul" ဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2011 က ထွက်ရှိခဲ့တာဖြစ်ပါတယ်...လူတိုင်းမှာ ဝါသနာအမျိုးမျိုးရှိပါတယ်..သီချင်းဆိုတာစိတ်ဝင်စားတာ.. ကွန်ပြူတာစိတ်ဝင်စားတာ...စသဖြင့် ဝါသနာကိုယ်စီရှိကြပါတယ်...ကလိုက်ဗ် နဲ့ ဂရမ်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဂြိုဟ်သားရှိတာကိုယုံကြည်ပြီး ဂြိုဟ်တွေအကြောင်းကို စိတ်ဝင်စားကြပါတယ်..ဝါသနာတူသူငယ်ချင်းနှစ်ယောက်အမေရိကန်မှာကျင်းပတဲ့ သိပ္ပံရုပ်ပြပွဲကို သွားချိန်မှာဇာတ်လမ်းစတော့တာပါပဲ....သူတို့နှစ်ယောက်ဟာ ဥက္ကာပျံတွေပျက်ကျတယ်ဆိုပြီး လူသိများတဲ့ နေရာတစ်ခုကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်..အဲ့အချိန် Paul လို့ အမည်ရတဲ့ ဂြိုဟ်သားဟာ FBI ကနေ ထွက်ပြေးလာချိန်ဖြစ်ပါတယ်...Paul ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်တည်းက ကမ္ဘာမြေပေါ်ယာဉ်ပျက်ကျကာ အစိုးရခိုင်းစေတဲ့ တာဝန်တွေကို အကြံပေးနေရသူပါ...တစ်နေ့ သူ့ကိုသတ်မယ်ဆိုတဲ့ သတင်းကြားပြီးနောက် ထွက်ပြေးတိမ်းရှောင်ရပါတော့တယ်...Paul ဟာ ဂရမ်း ကလိုက်ဗ်တို့နဲ့ ပတ်ပင်းတိုးပါတော့တယ်...သူငယ်ချင်းနှစ်ယောက်ဟာ Paul ကို သူ့နေရပ်ကို ပြန်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်...ဒီအပြန်ခရီးမှာတော့ ကြုံရတဲ့အလွဲတွေ.. ဟာသနှောထားတဲ့ အဖြစ်အပျက်လေးတွေ..FBI ...
movie
Paul (2011)
2011
Tangled: Before Ever After (2017) 6.6
movie