Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeffrey Mowery
7.7
Silver Linings Playbook (2012)
Silver Linings Playbook (2012)IMDb Rating (7.7) / Rotten Tomatoes (92%)Bradley Cooper နဲ့ Jennifer Lawrence တို့အပြင် Robert De Niro , Chris Tucker , Julia Stiles စတဲ့နာမည်ကြီးတွေလဲပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Matthew Quick ရဲ့ ၀တ္ထုဖြစ်တဲ့ The Silver Linings Playbook ကို အသက်သွင်းထားတာပါ။ဂျနီဖာလောရန့်က ဒီဇာတ်ကားနဲ့ အော်စကာရခဲ့ပြီး တခြားသရုပ်ဆောင်တွေလဲ အော်စကာ Nominee ဝင်ခဲ့သလို ဘတ်ဂျက် $21 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ $236.5 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုကြီးမားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းအစမ်းခန့်ဆရာတစ်ယောက်ဖြစ်တဲ့ အဓိကဇာတ်ကောင်ပတ်ထ်ဟာ bipolar disorder ရောဂါခံစားနေရတဲ့ လူတစ်ယောက်ပါ။ မိန်းမဖောက်ပြန်နေတာကို ရေချိုးခန်းထဲမှာသွားတွေ့ပြီး အဲဒီလူကို သေလုနီးနီးထိ ...
movie
Silver Linings Playbook (2012)
4K HEVC
6.6
The Mighty Macs (2009)
The Mighty Macs (2009)IMDb - 6.6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~The Mighty Macs(2009) ကတော့ Spy Kidမင်းသမီး Carla Gugino နဲ့ Oscarဆုရှင် Ellen Burstyn မှသရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် sport drama လေးဖြစ်ပါတယ်။ ကေသီရက်က အားကစားသမားဘဝကနေအနားယူပြီး NBAဒိုင် ယောကျာ်းဖြစ်သူကိုပဲ အားပေးနေရပါတယ်။ သူမက တနေ့မှာတော့ ကတ်သလစ်ကျောင်းလေးက အမျိုးသမီးဘတ်စကတ်ဘောအသင်းအတွက် နည်းပြနေရာလျှောက်လိုက်ပြီး အင်တာဗျူးအခေါ်ခံရရာကနေ ဇာတ်လမ်းလေးကစပါတယ်။ အသင်းသားတွေဟာ ပစ္စည်းကိရိယာတောင်စုံစုံလင်လင်မရှိတဲ့အခြေအနေထဲမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရပြီး တခုထဲသောပိုင်ဆိုင်မှုဖြစ်တဲ့ မျှော်လင့်ချက်ပျောက်ဆုံးခါနီး အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာ Sister Sunday ဆိုတဲ့ စစ်စတာက လက်ထောက်အဖြစ်လုပ်ပြီး ကူညီပေးဖိုသဘောတူလိုက်ပါတယ်။ ဒီ့အပြင်မှ စီးပွားရေးယိုင်နဲ့ပြီး ကျောင်းကို သမိုင်းဝင်အမွေအနှစ်အဖြစ် ရောင်းရတော့မယ့်အခြေအနေမှာ ဘယ်လိုရင်ဆိုင်သွားမလဲ။ ကတ်သီရက်ရဲ့ တင်းကြပ်တဲ့ နည်းပြမှုအောက်မှာရော အသင်းသားတွေ တောင့်ခံနိုင်ပါ့မလား။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အမြင်ကျဥ်းသေးတဲ့ ...
movie
The Mighty Macs (2009)
7.0
Burn After Reading (2008)
Burn After Reading (2008)**************************IMDb..... 7.0ဒီတစ်ခါ ကျွန်တော်တို့ မိတ်ဆက်ပေးချင်တဲ့ကားကတော့ cast တွေ အရမ်းကြမ်းတဲ့ R rate ရထားတဲ့Crime Drama ရုပ်ရှင် တစ်ကားပါ။ Castတွေကတော့ ဟောလိဝုဒ်ရဲ့ Legendတွေဖြစ်ခဲ့တဲ့George Clooney, Brad Pitt နဲ့ Tilda Swinton တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့..CIA အေးဂျင့်ပြုတ် တစ်ယောက်ဟာ အရေးကြီးတဲ့ ပဟေဋ္ဌိဆန်တဲ့ အချက်အလက်တွေပါတဲ့ CDတစ်ချပ်ကို မှတ်တမ်းအနေနနဲ့လုပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ဒီCDဟာ Georgetwon Gymမှာ ကျန်ခဲ့ပြီးအလုပ်သမား နှစ်ယောက် လက်ထဲရောက်သွားခဲ့ပါတယ်။ အဲဒီ အလုပ်သမား ၂ယောက်ကတော့ Lindaလို့ ခေါ်တဲ့အလှပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ဖို့ ငွေလိုနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ Chad ဆိုတဲ့ လူအတစ်ယောက်ဖြစ်ပြီးဒီ CDကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာတော့..... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတစ်ပိုင်း ရင်ဖိုစရာတစ်ပိုင်းနဲ့ခံစားရမဲ့ Imdb rating ...
movie
Burn After Reading (2008)
6.3
The Rebound (2009)
The Rebound (2009)Wednesday ဇာတ်လမ်းတွဲထဲက Wednesday ရဲ့ အမေ Morticia Addams နေရာက သရုပ်ဆောင်ထားတဲ့ အန်တီလှလှကြီးဖြစ်တဲ့၊ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Zorro ကားထဲမှာ ငမ်းခဲ့ကြရတဲ့ Catherine Zeta-Jones အသက် ၄၀ ပြည့်တဲ့နှစ်က ရိုက်ကူးထားတဲ့ကားလေးပါ။ ဇာတ်ကားကြည့်လိုက်ရင် အသက် ၄၀ ဆိုတာ ဟုတ်ပါ့မလားလို့ ထင်သွားရလောက်အောင် နုပြီး လှနေပါတယ်။ဘာမှ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ မပါတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပါပဲ။အိမ်တွင်းအောင်းပြီး အိမ်ရှင်မဘဝမှာပဲ မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ယောက် ယောက်ျားက အိမ်ထဲမှာတင်ဖောက်ပြန်နေတာကို တွေ့သွားပါတယ်။ အဲဒီမှာမှ သူ့ဘဝက အိမ်ထောင်ရှင်မဆိုတဲ့ထဲမှာပဲ နစ်မြုပ်နေပြီး သူ့ဘဝဆိုတာ ပျောက်နေပြီဆိုတဲ့ အသိက နိုးထလာပါတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်ပေါ်ကဆင်း ဘဝသစ် စရင်းမှာ မရှာဘဲရလိုက်တဲ့ ကလေးထိန်း ကောင်လေးနဲ့ အနေနီးစပ်လာပြီး သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ...
movie
The Rebound (2009)
2009
5.8
Something Borrowed (2011)
Rachel (Ginnifer Goodwin) ကတော့ အောင်မြင်နေတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး သူငယ်ချင်းတွေအပေါ်ရော အလုပ် အပေါ်ပါ အလေးထား သစ္စာရှိတဲ့သူတစ်ယောက်ပေါ့တစ်နေ့ သူမရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာ အရက်တွေ အလွန်အကျွံသောက်မိပြီး သူ့အရင်တုန််းက Crush နဲ့ အတူူ အိပ်မိသွားတယ်အိပ်တာက ပြသနာမဟုတ်ပေမယ့် Crush ဆိုတာက သူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စေ့စပ်ထားတဲ့သူဖြစ်နေတာပါအဲ့လိုနဲ့ ဘယ်လိုတွေ အရှုပ်အထွေးတွေကြား ဟာသနှောပြီး ရိုက်ထားလဲဆိုတာကို ဆက်လက် ကြည့်ရှု့လိုက်ရအောင်( အညွှန်းရေးသားထာသူကတော့ a hao ပါ )File size_(2.4GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Something Borrowed (2011)
5.6
The Sitter (2011)
The wolf of Wall Street ကြည့်ဖူးသူတိုင်း Jonah Hill ကို မှတ်မိကြမယ်ထင်ပါတယ် ဒီတစ်ခါမှာတော့ သူဟာ ကလေးထိန်းရင်း တိုင်ပတ်တဲ့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကိုကြည့်ရမှာဖြစ်ပါတယ် နိုအာဆိုတဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တဲ့သူဟာ တစ်ရက်မှာတော့ သူ့အမေအစား ကလေးထိန်းပေးဖို့ဖြစ်လာပါတော့တယ် သူ့ကိုသူ စိုးရိမ်လွန်တတ်တဲ့ရောဂါရှိတယ်လို့ ထင်နေတဲ့ စတေလာ အမြဲ လူကြီးတစ်ယောက်လို နေချင်နေတဲ့ ဘလိုက်နဲ့ ရိုဒရီကိုဆိုတဲ့ အမွှေစိန်လေး သုံးယောက်ကို ထိန်းရင်း သူ့ကောင်မလေးက ဆီကိုသွားဖို့အကြောင်းဖြစ်လာပါတော့တယ် ကလေးသုံးယောက်နဲ့ လမ်းမှာ ဘယ်လိုလွဲပြီးရင်းလွဲပြီး အရှုပ်တော်ပုံတွေကို ဘယ်လိုရှင်းမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦးဗျာFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
The Sitter (2011)
5.8
Something Borrowed(2011)
IMDb 5.8 / Rotten Tomatoes 15%Rom-com မင်းသမီးကြီး Kate Hudson ရဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ငယ်စဥ်ကတည်းက ခွဲမရအောင် ချစ်ခင်ရင်းနှီးကြတဲ့ ရေချယ်နဲ့ ဒါစီအနေအေးတဲ့ ရေချယ်နဲ့ ပွင့်လင်းပျော်ပါးစွာ နေတတ်တဲ့ ဒါစီတို့ သူငယ်ချင်းနှစ်ယောက်ကြားထဲကို ဒက်ခ်စ် လို့ခေါ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ...တစ်ယောက်ကို တစ်ယောက် သဘောကျနေပေမယ့် သူငယ်ချင်းအဆင့်က မတက်ကြတဲ့ ရေချယ်နဲ့ ဒက်ခ်စ်...လက်သွက်တဲ့ ဒါစီ့လက်ထဲကို ဒက်ခ်စ် ပါသွားပြီး လက်ထပ်ဖို့အထိ ဖြစ်လာတဲ့အခါ...လက်ထပ်ပွဲမတိုင်ခင် ပါတီပွဲတစ်ပွဲမှာ ဒက်ခ်စ်နဲ့ ရေချယ် အရက်မူးပြီး ခံစားချက်တွေ ပွင့်ထွက်ကာ နှစ်ယောက်အတူ အိပ်မိသွားကြတဲ့အခါမှာတော့...ကိုယ့်ချစ်သူကိုပဲ ရအောင် ယူမလား သူငယ်ချင်းကိုပဲ ဦးစားပေးမလား ဆိုတာ ရယ်မောဖွယ် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် File size…2.11 GB ...
movie
Something Borrowed(2011)
7.5
We Need to Talk About Kevin (2011)
We need to talk about Kevin (2011) ကျွန်တော်တို့ ကယ်ဗင့် အကြောင်းကို ပြောမှ ဖြစ်တော့မှာ။ ကယ်ဗင် ဆိုတာ ဘယ်သူလဲ? ကယ်ဗင် ဆိုတာ ကလေးတစ်ယောက်ပါပဲ။ ကလေးတစ်ယောက်ရဲ့ စိတ်အကြောင်းကို အကောင်းဆုံး ပုံဖော်ပြသထားတဲ့ဇာတ်ကားပါ။ စိတ်အကြောင်းကို နူးနူးညံ့ညံ့ လှလှပပ ပုံဖော်ထားတာတော့ မဟုတ်ပါဘူး Psycho Thriller ကား တစ်ကားပါ။ Thriller ကား ဆိုတဲ့အတိုင်း ရင်တမမနဲ့ ကြည့်ရမှာပါ။ ကယ်ဗင်ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူ့အမေ အီဗာကတော့ ခရီးသွားဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကယ်ဗင်ဟာ ငယ်ငယ်ကတည်းက ထိန်းကျောင်းရခက်ပါတယ်။ ကျင်ကြီးကျင်ငယ်စွန့်တာကအစ လေ့ကျင့်ရခက်ပါတယ်။ အမေအပေါ် တွယ်တာပေမယ့် အမေ့ဆီက မေတ္တာကို ကောင်းကောင်း မရရှိခဲ့တဲ့ ကယ်ဗင်ဟာ အမေ့မေတ္တာကို သူ့နည်းသူ့ဟန်နဲ့ ရဖို့ ကြိုးစားရှာပါတယ်။ ဒုတိယကလေး မွေးလာတဲ့အချိန်မှာတော့ ကယ်ဗင့်ရဲ့စိတ်ရိုင်းတွေက ပိုမိုနိုးကြားလာပါတော့တယ်။ သားသမီးနဲ့မိဘကြားက သံယောဇဉ်ကို အသိမ်မွေ့ဆုံးနဲ့ အကြမ်းတမ်းဆုံး တင်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ ဓာတ်ပုံဆုတွေပါ ရရှိထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ IMDb ...
movie
We Need to Talk About Kevin (2011)
2011
The Upside (2017)
မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့ မိသားစုဘ၀ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။ သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။ တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။ တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။ ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။ မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့ သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။ The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့ Nicole ...
movie
The Upside (2017)