Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeffery Self
6.4
Drop (2025)
Drop (2025)IMDb Rating (6.4) / Rotten Tomatoes (84%) Drop ကတော့ thriller, mystery, drama အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဗိုင်အိုလက်လို့ခေါ်တဲ့ တစ်ခုလပ်ကလေးအမေအမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းအပ်ပလီကေးရှင်းတစ်ခုကနေ လူတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပါတယ်။အဲဒီလူနဲ့တွေ့ဆုံနေချိန်မှာပဲ သူမရဲ့ဖုန်းထဲကိုစိတ်အနှောင့်အယှက်ဖြစ်စရာ စာတွေတစောင်ပြီးတစောင်ဝင်လာပါတော့တယ်။အစမှာတော့ အပျော်အပျက်အနေနဲ့အမှတ်မထင်ထားလိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်မှုတွေပါလာပါတော့တယ်။ဒီအရာကိုလုပ်ဆောင်နေသူဟာ သူမရဲ့လှုပ်ရှားမှုတိုင်းကိုမြင်တွေ့နေရသလိုထိန်းချုပ်နေပြီး သူမရဲ့အနားမှာရှိနေတဲ့ဘယ်သူမဆိုဖြစ်နေနိုင်တာကိုသိခဲ့ရပြီးနောက်..ဒီအကြပ်အတည်းကနေ သူမဘယ်လိုပုံစံနဲ့ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) / (650 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:36:46 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju
movie
Drop (2025)
2025
4K HEVC
6.9
Spoiler Alert (2022)
"အချစ်"ဆိုတာ ဘယ်လိုအရာမျိုးလဲ။စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်းမတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား "အချစ်"ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်းကွဲပြားနိုင်ကြတယ်မဟုတ်လား။မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့"အချစ်" တစ်ခုတည်းကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။တကယ်ချစ်တဲ့သူက "ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ"တဲ့။ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရောကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်ကစွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင်Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonကမိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့"အချစ်"အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။ပရိသတ်ကြီးတို့ရဲ့ "အချစ်"အပေါ်ရှုမြင်ပုံခြင်းနဲ့ရောထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦးနော်။ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာကဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့တချို့ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။File size…(1.23GB) / (`981MB) / (479MB) Quality…. ...
movie
Spoiler Alert (2022)
6.4
The High Note (2020)
The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie
The High Note (2020)
2020