Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeff Gladstone
4.3
Kryptic (2024)
Kryptic (2024)IMDb Rating (4.3) / Rotten Tomatoes (63%) ကေးဟောလ်ဟာ အမျိုးသမီးတောင်တက်အဖွဲ့တစ်ဖွဲ့နဲ့အတူ ခရီးစဉ်တစ်ခုအတူလိုက်ပါခဲ့ရင်း တောအုပ်ထဲမှာလူကွဲသွားရာကနေထူးဆန်းပြီး ပဟေဠိဆန်တဲ့ သတ္တဝါတစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ်။သေချာတာ တစ်ခုကတော့ သူဟာ အရင်က ဒီနားတစ်ဝိုက်မှာ ပျောက်ဆုံးသွားခဲ့တဲ့၊ ပဟေဠိဆန်တဲ့သတ္တဝါဆိုင်ရာကျွမ်းကျင်သူ ဘာ့ဘ်ဗယ်လင်တိုင်းဆိုသူနဲ့ တစ်ထေရာတည်းတူနေတယ်ဆိုတာပါပဲ။အဲ့ဒီတစ်ခုကလွဲလို့ သူကိုယ်တိုင် ဘယ်သူဘယ်ဝါလဲ ဘာအလုပ်လုပ်လဲဆိုတာ မမှတ်မိတော့တဲ့အတွက် ဘာ့ဘ်ဗယ်လင်တိုင်း ပျောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အတိုင်းခြေရာကောက်လိုက်ရှာဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာ သူမြင်မြင်လာတတ်တဲ့ အိမ်မက်ဆိုးဆန်ဆန်၊ တစ်ခါတစ်လေကျတော့လည်း ရမ္မက်သွေးကြွစရာ ပုံရိပ်တွေ၊အမြင်တွေဟာ လက်ရှိဖြစ်ရပ်တွေနဲ့ဘယ်လိုပတ်သက်နေလဲ၊ သူနဲ့ရင်ဆိုင်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဟာ တကယ်ရှိနေတာလား? ဒါမှမဟုတ် သူ့စိတ်ရဲ့စေ့ဆော်မှုတွေထဲက တစ်ခုလား?ပဟေဠိဆန်ဆန်အဖြေရှာရတာတွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီကားကိုသဘောကျကြလိမ့်မယ်ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Mystery, ...
movie
Kryptic (2024)
2024
5.0
Balestra (2024)
ပါရမီရှက်လို့ အများကသက်မှတ်ထားတဲ့ ဓားရေးကစားသမား ဂျိုအန်နာဟာ ပြိုင်ပွဲတွေမှခေတ္တအနားယူပြီးနောက် ပဲရစ်အိုလံပစ်တွင် ဝင်ပြိုင်ခွင့်ရရှိရန် ကြိုးပမ်းပါတော့တယ်။ပဲရစ်အိုလံပစ်တွင် ပြိုင်ခွင့်ရရန်အတွက် အမှတ်တက်အောင် တခြားပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်သော်လည်း ထင်သလိုရလဒ်များမထွက်လာသောအခါ ခေတ်မီနည်းပညာတမျိုးကို စမ်းသပ်ပြီး အိမ်မက်ထဲမှာပါ လေ့ကျင့်ခွင့်ရအောင်ကြိုးစားပါတော့တယ်။အဲဒီစက်ကို ဆက်တိုက်အသုံးပြုလာရင်းနှင့် ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းလာသောအခါ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းကင်းကွာလာသောအခါ သူ၏ခင်ပွန်း နည်းပြဖြစ်သူက စက်ကိုအသုံးပြုခြင်းကို ရပ်တန့်ရန်ကြိုးစားပါတော့တယ်။ ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းခြင်းကို ရပ်တန့်နိုင်မလား မျှော်မှန်းထားသလို ရွှေတံဆိပ်ဆုရယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(750 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:25:00 Genre... Drama, Fantasy, Sci-Fi, Sport, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie
Balestra (2024)
7.2
Round and Round (2023)
ဇာတ်လမ်းလေးကိုတော့ ရေချယ်က မိဘဖြစ်သူတွေရဲ့ပထမဦးဆုံးတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့နှစ်ပတ်လည်ဖြစ်တဲ့ ဟာနူကာပွဲတော် ခုနစ်ရက်မြောက်နေ့ကို သွားရောက်ဆင်နွှဲတာကို အစပြုထားပါတယ်။ ရေချယ်တစ်ယောက် သူတန်ဖိုးထားတဲ့ မိဘများရဲ့တွေ့ဆုံမှု အထိမ်းအမှတ်ဖြစ်တဲ့ ဂျယ်လီဒိုးနပ်တွေကို သွားယူပြီးနောက်မှာ ဆက်တိုက်ဆိုသလို တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့သာ ကြုံနေရပါတော့တယ်။နောက်တော့ သူမကို အဘွားဖြစ်သူက ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းဒရေတယ်ကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။ ရေချယ်တစ်ယောက် မောင်နှမတွေရဲ့တိုက်တွန်းမှုကြောင့် ဒရေတယ်ကစားနည်းကို အဘွားဖြစ်သူပေးထားတဲ့ ဒရေတယ်ဖြင့် ဝင်ရောက်ကစားရာမှ တူညီတဲ့တစ်ရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းနေရတဲ့ ထူးဆန်းဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ကျော်လွှားဖို့ သူ ဘယ်လိုအဖြေရှာမလဲ။ ဒီအဖြစ်အပျက်ရော ဘာကြောင့်ဖြစ်လာတာလဲ။တရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းပြီးနောက်မှာ ရေချယ်တစ်ယောက် သူမရဲ့အခက်အခဲတွေကိုရော ဖြေရှင်းနိုင်ပါ့မလား စသဖြင့် အရွယ်ရောက်ပြီးသူတိုင်းတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို အံ့ဖွယ်ဖြစ်ရပ်နဲ့ အချစ်ဟာသရောပြိီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူးလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဟာနူကာပွဲတော်ဓလေ့ကိုလည်း တစေ့တစောင်းလေ့လာခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Fantasy Subtitle….Myanmar ...
movie
Round and Round (2023)
6.4
Bones of Crows (2023)
Bones of Corws (2022)(RT 94% , IMDb 6.6 )ကနေဒါမြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsကေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် ...
movie
Bones of Crows (2023)
2023