Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeff Bridges
6.8
TRON: Legacy
Tron : Legacy (2010)ကတော့၂၀၁၀ ထွက် သိပ္ပံစိတ်ကူးယဉ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မကြာခင်မှာလည်း Tron : Ares ထွက်ရှိတော့မှာဖြစ်သောကြောင့်ပြန်နွေးလို့ရအောင် Quality Update ပေးလိုက်ရပါတယ်။ဇာတ်ညွှန်း Kevin Flynn ဟာ နည်းပညာအတော်လေးတော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူဟာ Digital World တစ်ခုကို ဒီဆောက်နိုင်တဲ့Coding ဆရာကြီးဆိုလည်းမမှားပါဘူး။ သူ့မှာ သားလေးတစ်ယောက်ရှိပါတယ်။နာမည်က Sam Flynn။ Kevin က Sam ကိုပြောနေကြတစ်ခုရှိတယ်။အဲဒါက သူ Digital World မှာ Tron လို့ခေါ်တဲ့ Digital လူသားတစ်ယောက်ကိုဖန်တီးထားတယ်။ သူနဲ့လည်းအရမ်းကိုခင်တဲ့အကြောင်း တွေပြောပြခဲ့ပါတယ်။ ကလေးပဲရှိသေးတဲ့ Sam အဖို့ဒါဟာတကယ်ကိုကြီးမားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။တစ်ရက်မှာတော့ Kevin ဟာ ပျောက်ချင်းမလှပျောက်သွားပြီးSam တစ်ယောက်တည်း လူ့လောကမှာကျန်ခဲ့ပါတယ်။ Sam အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေပြောပြခဲ့တဲ့Tron ဇာတ်လမ်းဟာ တကယ်မဖြစ်နိုင်မှန်း နားလည်ခဲ့ပါတယ်။ဒါပေမဲ့ တကယ်ဖြစ်နိုင်ခဲ့ရင်ရော....ဆက်လက်ခံစားလိုက်ကြပါခင်ဗျာ။ File SIze : 8.3 GB / 3.8 GB / 1.2 ...
movie
TRON: Legacy
2010
4K HEVC
7.5
Spider-Man: Far From Home (2019)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Spider-Man: Far From Home (2019)
2019
4K HEVC IMAX
7.9
Iron Man (2008)
Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor ...
movie
Iron Man (2008)
4K HEVC
6.9
The Contender (2000)
The Contender (2000)IMDb Rating (6.9) / Rotten Tomatoes (77%) ဒီကားလေးက နိုင်ငံရေးသမားတွေရဲ့ ညစ်ကွက် လှည့်ကွက် ၊ ကြုံတွေ့ရတဲ့ သုခဒုက္ခတွေအပြင်၊ ပါတီစွဲ၊ ဖိုဝါဒီကြီးစိုးမှုတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။အော်စကာဆုအတွက်လည်း ဆုနှစ်ခုဆန်ခါတင်ခဲ့ပြီး တခြားဆုတွေလည်းရခဲ့ပါတယ်။အမေရိကန်ရဲ့ဒုသမ္မတသေဆုံးပြီးတဲ့နောက်မှာ ဒုသမ္မသစ်ရွေးချယ်ဖို့ ဆီးနိတ်အမတ်လိန်းဟန်ဆန်ကို သမ္မတကနေ အဆိုပြုလိုက်ပါတယ်။ထုံးစံအရ အက်ဖီအိုင်ကနေ နောက်ကြောင်းစစ်ဆေးရေးပြုလုပ်ရမှာဖြစ်ပြီး "House"လို့ခေါ်တဲ့ အောက်လွှတ်တော်က ကော်မတီကျင်းပပြီး အတည်ပြုပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ လိန်းက မိန်းမတစ်ယောက်ဖြစ်နေတဲ့အတွက် ကော်မတီသဘာပတိရိုင်ရန်ကစဦးဆောင်ပြီး လျှို့ဝှက်စုံစမ်းမှုတွေပြုလုပ်ပြီး လိန်းကိုဝိုင်းတိုက်ခိုက်ကြပါတယ်။စုံစမ်းမှုကနေ လိန်းကောလိပ်ကျောင်းသူဘ၀မှာ လိင်ကိစ္စကြမ်းရမ်းခဲ့တဲ့ပုံတွေပါ ပေါ်ပေါက်လာတဲ့အခါ လိန်းတစ်ယောက် ကော်မတီမှာ ဘယ်လိုခုခံမလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri swe ဖြစ်ပါတယ်။)File size…(5 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:06:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe ...
movie
The Contender (2000)
2000
The Big Lebowski (1998)
The Big Lebowski (1998) ***********************လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်...သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ။ တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့...နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowski...တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကို...ကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ပြီး ငွေညှစ်ကြတယ်။ကံဆိုးချင်တော့ သူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowskiရဲ့အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ ...အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားကြတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာ တာဝန်ရှိတယ်လို့ ယူဆပြီး...ငပျင်းကြီးက ကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်။ သွားတောင်းတဲ့အချိန်မှာပဲ သူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ...ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်။ ဘဲကြီးLebowskiအနေနဲ့ ...အရှုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မှာလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု ၁၇ဆုအတွက်လည်း...ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ကားသစ်တချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့...နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ဖြစ်ပါတယ်...File Size : 2.11GB / 997MB Quality : 1080p 5.1ch ...
movie
The Big Lebowski (1998)
6.7
Kingsman: The Golden Circle (2017)
Kingsman: The Golden Circle (2017)IMDb Rating (7.7) / Rotten Tomatoes (51 %)"Manners maketh man."Gentleman ဆိုတာဘယ်လိုယောက်ကျားမျိုးလဲဆိုတာ ပြသဖို့ဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား..အဝတ်အစားကစလို့ အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျားဒီလို Gentleman ရဲ့ဝိသေသတွေနဲ့ မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့အစည်းပါ။ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမယ့် မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့Kingsman ဆိုတဲ့ ရသသစ်တခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။Kingsman: The Golden Circle (2017) ရုပ်ရှင်ကိုတော့ Kingsman: The Secret Service(2014) ရဲ့အဆက်အဖြစ်တင်ဆက်ထားပြီးပထမကားက သရုပ်ဆောင်တွေ ဗီလိန်တွေကိုပါချိတ်ဆက်ထားပါတယ်။ File ...
movie
Kingsman: The Golden Circle (2017)
4K HEVC
7.6
Hell or High Water (2016)
Hell or High Water (2016)IMDb Rating (7.6) / Rotten Tomatoes (97%)Chris Pine , Jeff Bridges , Ben Foster တို့လို မင်းသားကြီးတွေပါဝင်ပြီး Crime Drama Thriller အမျိုးအစားကိုမှ Western စတိုင်အပြည့်နဲ့ရုပ်ရှင်ကားကြီးပါ။ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony ...
movie
Hell or High Water (2016)
2016
4K HEVC
6.0
A Dog Year (2009)
ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်..ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက်သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေးတစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေစတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်းသောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆိုခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ်စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော်ကွိုင်ပါတော့တယ်..ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝသူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာသရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆုရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေအတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာမြင်ဖူးကျမှာပါ) File ...
movie
A Dog Year (2009)
The Door in the Floor (2004)
သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(837 MB) Quality….Webrip 720p Format…mp4 Duration….01:51:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
The Door in the Floor (2004)
6.2
Blown Away (1994)
ဗုံးဖြုတ်တပ်ဖွဲ့မှာ လက်ထောက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျင်မီဟာ ချစ်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး စုံစမ်းရင်း လုပ်ကြံသူဟာ မိမိမိတ်ဆွေဟောင်း ဖြစ်ပြီး အတိတ်ဖြစ်ရပ်ဟောင်းအတွက် သူ့ကိုလက်စားချေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဂျင်မီနဲ့မိတ်ဆွေဟောင်းဖြစ်သူကြား ဘယ်လိုပတ်သက်မှုရှိလဲ၊ နောက်ဆက်တွဲလုပ်ကြံမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:01:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Blown Away (1994)
Tideland (2005)
IMDb 6.3/10 ရရှိထားတဲ့ Fantasy/Horror ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ သူမတူတဲ့ ဇာတ်လမ်းတင်ဆက်ပုံနဲ့ နောက်တစ်ခန်း ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရတဲ့ ဇာတ်လမ်းအသွားအလာကြောင့် ရောထွေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဂျီလက်ဇ်ရို့စ်ဆိုတဲ့ ကလေးမလေးက ဆေးစွဲနေတဲ့မိဘနှစ်ပါးအတွက် ထိုးဆေးပြင်ပေးရသူပါ။ သူ့အဖေက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပြီး ရို့စ်ကို သူ့စိတ်ကူးတွေထဲက အကြောင်းတွေကို မကြာခဏ ပုံဖော်ပြောပြလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့အမေက ရုတ်တရက်ဆန်စွာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာမို့ သူ့အဖေက သူ့လက်ကိုဆွဲပြီး သူ့အဘွားရှိရာဆီ ထွက်လာခဲ့ရပါတော့တယ်။သူတို့သားအဖ သူ့အဘွားဆီရောက်သွားပေမယ့် သူ့အဘွားက မရှိတော့ဘဲ ပျက်စီးနေတဲ့ အိမ်အိုကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး နောက်တစ်ရက်မှာပဲ သူ့အဖေကလည်း ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်တာမို့ ရို့စ်လေးခမျာ လောကအလယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရရှာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးဖြစ်တာမို့ အဖေသေဆုံးသွားတာကို မသိဘဲ အိပ်နေတယ်လို့ပဲ ထင်ကာ သူ့ရဲ့ ခေါင်းပြတ်အရုပ် ...
movie
Tideland (2005)
6.3
The Only Living Boy in New York (2017)
The Only Living Boy in New York (2017) ============================= IMDb Rating - 6.3/10မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ နယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာ ဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့ သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။ သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်း သူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ် ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန် နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေ တဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာ သူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.26 GB) / (449 MB) Quality............WEB-RIP 1080p / ...
movie
The Only Living Boy in New York (2017)
2017
6.2
The Men Who Stare at Goats (2009)
ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani
movie
The Men Who Stare at Goats (2009)
The Fabulous Baker Boys (1989)
IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound ...
movie
The Fabulous Baker Boys (1989)
Arlington Road (1999)
Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ "မိုက်ကယ်ဖာရာဒေး"နဲ့ "အော်လစ်ဗာလန်း"ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ "မိုက်ကယ်ဖာရာဒေး"ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်းများစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
Arlington Road (1999)
7.4
K-PAX(2001)
K-PAX(2001)အညွှန်း******************Kevin Spacey ရဲ့ အလန်းများစွာထဲက တစ်ကားဖြစ်ပါတယ်..သူ့ကိုယ်သူ လိုင်ရာကြယ်စင်စုအတွင်းက K-PAXဆိုတဲ့ ဂြိုလ်တစ်လုံးကနေအလင်းခရီးသွားပြီး ကမ္ဘာမြေကိုရောက်လာသူတစ်ယောက်အဖြစ်အခိုင်အမာပြောဆိုနေတဲ့သူတစ်ယောက် စိတ်ရောဂါကုဆေးရုံကိုရောက်ရှိလာပါတယ်....သူဟာတခြားလူနာတွေနဲ့မတူပဲ အမူအကျင့်တွေက ထူးဆန်းနေတာကြောင့်စိတ်ရောဂါကုဆရာဝန် မာခ့်ပိုဝဲလ်လည်း လူနာကို အရမ်းစိတ်ဝင်စားသွားပါတော့တယ်... K-PAXကနေလာတယ်ဆိုတဲ့သူဟာ သူ့ရဲ့အကြောင်းပြချက်တွေသိပ္ပံနည်းကျအချက်အလက်တွေ ဘဝဇာတ်လမ်းတည်ဆောက်ပုံတွေကသံသယရှိစရာကောင်းပေမယ့် ယုံကြည်စရာလဲကောင်းနေပြန်တော့ဒီလူဟာတကယ်ပဲ တခြားဂြိုလ်ကလာတဲ့သူလားစိတ်ဝေဒနာရှင်တစ်ယောက်လာဆိုတာ ဖော်ထုတ်ဖို့ဖြစ်လာပါတယ်။ File Size :(2.3GB)(796MB) and (292MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Drama , Sci-FI Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae
movie
K-PAX(2001)
7.6
True Grit (2010)
True Gritတဲ့ တစိုက်မတ်မတ်ပြီးဆုံးတဲ့ထိ လုပ်တဲ့လူပေါ့ ဒီရုပ်ရှင်ဟာ ၁၉၆၉ ကထွက်ပြီးသားရုပ်ရှင်ကို ကိုအန်ညီအစ်ကိုနှစ်ယောက်က ၂၀၁၀မှာ remakeပြန်ရိုက်ထားတာ ကိုအန်ညီအစ်ကိုဆိုတာလည်း No Country for old men တို့လို မာစတာပိစ်တွေရိုက်တာဆိုတော့ ထူးထူးထွေထွေ ညွှန်းမနေချင်ဘူး ပါတဲ့လူတွေပြောမယ်ဗျာ Hawkeye မင်းသမီး ဟေလီစတိန်းဖီးလ် နောက်မက်ဒေမွန် Hell or High Water ထဲက ဂျက်ဘရစ်ဂျက်စ် နောက်ဗီလိန်က မောင်သားနို့စ် ဂျို့ရှ်ဘရိုလင် ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ၁၈၇၀ဝန်းကျင် အမေရိကန်မှာ ကောင်းဘွိုင်တွေ ရိန်းဂျားတွေ မာရှယ်တွေ အခြေချနေထိုင်သူတွေ အင်ဒီးယန်း အတိုအရှည်မျိုးစုံနဲ့ မြင်းတွေစီး လူသတ်ဓါးပြတိုက် တဖောင်းတဒိုင်းဒိုင်းကာလပေါ့ ကောင်မလေးက အပျိုဖြန်းလေးတန်မဲ့ ကြမ်းကြမ်းရမ်းရမ်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း အစေးမကပ်တဲ့ လူနှစ်ယောက်နဲ့ အဖေကိုသတ်တဲ့လူနောက် လိုက်တဲ့ စွန့်စားခန်းပါ ခရီးအတူသွားချင်း သံယောဇဉ်နဲ့ စာနာမှုတွေ ...
movie
True Grit (2010)
7.3
Seabiscuit(2003)
Seabiscuit(2003)IMDb....7.3,,,,Rotten....77%"ဆွဲထား...ထိန်းထား..." ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ လူလေးယောက်လောက် မြင်းတစ်ကောင်ကို ဝရုန်းသုန်းကား လိုက်ထိန်းနေရတယ်...အားလုံး ဝိုင်းပြီး ထိန်းလိုက်နိုင်ချိန်မှာတော့ မြင်းပိုင်ရှင်ဖြစ်ပုံရတဲ့ လူတစ်ယောက်က စကားတစ်ခွန်းပြောတယ်...."...သတ်လိုက်တော့..." တဲ့ခြေတစ်ဖက်မှာ မဆိုသလောက်လေး ထိခိုက်ပြီး အရိုးအက်သွားတဲ့ မြင်းတစ်ကောင်ဟာ ပြိုင်မြင်းအဖြစ် ဆက်ပြိုင်ဖို့ မဖြစ်နိုင်သ လောက်ပါပဲ...အဲ့တာကြောင့်လည်း "သတ်လိုက်တော့" ဆိုတဲ့ စကား ခပ်လွယ်လွယ်ထွက်လာခဲ့တာပါ...ဒါပေမဲ့လည်း မြင်းတွေကိုချစ်မြတ်နိုးသူ မြင်းဝါသနာရှင်တစ်ယောက်က အဲ့ဒီအချိန်မှာပဲ အဲ့မြင်းကို ဖြတ်ဝယ်ခဲ့ပါတယ်...မြင်းလေးရဲ့ နာမည်ကတော့ Seabiscuit ပါ...ဒီမြင်းလေးဟာ ၀ယ်ပြီးတဲ့အချိန်မှာ တခြားမြင်းတွေနဲ့ မတူတဲ့ အရည်အချင်းတွေကို သွားတွေ့မိတယ်.... အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဒီဇာတ်ကားဟာ 1930-40 အတောအတွင်း နာမည်ကြီးခဲ့တဲ့ Seabiscuit ဆိုတဲ့ မြင်းလေးအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်...IMDbရော Rottenရော အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ အပြင် နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်နေလေတော့ မကောင်းမှာတော့ ပူမနေနဲ့ဗျို့.... အေးဆေးကြည့်လို့ရမယ့် အချိန်လေးမှာ ဒီကားကိုကြည့်စေချင်တယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....File Size : (1 GB) ...
movie
Seabiscuit(2003)
2003
7.1
Bad Times at the El Royale (2018) IMDb - 7.1/10_____Rotten - 75%အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 မှာ ထွက်လာတဲ့ အသစ်စက်စက်ရုံတင်ကား Bad Times At The El Royale ဆိုတဲ့ ဇာတ်ကားလေးပါEl Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ်ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါသူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်းဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ်ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ်သူကလဲ ဆေးကြောင်နေတာလိုလို ...
movie
Bad Times at the El Royale (2018)
2018
6.4
How to Lose Friends & Alienate People (2008)
ကျနော်တို့ ဘဝမှာ ဘာများအရေးအကြီးဆုံးလဲ မိသားစုလား ငွေလား ပျော်ရွှင်မှုလား ရာထူးလား နာမည်ကြီးမှုလားငယ်စဉ်အခါတုန်းကရော တစ်နေ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ကိုယ်ဘာဖြစ်ချင်တယ် ဘာကကိုယ့်အတွက် အရေးကြီးတယ် ဘာကတော့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တယ်လို့များ တွေးကြည့်ခဲ့ဖူးပါသလား။အားလုံးတစ်ပြိုင်တည်းမရနိုင်ရင် သင်အလိုချင်ဆုံးကရော ဘာဖြစ်မလဲ။ ငွေတွေအများကြီးပိုင်ဆိုင်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ရင်ရော တကယ့်ပျော်ရွှင်မှုအစစ်ကို ရနိုင်ပါ့မလား။ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ အများမိုးခါးရေသောက် သလို ကိုယ်လိုက်သောက်မှ အောင်မြင်မှုရနိုင်မယ့်အခြေအနေမျိုးတွေ ဘယ်လောက်များ ကြုံဖူးခဲ့ကြပါပြီလဲ။မိုးခါရေဟာ မြိုချလို့ရော အဆင်ပြေခဲ့ရဲ့လား။ ကိုယ့်ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ ကျနော်တို့ သေသေချာချာစဉ်းစားဖူးခဲ့ပါသလား။ကျနော်ကတော့ ခုထိ ဇဝေဇဝါပါပဲ။အညွှန်းကို ဒီလိုကြီးရေးချလိုက်လို့ ဒီဇာတ်လမ်းဟာ အရမ်းကိုလေးနက်ပြီး အနှစ်သာရပြည့်ဝလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ (အဆဲခံရမှာစိုးလို့ကြိုပြောရတာပါ)ဒီဇာတ်လမ်းဟာ ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ အဆင်ပြေရုံပဲရှိပါတယ် ကြည့်ရင်းနဲ့ ပျင်းလာမယ့်ဇာတ်လမ်းမျိုး မဟုတ်ပါဘူးလို့တော့ အာမခံပါရစေ မိတ်ဆွေအေးစက်စက်လေတွေ တိုက်နေတဲ့ ဆောင်းညမှာ အဝတ်နွေးနွေးလေးဝတ်ပြီး ဒီဟာသ အချစ် ဇာတ်မြူးလေးကို ခံစားကြည့်လိုက်ပါဦး။Megan Fox ၊ Simon Pegg ၊ Kirsten Dunst တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်အခြားဇာတ်ရံတွေလဲပါဝင်ထားတဲ့လက်လွတ်မခံသင့်တဲ့ Romance Comedy ဇာတ်ကားမျိုးပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။) File ...
movie
2008
1
2
Next