Channel Myanmar

Jean Smart

Snow Day (2000)
Snow Day (2000) Snowday ဇာတ်လမ်းကတော့ 2000 ခုနှစ်ကထုတ်လွှင့်ထားတဲ့ ခရစ်စမတ်လို နှင်းတွေ မိသားစု drama ရယ် comedy ရယ် romance ရယ်ရောထားတဲ့ အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အမေရိကမှာ ရိုးရိုး သာမန်နှင်းကျတဲ့နေ့နဲ့ နှင်းအရမ်းထူလို့ လမ်းတွေပိတ် ကျောင်းတွေပိတ် အလုပ်တွေပိတ်တဲ့နေ့ဆိုပြီးရှိပါတယ်။အခု Snowday ကတော့ အဲ့လိုနှင်းထူပြီး ကျောင်းပိတ် အလုပ်ပိတ်ကာ ကလေးတွေ ပျော်ကြပြီး အားလပ်ရက် ၁ရက်တာရတဲ့အကြောင်းကို Drama လေးတွေနဲ့ရောထားတဲ့ ချစ်စရာ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ မမျှော်လင့်တဲ့ နှင်းလွှမ်းမိုးမှုကြောင့် နယူးယောက်ပြည်နယ်မြောက်ပိုင်းရှိ မြို့တစ်မြို့ဟာ အလုပ်တွေကျောင်းတွေပိတ်ပြီး ရပ်ဆိုင်းသွားရတဲ့အခါမှာ Snowday ဖြစ်လာခဲ့ပါတယ်။Snowday ဟာ နာတာလီ ဘရန်းစတန်လို့ ခေါ်တဲ့ ကလေးမလေး ဦးဆောင်တဲ့ မူလတန်းကျောင်းသားအဖွဲ့က ကျောင်းများကို ဆက်ပိတ်ထားစေဖို့ ကြိုးစားကြရင်းနဲ့ သူတို့အဖွဲ့က နှင်းလိုက်ရှင်းတဲ့ ကားကိုသိမ်းယူပစ်ဖို့ ကြိုးစားကြတဲ့အခါ၊ နာတာလီရဲ့ အကို ဟားလ်ကလဲ အဲဒီ့နေ့မှာ ...
movie

Snow Day (2000)

The Kid (2000) 6.1
The Kid (2000)  The Kid (2000)IMDb Rating (6.1) / Rotten Tomatoes (49%) ဒစ်စနေးကထုတ်တဲ့ အက်ရှင်မင်းသား Bruce Willis ရဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ရပ်စ်က နာမည်ကျော် ရာထူးမြင့်လူတွေကို ပုဂ္ဂိုလ်ရေး၊ လူမှုရေးဆိုင်ရာ အကြံပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီး စိတ်ကသိကအောက်ဖြစ်စရာ စရိုက်လက္ခဏာကြောင့် လူတိုင်းတင်မက သူ့ရည်းစားကပါ အမြင်ကပ်ရပါတယ်။အဖေဖြစ်သူနဲ့ စကားမပြောဘဲ ငယ်ဘဝကိုလည်း မေ့ဖျောက်ထားသူတစ်ယောက်ဖြစ်ပြီး အသက် ၄၀ ပြည့်ဖို့သိပ်မလိုတော့တဲ့အချိန် တစ်ညမှာ သူ့အိမ်ထဲကို ၈ နှစ်အရွယ် ဝတုတ်ကောင်လေး ခိုးဝင်လာပါတယ်။ပထမတစ်ခါ လွတ်သွားပေမယ့် နောက်တစ်ခါလက်ပူးလက်ကြပ်မိတဲ့အခါ ကောင်လေးကို မေးမြန်းကြည့်ရင်း ၈ နှစ်ကလေးဟာ သူကိုယ်တိုင်ပဲဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ သူ့မေ့ထားခဲ့တဲ့ အတိတ်ကို ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)File size…(3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / ...
movie

The Kid (2000)

2000
A Simple Favor (2018) 6.8
A Simple Favor (2018) A Simple Favor (2018)IMDb Rating (6.8) / Rotten Tomatoes (88%)ဒိတ်ဒိတ်ကြဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Blake Lively နဲ့ Anna Kendrick တို့ တက်ညီလက်ညီသရုပ်ဆောင်ထားတဲ့ Comedy/Mystery ရုပ်ရှင်ကားလေးပါ ဇာတ်လမ်းနာမည်ကသာ A Simple Favor ဖြစ်ပေမယ့် တစ်ကားလုံး Twist တွေ Turn တွေအပြည့်နဲ့မို့ ကြည့်ရတာတန်စေရမယ်လို့အာမခံပါတယ်ဇာတ်လမ်းအကျဉ်းကတော့.. စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါ ကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူဖြစ်ပါတယ်။ အမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစ ခေတ်ရှေ့ပြေးသလောက် သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူ စရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ်တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီး အမ်မလီတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားပါတော့တယ်။ အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှ မထင်မှတ်တာတွေ တခုပြီးတခုထွက်ပေါ်လာတဲ့အခါမှာတော့...။ဒါရိုက်တာ Paul Feig ကရိုက်ကူးထားပြီး Crazy Rich Asians က ...
movie

A Simple Favor (2018)

2018
4K HEVC
Miss Meadows (2014) 5.8
Miss Meadows (2014) Miss Meadows(2014)IMDb rating- 5.8ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီးသူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီအမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက်ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့်သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက်အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant)တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက်ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသားတွေ့ဆုံချစ်ကြိုက်ကြပါလေရော။အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လားဆိုတာကတော့ တွေးစရာလေးအဖြစ်ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes ကသရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင်အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…    2 GB /  844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Miss Meadows (2014)

2014
Bringing Down the House (2003) 5.6
Bringing Down the House (2003) Bringing down the House (2003) Genre – Comedy IMDB – 5.6/10ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူလူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကိုခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက ...
movie

Bringing Down the House (2003)

Life As We Know It(2010) 6.5
Life As We Know It(2010)   ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါ​တော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ...
movie

Life As We Know It(2010)

Garden State(2004) 7.4
Garden State(2004) Garden State(2004)================ ဒီဇာတ်ကားလေးကတော့ 2004 ခုနှစ်မှာထွက်ရှိထားပြီးActor ကတော့ Director Zach Braff ကိုယ်တိုင်ပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးနဲ့ပက်သက်ပြီး Director Zach Braff ကIndependent spirit award for best features ဆုရရှိခဲ့ပါတယ်Braff က ဒီဇာတ်ကားလေးက သူ့ရဲ့ တကယ့်ဘဝအတွေ့အကြုံကိုအခြေခံပြီးတော့ ရိုက်ကူးထားတယ်လို့သိရပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် 26 နှစ်အရွယ်မင်းသားရော waiter ရောလုပ်ပြီး ဘဝကိုရုန်းကန်နေရတဲ့Andrew Largeman ဆိုတဲ့ကောင်လေးက သူ့အမေသေသွားလို့သူ့ရဲ့ ဇာတိမြို့ New Jersey ကိုပြန်လာခဲ့တယ် ဇာတိမြို့ကိုပြန်လာအပြီးမှာ Andrew ရဲ့ဘဝထဲကို Samantha ဆိုတဲ့ကောင်မလေးရောက်လာပြီးတော့ Andrew ရဲ့ အဓိပ္ပာယ်မရှိတဲ့ဘဝအတွက် ဘယ်လိုအပြောင်းအလဲလေးတွေ ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုဆက်ပြီး ကြည့်ရှူပေးပါဦးနော်..(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Duckkie ဖြစ်ပါတယ်) File size…988MB / 375MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ...
movie

Garden State(2004)

The Accountant (2016) 7.3
The Accountant (2016) Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB /  720MB Quality…4k HEVC AAC5.1CH /  1080p  / ...
movie

The Accountant (2016)

2016
4K HEVC
Sweet Home Alabama (2002) 6.2
Sweet Home Alabama (2002)   မယ်လနီဟာ နယူးယော့ခ်ဆိုတဲ့ မြို့ကြီးပြကြီးမှာ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့ မိန်းမချောလေးတစ်ဦးပါ အန်ဒရူးဆိုတဲ့ ချစ်ရတဲ့ကောင်လေး တစ်ဦးလည်းရှိသတဲ့ အန်ဒရူးဟာလည်း မြို့တော်၀န်ရဲ့သားဖြစ်သလို အတွင်း၀န်တစ်ယောက် အန်ဒရူးက မယ်လနီကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာတော့ မယ်လနီတစ်ယောက်ရဲ့ဘ၀ဟာ ရှေ့ဆက် ပန်းခင်းတဲ့လမ်းချည်း ဖြစ်တော့မှာပါဒါပေမယ့် ပန်းခင်းလမ်းကိုရှေ့ဆက်ဖို့ဆိုရင်တော့ မယ်လနီဟာ သူမရဲ့အတိတ်ကနေ အရင်လွတ်မြောက်အောင် ထွက်ပြေးရမှာဖြစ်ပြီး သူမအလွတ်မြောက်ချင်ဆုံးအရာကတော့ အထက်တန်းကျောင်းပြီးတော့ သူနဲ့လက်ထပ်ခဲ့တဲ့ ဂျိတ်ဆိုတဲ့ ကောင်လေး ဖြစ်ပါတယ် ဒီတော့ မယ်လနီတစ်ယောက် အတိတ်ကို အပြီးသတ်ဖို့ရာ သူမရဲ့ ဇာတိမြို့လေးကို ပြန်လာရင်း ရှုပ်ထွေးမှုတွေကြား သောကရောက်ရပါတော့တယ် ခင်ပွန်းလောင်းအသစ်နဲ့ ခင်ပွန်းဟောင်းကြား ဗျာများရမယ့် မယ်လနီတစ်ယောက်အကြောင်းကို drama comedy အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.77GB)/(1.24GB) / (581MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Comedy / Romance Subtitle….Myanmar ...
movie

Sweet Home Alabama (2002)

Lucky You (2007) 5.9
Lucky You (2007) Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။‌ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie

Lucky You (2007)

Superintelligence (2020) 5.3
Superintelligence (2020) Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊  ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016)  စတဲ့ Comedy,Action ...
movie

Superintelligence (2020)

2020
Awaken the Shadowman (2017) 5.9
Awaken the Shadowman (2017)   အသက်​အလတ်​ပိုင်းအရွယ်​ရှိတဲ့လူငယ်​တစ်​​ယောက်​ အိမ်​နဲ့အဆင်​မ​ပြောဖြစ်​ပြီး အိမ်​က​နေထွက်​လာခဲ့ပြီး ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​တည်​ခဲ့တယ် ထိုလူအရွယ်​​ရောက်​ အိမ်​​ထောင်​ရပ်​သားကျပြီး​ မိသားစု ​ပျော်​​ပျော်​ရွှင်​​ရွှင်​​နေထိုင်​​နေချိန်​မှာ ညီဖြစ်​သူဆီက ဖုန်းလာပြီး အ​မေဖြစ်​သူ​ပျောက်​​နေတယ်​ဆိုတဲ့သတင်းကို ကြားလိုက်​ရ​တော့ အ​မေရှိတဲ့မြို့ဆီသွားပြီး အ​မေဖြစ်​သူကို ရှာပါ​တော့တယ် အ​မေဖြစ်​သူကိုရှာ​ဖွေရင်း ထူးဆန်းတာ​တွေ တစ်​ခုပြီးတစ်​ခုဖြစ်​လာပါ​တော့တယ်​ သူတို့ရဲ့အ​မေဖြစ်​သူကို ရှာ​တွေနိုင်​ပါ့မလား အဖြစ်​ဆိုး​​တွေက​နေ လွတ်​​မြောက်​နိုင်​ပါ့မလား ဆိုတာက​တော့....   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က မကြီး Myint Thinzar ပါ)   File Size : (600 MB) and (220MB) Quality : Webdl 720p Running Time : 1hr 23minutes Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hardsub) Translated By Myint Thinzar Encode By Thanhtike Zaw
movie


2017