Channel Myanmar

Jean-Michel Toupet

Borgo (2023) 7.0
Borgo (2023)  ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့...အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ်Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Borgo (2023)