Channel Myanmar

JC Lin

Them, Behind the Door (2024) 6
Them, Behind the Door (2024) သဲထိတ်ရင်ဖို သရဲကားကြမ်းကြမ်းလေး ကြိုက်တယ်ဆိုရင် ဒီရုပ်ရှင်ကို ရွေးသင့်ပါတယ်။ ဘယ်အချိန် သရဲက ဘယ်လိုထွက်လာမလဲ ဘယ်သူက သရဲ ဘယ်သူက လူလဲဆိုတာတွေကို ထိတ်တလန့်လန့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ချန်ဝေးဟာ သမီးဖြစ်သူ ရှီးယာနဲ့အတူ အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျာ်းဆီက ပြေးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအမြင့်ဆုံးနေရာဖြစ်တဲ့ လိပ်ပြာတိုက်ခန်းကို ပြောင်းလာခဲ့ပြီးနောက် ထူးဆန်းတဲ့ ကိစ္စတွေကို အဆက်မပြတ်ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။တိုက်ခန်းထိန်းသိမ်းသူ ဘကြီးလျန်နဲ့ ခေါင်မိုးထပ်က ဦးလေးစန်းတို့က သူ့ကို ဒီတစ်ထပ်က မသန့်ရှင်းဘူးဆိုတာ အဆက်မပြတ်သတိပေးနေပြီး ပြောင်းနိုင်ရင် ချက်ချင်းပြောင်းသွားဖို့ ပြောပါတယ်။ဒါပေမဲ့ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် ဒီမှာပဲ ဆက်နေခဲ့ပါတယ်။တစ္ဆေတံခါးပွင့်ချိန်ရောက်တဲ့အချိန်မှာ လိပ်ပြာတိုက်ခန်းမှာ ထူးဆန်းထိတ်လန့်စရာ ကိစ္စတွေ ပိုပြီးတော့ ဖြစ်ပျက်လာခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက နေထိုင်သူတွေကတော့ မထူးဆန်းတော့သလိုပါပဲ။ ကုန်စုံဆိုင်က အဒေါ်စွင်း၊ တစ္ဆေမြင်ရတဲ့ အဒေါ်စွင်းရဲ့ မြေးလေး၊ သွက်လက်ပြီး သဘောကောင်းတဲ့ အစားထိုး ထိန်းသိမ်းသူ ရှောင်လျန် စတဲ့ နေထိုင်သူတွေနဲ့အတူ လိပ်ပြာတိုက်ခန်းမှာ ဘယ်လို ဇာတ်လမ်းမျိုးတွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 952 MB / 488 ...
movie

Them, Behind the Door (2024)

He Is My Brother ( 2023 ) 5.9
He Is My Brother ( 2023 ) အော်တစ်ဆင် Austin ဆိုတာ ကလေးဘဝမှာ ဦးနှောက်အာရုံကြောဖွံဖြိုးမှု ဆိုင်ရာနှောင့်နှေးတဲ့ ချို့ယွင်းချက်ဖြစ်ပါတယ်။ ဒီလိုလူတွေဟာ သာမန်နေ့စဉ်ဘဝမှာလိုက်လျောညီထွေဖြစ်အောင် ဘယ်လိုကြိုးစားရတယ် သူတို့တွေကိုဘယ်လိုဖေးမသင့်တယ်ဆိုတာကို ရိုက်ကူးထားတဲ့ ညီအကိုသံယောဇဉ်ကားလေးပဲဖြစ်ပါတယ်။အော်တစ်ဆင်ဝေဒနာရှင်အစ်ကိုတစ်ယောက်ကို စောင့်ရှောက်ရင်း ကြိုးစားရုန်းကန်နေရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဟာဘယ်လိုတွေခက်ခဲနေခဲ့သလဲ…… သူကသူ့အစ်ကိုကြောင့်ဘဝကြီးဟာတက်လမ်းမရှိ ပိတ်လှောင်ခံနေရတယ်လို့ ခံစားနေခဲ့ရတယ်……တကယ်တမ်းပြဿနာကြုံလာတော့ သူတို့ဟာအချင်းချင်းမှီခိုနေကြတာပဲဖြစ်ပြီး အစ်ကိုဆိုတာသူရဲ့အိမ်ပဲဆိုတာနားလည်လိုက်ရပါတော့တယ်…… Filesize : 1.10 GB / 656 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

He Is My Brother ( 2023 )

Breaking and Re-entering ( 2024 ) 6
Breaking and Re-entering ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ချမ်းသာတဲ့သူတွေဆီကနေပိုက်ဆံခိုးပြီး ဆင်းရဲသားတွေကို ပြန်လည်ခွဲဝေပေးတဲ့ သူငယ်ချင်း၄ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရရင် ဒီသူငယ်ချင်း၄ယောက်က‌ မတူညီတဲ့အရည်အချင်းတွေနဲ့ ခိုးတဲ့အလုပ်ကို professional ကျကျလုပ်ဆောင်နေကြတာပေါ့။ တနေ့မှာဝမ့်ရှင်းဘဏ်က ပရဟိတ ရန်ပုံငွေပရောဂျက်အတွက်ငွေတွေအများကြီးထည့်ထားတာကို မျက်စိကျလာခဲ့တယ် သူတို့ ၄ယောက်က ဒီလိုနဲ့တနေ့အဲ့ပိုက်ဆံကို ခိုးတဲ့အခါမှာ မထင်မှတ်ဘဲ ရှန်ရှူးဝန်ဆိုတဲ့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ပေါ်ကျွင့်နဲ့အဆက်သွယ်ပြတ်သွားခဲ့တဲ့ ကောင်မလေးနဲ့ပြန်ဆုံခဲ့ပါတယ်ရှန်ရှူးဝန်နဲ့ပြန်တွေ့ကြတဲ့အခါမှာတော့ သူ့ကို ဝမ့်ရှင်းဘဏ်ရဲ့ ဥက္ကဌက နှုတ်ပိတ်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့ အဲ့ဒါကို ပေါ်ကျွင့်တစ်ယောက် လက်ပိုက်ကြည့်မနေဘဲနဲ့ ဝင်ကူညီပေးရာကနေမှ သူတို့ခိုးယူလာတဲ့ငွေတွေကို ဘဏ်ဆီကို ပြန်မပို့ဘဲ ဥက္ကဌချန်ဟိုင်ရွေ့အိမ်ကို အရောက်ပို့ပြီး သူ့ရဲ့ မကောင်းမှုကို ဖော်ထုတ်ဖို့ကြိုးသူတို့၅ယောက် အတူတူကြိုးစားကြတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒါကြီးကအမှုဆိုပေမဲ့သူတို့တွေက သမာသမတ်ကျတဲ့နည်းလမ်းအတိုင်း ကျင့်သုံးကြတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရူလိုက်ရအောင်နော် Filesize : 1.51 GB / 859 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 49 min Subtitle : Myanmar ...
movie

Breaking and Re-entering ( 2024 )

The Bridge Curse: Ritual ( 2023 ) 5.7
The Bridge Curse: Ritual ( 2023 ) ဒီတစ်ခါမှာတော့ Horror ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် CM ကနေ ထိုင်ဝမ်သရဲကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ။ တရုတ်ပြည်သူ့သမ္ပတနိုင်ငံတည်ထောင်ပြီး နှစ် ၅၀ ပြည့်နှစ် ထိုင်ဝမ်က ယဉ်ကျေးမှုတက္ကသိုလ်မှာ တာ့ရမ်လို့အမည်ရတဲ့အဆောက်အဦးတစ်ခုတည်ဆောက်ခဲ့ပါတယ် ။အဲဒီအဆောက်အဦးကို မူလကတော့ တစ္ဆေသရဲတွေမလာနိုင်အောင် အတိတ်နမိတ်ကောင်းအောင် ယင်ဓာတ်ယန်ဓာတ်ဆုံတဲ့နေရာမှာ ရှစ်ထောင့်မှော်စက်ဝန်းပုံစံဒီဇိုင်းဆွဲပြီးတည်ဆောက်ဖို့လုပ်ခဲ့ပါတယ် ။ ဒါပေမဲ့အဆောက်အဦးရဲ့ ဗိသုကာပညာရှင်က ကျောင်းနဲ့ငွေရေးကြေးရေးညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီး မူလက သရဲတစ္ဆေတွေမကပ်အောင်ဒီဇိုင်းဆွဲထားတဲ့ ရှစ်ထောင့်မှော်စက်ဝန်းပုံစံအဆောက်အဦးကို သရဲတစ္ဆေတွေကိုဆွဲဆောင်တဲ့ ရှစ်ထောင့်မှော်စက်ဝန်းပြောင်းပြန်ပုံစံတည်ဆောက်ပေးခဲ့ပါတော့တယ် ။အဲဒီနောက်ပိုင်းကစပြီး‌ ကျောင်းမှာ သဘာလွန်မတော်တဆမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး ဘယ်လိုမတော်တဆမှုတွေဖြစ်မလဲ ဘာတွေနဲ့သက်တိုင်နေမလဲ ကျိန်စာသင့်နေတဲ့အဆောက်အဦးမှာရော ဘယ်လိုကပ်ဆိုးတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK  
movie

The Bridge Curse: Ritual ( 2023 )

Someday or One Day ( 2022 ) 6.2
Someday or One Day ( 2022 ) "အတိတ်ကို ပြန်လည်သွားနိုင်ပေမဲ့ အတိတ်ကဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား"အရာအားလုံးရဲ့ ဇာတ်လမ်းဖြစ်တည်မှု အစက "၂၀၀၉" ခုနှစ်...! အသက် ၂၈ နှစ်အရွယ်လီဇီဝေဟာ အအေးအဖျော်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်တဲ့ အသက် ၁၇ နှစ်အရွယ် ဟွမ်ယွီရွှမ်း နဲ့တွေ့ဆုံခဲ့ပါတယ် ။ တွေ့ဆုံတဲ့ အချိန်မှာလဲ တစ်ဦး နဲ့ တစ်ဦးဟာ ဟိုးအရင်ကတည်းက သိကျွမ်းခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်က ထူးဆန်းစွာနဲ့ ရလို့နေပါတယ် ။ဒီလိုနဲ့ပဲ နှစ်ဦးသား ဆက်ဆံရေးတွေဟာ ကောင်းမွန်လာခဲ့ပြီး ၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးရက် နှစ်သစ်ကူးညလေးမှာ သူတို့ရဲ့ချစ်ခြင်းခရီးစဥ်ကို စတင်ခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်အရောက်မှာတော့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လို့ လာခဲ့ပါတယ် ။ဟွမ်ယွီရွှမ်းတစ်ယောက် လက်ရှိပစ္စုပန်က ချစ်ရသူ လီဇီဝေကို ဆုံ းရှုံးလိုက်ရပြီးတဲ့နောက် ထူးဆန်းစွာနဲ့ပဲ သူမဟာ အတိတ်ကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးကြုံလာတဲ့အခါမှာ...?❏ လီဇီဝေကို ကယ်တင်ဖို့ အတိတ်ကိုတစ်ဖန်​ပြန်ရောက်သွားပေမဲ့ ❏ အနာဂတ် နဲ့ အတိတ် ကြားက ရောယှက်ရိုက်ခတ်မှုဒဏ်တွေ ကြုံတွေလာရတဲ့အခါမှာတော့ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်မှာလဲ?❏ အတိတ်ဆိုးကြီးကိုရော ...
movie

Someday or One Day ( 2022 )

Moneyboys (2021) 6.4
Moneyboys (2021) Moneyboys (2021)~ IMDb - 6.4/10, Rotten Tomatoes - 92% ~C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်‌ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ...
movie

Moneyboys (2021)

2021
Terrorizers (2021) 6.1
Terrorizers (2021) Terrorizers 2021ဒီကားကပြောရမယ်ဆိုရင်တော့ မိဘတွေဆီကအချစ်မခံရတဲ့ broken familyတွေက ကလေးတွေအကြောင်းပေါ့ကျောင်းမင်လန်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက အိမ်မှာမနေချင်ဘူး သူ့မိဘတွေကပိုက်ဆံချမ်းသာပေမဲ့အိမ်ထောင်ရေးအဆင်မပြေဘူး သားဖြစ်သူကိုအရမ်းချစ်အရမ်းအလိုလိုက်ပေမဲ့ သူလိုချင်တဲ့မေတ္တာတော့မပေးနိုင်ကြဘူးချန်ယွီဖုန်းကလည်းအဲ့လိုပဲ ကျောင်းမင်လန်နဲ့မောင်နှမဝမ်းကွဲ သူ့အမေကသူငယ်ငယ်ထဲကထားသွားတယ် အဖေကလည်းရာထူးနေရာအတွက်ပဲဂရုစိုက်ပြီး သူ့လက်ထောက်နဲ့နောက်အိမ်ထောင်ပြုသွားတယ် အမေလည်းမရှိ အဖေလည်း နောက်အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်ထဲအထီးကျန်ပြီး မေတ္တာငတ်နေခဲ့တယ်မောင်နှမနှစ်ယောက်တစ်အိမ်ထဲအတူနေကြပေမဲ့စကားမပြောကြဘူး ဒါပေမဲ့ကျောင်းမင်လန်ကြိုက်နေတဲ့သူက porn star ယွီဖုန်းရဲ့သူငယ်ချင်း... အဲ့သူငယ်ချင်းကိုလည်းယွီဖုန်းက မေတ္တာငတ်နေမှာ ဒုက္ခရောက်နေမှာစိုးပြီး ကူညီပေးဂရုစိုက်ပေးရင်း ချစ်မိသလိုဖြစ်သွားတဲ့အခါ...ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အစ်မကသူ့ချစ်သူကိုခိုးတယ်ထင်ပြီး ထင်ရာတွေလုပ်ရင်း ဘာတွေဆက်ဖြစ်သွားလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုပေးပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:07:00 Type__Drama, Romance, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Terrorizers (2021)