Channel Myanmar

JB Blanc

Resident Evil: Degeneration (2008) 6.4
Resident Evil: Degeneration (2008)  Resident Evil: Degeneration (2008)IMDb Rating (6.4) / Rotten Tomatoes (67%) ဒီဇာတ်ကားကတော့ နာမည်ကျော် Resident Evil gamefranchiseကြီးရဲ့ ပထမဆုံး animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Gameရဲ့ အဓိကဇာတ်ကောင်တွေပဲ ဖြစ်တဲ့Leonနဲ့Claireတို့ ပါဝင်ထားပြီး အမိုက်စားအက်ရှင်တွေနဲ့အကြမ်းစားဇွန်ဘီတွေကို မိတ်ဆက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းက Umbrella လုပ်ငန်းစုရဲ့ ဗိုင်းရပ်ပိုး‌ကြောင့် တစ်မြို့လုံး ဇွန်ဘီတွေဖြစ်ကုန်တဲ့ ရက်ကွန်းမြို့တော်ကိုအစိုးရက အဏုမြူဗုံးကြဲပြီး မကြာခင်ကာလကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ဗိုင်းရပ်ကပ်‌ဘေး ဖြစ်ပြီးနောက်ဝေလ်ဖာမာဆိုတဲ့ ကုမ္ပဏီက လူတွေနဲ့ သုတေသနလုပ်ပြီးဗိုင်းရပ်ဖြေဆေး ဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့သုတေသနနဲ့ဆိုင်တဲ့ အချက်အလက်တွေကို မြင်သာမှုရှိရှိထုတ်ပြန်တာ မရှိဘဲ ရလဒ်ဆိုးတွေ ထွက်နေတယ်ဆိုတဲ့ ကောလာဟလကြောင့် အပြင်းအထန်ဆန္ဒပြခံ‌နေရတာပဲဖြစ်ပါတယ်။အဲဒီကုမ္ပဏီကပဲ ဟားဗတ်ဗေးလ်မှာ သုတေသနစင်တာတစ်ခု ဖွင့်ဖို့ပြင်ဆင်နေတာကြောင့် ဆန္ဒပြမှုတွေ အရှိန်တက်လာသလို ဝေလ်ဖာမာကို အဓိကထောက်ပံ့နေသူဆီးနိတ်အမတ်ကလည်း အဲဒီမြို့ကို ရောက်လာတဲ့အချိန်မထင်မှတ်ထားတဲ့ ဇွန်ဘီတိုက်ခိုက်မှုကြီး ကြုံလိုက်ရပြီး အရေးပေါ်အခြေအနေ ...
movie

Resident Evil: Degeneration (2008)

2008
LEGO Scooby-Doo! Haunted Hollywood (2016) 5.8
LEGO Scooby-Doo! Haunted Hollywood (2016) ဒီဇာတ်ကားမှာ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက်ဟမ်ဘာဂါစားပြိုင်ပွဲမှာ အနိုင်ရသွားပြီးဟောလီးဝုဒ်ကနာမည်ကျော် Horrorကားတွေရိုက်တဲ့စတူဒီယိုကြီးတစ်ခုကို စရိတ်ငြိမ်း လည်ပတ်ခွင့်ဆု ရသွားတာကြောင့်အဖွဲ့လိုက်သွားလည်ရင်း အဲဒီစတူဒီယိုကြီးမှာ ခြောက်လှန့်နေတဲ့မကောင်းဆိုးဝါးပေါင်းစုံနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။သူတို့သွားလည်တဲ့ စတူဒီယိုက အရှုံးပေါ်ပြီး ဒေဝါလီခံရတော့မှာ ဖြစ်သလိုအကြွေးဆပ်ဖို့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ရိုက်လက်စ ဇာတ်ကားကလည်းသရဲတွေရဲ့ နှောင့်ယှက်မှုနဲ့ ကြုံနေရလို့ Mystery Incအဖွဲ့သားတွေဖြေရှင်းမှရမယ့် အခြေအနေဖြစ်လာပါတော့တယ်။  File Size : 1.1 GB, 519 MB Quality : WEB-DL 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant
movie

LEGO Scooby-Doo! Haunted Hollywood (2016)

The Count of Monte Cristo(2002) 7.7
The Count of Monte Cristo(2002) The Count of Monte Cristo(2002)*******************************IMDb...7.7မွန်တီ ခရစ်စတို မြို့စားကြီး ဆိုတာ 1844 ခုနှစ်ကထွက်ရှိခဲ့ စာရေးဆရာ Alexandre Dumasရဲ့နာမည်ကျော်ဝတ္ထုဖြစ်ပြီးဘာသာပြန်ဝတ္ထုတွေလည်းထွက်ခဲ့ပါသေးတယ်။ ဇာတ်အိမ်ကို 1815–1839ခုနှစ်များဆီမှာအစတည်ထားပြီး နပိုလီယန်ဆီကစာလေးတစ်စောင်နဲ့လမ်းကြုံယူသွားပေးရာကနေအစပြုထားပါတယ်။အဲ့ခေတ်မှာ နပိုလီယန်ဟာ အာဏာပြန်မရမီ နယ်နှင်ဒဏ်ပေးခံရတဲ့ကျွန်းလေးကိုဇာတ်လိုက်ဖြစ်သူ အက်ဒ်မွန်ဒန်တီနဲ့သူ့သူငယ်ချင်း ဖာနန် မွန်ဒေဂိုတို့ဟာ‌ဆရာဝန်ရှာထွက်ရင်းရောက်ရှိသွားပါတယ်။နပိုလီယန်ကလည်း စာလေးတစ်စောင်လူကြုံပါးလိုက်တော့စာမဖတ်တတ်တဲ့အက်ဒ်မွန်က သဘောရိုးနဲ့ယူလာ‌ခဲ့မိပါတယ်။ နပိုလီယန်နဲ့ဆက်သွယ်တာဟာ သစ္စာဖောက်မှုလို့စွပ်စွဲတတ်ကြပါတယ်။ဖြောင့်မတ်တဲ့အက်ဒ်မွန်ဟာ သူ မကျူးလွန်တဲ့သစ္စာဖောက်မှုအတွက်ပဲတစ်သက်တစ်ကျွန်းထောင်အချခံလိုက်ရပါတယ်။ထောင်ကနေဘယ်လိုလွတ်မြောက်မလဲ၊သူ့ကိုဘယ်သူတွေက စွပ်စွဲခဲ့တာလဲ၊အက်ဒ်မွန်တစ်ဖြစ်လဲ ဇက်တာရာဟာ မြို့စားကြီး မွန်တီခရစ်စတို အဖြစ်ဘယ်လိုများချမ်းသာခဲ့သလဲ၊သူ့ကလဲ့စားဘယ်လို ချေလဲဆိုတာ နာမည်ကြီး ဝတ္ထုဆိုတဲ့အတိုင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်    File Size :(2.7GB) (930 MB) and (305MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:11:00 Genre : Action ,Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Count of Monte Cristo(2002)

Red Dawn (2012)
Red Dawn (2012)  ဒီကားဟာ 2012ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး MCUက မင်းသားချော Chris Hemsworthလည်း ပါဝင်ထားပါတယ်။ 1984ခုနှစ် ထွက်ရှိထားတဲ့ Red Dawnကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်း စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အနေနဲ့ အနောက်အုပ်စုနဲ့ မြောက်ကိုရီးယားအကြား အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။ ရေတပ်သားဂျက်ဟာ ခွင့်ရက်ရလို့ အဖေနဲ့ ညီဖြစ်သူရှိတဲ့အိမ်ကို ခေတ္တပြန်လာချိန်မှာ တစ်မြို့လုံး ကြုံတောင့်ကြုံခဲ မီးပျက်သွားပါတယ်။ မနက်မှ သိလိုက်ရတာကတော့ သူတို့မြို့တွင်းကို မြောက်ကိုရီးယားစစ်သားတွေ လေကြောင်းမှတဆင့် ကျူးကျော်လာနေပါပြီ။ ဂျက်ဟာ ညီဖြစ်သူနဲ့ သူငယ်ချင်း လူငယ်တစ်သိုက်ကို ခေါ်ပြီး တောထဲကအိမ်မှာ သွားပုန်းနေပါတယ်။ လူငယ်တွေဖြစ်တာကြောင့် မခံမရပ်နိုင်တဲ့အဆုံး မြောက်ကိုရီးယားကို ပြန်လည်တော်လှန်ဖို့ ရွေးချယ်လိုက်ကြပါတော့တယ်။ သူတို့တော်လှန်ရေးဟာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အောင်မြင်ပါ့မလားဆိုတာ.........File size…(2gb)/(998MB)/(491MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Drama Subtitle….Myanmar ...
movie

Red Dawn (2012)