Channel Myanmar

Jayashri Sivadas

Idiyan Chandhu (2024) 6.4
Idiyan Chandhu (2024) Idiyan Chandhu ( 2024 ) လက်သီးချန်ဒူဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-မာလေယာလမ်စကားပြော action thriller ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းကတော့ - ချန်ဒူလို့ခေါ်တဲ့ ဒေါသကုမ္မာန် ကလေးငယ်တစ်ယောက်ကို ဇာတ်အိမ်ပြုရိုက်ကူးထားပါတယ်။ချန်ဒူဟာ ဘယ်နေရာမှာမဆို လက်သီးသုံးကာဖြေရှင်းတတ်တဲ့ ကလေးဆိုးတစ်ယောက်ဖြစ်တာကြောင့် တက်သမျှကျောင်းကနေ အထုတ်ခံရတဲ့ကောင်ကလေးတစ်ယောက်ပါ။သူ့အဖေ ချန်ဒရာဆိုသူကလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ကာ အပြစ်သားများကို လူမဆန်စွာရိုက်နှက်ခြင်း ရာထူးအာဏာကိုအလွဲသုံးစားလုပ်ကာ ပြည်သူတို့ကို အနိုင်ကျင့်တတ်ခြင်းတွေကြောင့် ရွံကြောက်ကြောက်ကာ လက်သီးချန်ဒရာလို့ အမည်ပေးထားခံရပါတယ်။ချန်ဒူတစ်ယောက်ရဲ့ ဒေါသကြီးပြီး လက်နဲ့သာဖြေရှင်းတတ်တဲ့အကျင့်ဆိုးက သူ့အဖေကြောင့်လည်းအများကြီးပါပါတယ်။သူ့အဖေဟာ သူ့အမေကို ယောက်ျားတကာကိုမြူဆွယ်နေသူဆိုပြီး စွပ်စွဲပြောဆိုကာ ပြင်းပြင်းထန်ထန် တံခါးပိတ်ရိုက်နှက်တတ်တဲ့ အိမ်တွင်းအကြမ်းဖက်သူဖြစ်နေပါတယ်။ချန်ဒူ့မှာတော့ အမေအရိုက်ခံရတာကိုလည်း မြင်ရ ၊ အိမ်နီးနားချင်းတွေက သားဖြစ်နေပြီး အမေအရိုက်ခံရတာကို ထိုင်ကြည့်နေသလားဆိုပြီး ကဲ့ရဲ့ပြစ်တင်တာကိုလည်း ခံရတဲ့အတွက် ဒေါသကြီးတဲ့လူဆိုးလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ရတာလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ သူ့အဖေ ချန်ဒရန်တစ်ယောက် ရန်ကြွေးရှိသူတစ်စုက ဝိုင်းရိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်သေဆုံးသွားတာဖြစ်လို့ ရဲဝန်ထမ်းရာထူးဟာ ချန်ဒူအတွက် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ချန်ဒူက အသက်လည်းမပြည့်သေး ၁၂ တန်းလည်းမအောင်သေးတာကြောင့် လုပ်ခွင့်မရပါဘူး။ ဒီနောက်မှာတော့ ချန်ဒူတစ်ယောက် လူလိမ္မာဖြစ်ပြီး ရဲဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာမလား..ဆိုးမြဲဆိုးဆဲဖြစ်ပြီး အဖေ့ခြေရာနင်းတဲ့ ရဲဆိုးတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျ။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Idiyan Chandhu (2024)