Channel Myanmar

Jayaraj Warrier

Lovely (2025) 5.1
Lovely (2025) Lovely 2025ဒါရိုက်တာ ဒီလီရှ့်နာအေလ် ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားအသစ် 'Lovely' ထွက်လာပါပြီ။သရီးဒီပုံရိပ်ကို ဦးစာပေးထားပြီးတော့ စိတ်ကူးယဥ်ဇာတ်လမ်းနဲ့ ဟာသကို ရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူ့ဘဝဆိုတာ မသေခင် ပျော်ပျော်နေသင့်လား ပိုက်ဆံရှာဖို့ အလုပ်လုပ်မလားရွေးနေရတဲ့ လူငယ်လေး ဘိုနေ၊ တစ်နေ့ ကနေဒါသွားဖို့ အနာဂတ်ကို စိတ်ပိုင်းဖြတ်တဲ့အချိန် မိသားစုက အစိုးရအလုပ်လုပ်ခိုင်းနေခဲ့ပါတယ်။တစ်နေ့ ကံစီမံရာဆိုတဲ့အတိုင်း အဆိုးအကောင်းဒွန်တွဲနေသရွေ့ ကြုံနေရမယ့် အခက်အခဲတစ်ခုကြုံလိုက်ရတယ်။ဒါကတော့ ထောင်ကျသွားတာဖြစ်ပါတယ်။ ကိုယ့်အမှားမဟုတ်ဘဲ မတရားထောင်ကျသွားတဲ့ ဘိုနေက ထောင်ထဲမှာ ယင်ကောင်လေး လပ်ဗလီးကို တွေ့ရင်းသူ့ရဲ့ ဘဝအပေါ် အမြင်က ဘယ်လိုပြောင်းလဲလာမလဲ။ ဘယ်လို မတရားသဖြင့် ထောင်ကျတဲ့အမှုကနေ လွတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်) File size…1.2 GB / 600 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Lovely (2025)

Pani (2024) 6.8
Pani (2024) Pani 2024 (သရီဆူမှ ဂိုဏ်းခေါင်ဆောင်ကြီးဂီရိ)သရုပ်ဆောင် ပရိုဂျူဆာကြီး Joju George ကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားရုံမက သူကိုယ်တိုင်ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဂီရိလိုခေါ်တဲ့ သရီဆူက နာမည်ကြီးဂိုဏ်းတစ်ခုက ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်၊ လက်အောက်ငယ်သားတွေအပေါ်မှာ သေချာဂရုစိုက်ပေးတတ်တဲ့ ခေါင်းဆောင်ကြီးဆိုလည်း မမှားပါဘူး။သူ့မှာ ဇနီးချောလေးတစ်ယောက်လည်းရှိပါသေးတယ်။ ဒီအချိန်မှာ ရဲဌာနဘက်ကနေ သရီဆူမှာရှိတဲ့ ဂိုဏ်းတွေကို ဖြိုဖျက်ဖိုအတွက် လုပ်ဆောင်ဖို အမိန့်တွေ ကျလာပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှာပဲ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ဒွန်ဆိုတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းဟာ လစာရတာနည်းတဲ့အတွက်နဲ့ အလုပ်ကထွက်လာပြီး အလုပ်သစ်ရှာဖို ထွက်လာပါတော့တယ်။ဂျိုရှီဆိုတဲ့သူကတော့ ဂီရိတိုနဲ့ အပြိုင် လူဆိုးဂိုဏ်းတစ်ခုဆိုပေမယ့် ဂီရိနဲ့မတူညီတာကတော့ သူက မြေတွေကို အာဏာသုံးပြီး အလကားနီးပါး လိုက်လံသိမ်းဆည်းနေတာ ဖြစ်ပါတယ်။အဲဒီမှာ ဆူရက်ရှ်ဆိုတဲ့သူရဲ့ မြေကို အလကားနီးပါးလိုချင်ရာကနေ ဆူရက်ရှ်က ဂီရိကို အားကိုးတိုင်ပင်ဖို လုပ်တဲ့အချိန် အလုပ်သစ်ရှာဖိုထွက်လာခဲ့တဲ့ လူမိုက်လက်သစ်လေး ဒွန်တိုကို ဆူရက်ရှ်အား သတ်ခိုင်းလိုက်ပါတော့တယ်။ဒီလူသတ်မှုကနေ စတင်ပြီးတော့ သရီဆူမြိုကြီး လှုပ်ခတ်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး.........(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 2.56 GB / ...
movie

Pani (2024)

Charlie (2015) 8
Charlie (2015) Charlie (2015)"ချာလီ" ===================တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.5GB / 1.18GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Charlie (2015)

2015
Naradan (2022) 7.3
Naradan (2022) Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။   File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie

Naradan (2022)

2022