Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jayaraj Kozhikode
6.8
Am Ah (2025)
Am Ah (2025)"အ.. မေ" ==================အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော ကြည်နူးစရာ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းလေးပါပဲ။ဝေးလံခေါင်ဖျားပေမဲ့ အရမ်းလှတဲ့ ကာဗန်သာဆိုတဲ့ရွာလေးကို ကတ္တရာလမ်းခင်းတဲ့စီမံကိန်းမှာ ကြီးကြပ်သူအဖြစ်တာဝန်ကျပြီး ကာဗန်သာရွာလေးကို ရောက်လာတဲ့ စတီဖန်တစ်ယောက်၊ ရွာမှာနေထိုင်တဲ့သားအမိနှစ်ယောက်ကြားက ဆွတ်ပျံ့ကြည်နူးစရာ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ခံစားရပုံတွေကို အင်မတန်လှပတဲ့ တောင်ပေါ်ရှုခင်းတွေနဲ့အတူ ပရိသတ်တွေ ကြည့်ရှုခံစားခွင့်ရမယ့် ရုပ်ရှင်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.8 GB / 980 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Am Ah (2025)
7.7
Helen (2019)
Helen (2019)"ဟယ်လန်" ===================၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်ဖန်တီးသူတွေက ဘာမှတရားဝင်မပြောထားပေမဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တွေအပေါ်မှာအခြေခံရိုက်ကူးထားတာလို့ ပရိသတ်တွေကဆိုကြပါတယ်။ဇာတ်လမ်းကတော့.. အဖေတစ်ခု သမီးတစ်ခုဘဝမှာနေရင်း သူနာပြုဘွဲ့ရထားပြီး ကနေဒါကိုအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ ဟယ်လန်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက်။သူဟာ ကနေဒါကိုမသွားနိုင်ခင် ကြက်ကြော်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေရင်း ရုတ်တရက် ခြေရာလက်ရာမရှိပျောက်ဆုံးသွားတဲ့အခါမှာတော့..။ တိုက်ပွဲတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ဟယ်လန်ရဲ့ ရုန်းကန်မှုတွေ၊ ဖခင်ဖြစ်သူရဲ့ ပူပင်သောကတွေ၊ ဗျာများရပုံတွေကို အချိတ်အဆက်မိမိနဲ့ မွန်းကျပ်စရာကောင်းလောက်အောင် ပုံဖော်ပြထားတာမလို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်ကြတဲ့ပရိသတ်တွေအတွက် အချိန်ပေးရတာတကယ်တန်စေမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.67 GB / 880 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Helen (2019)
Jananam 1947 Pranayam Thudarunnu (2024)
Jananam 1947 Pranayam Thudarunnu (2024) "အဆုံးအစမဲ့အချစ်"CM ပရိသတ်ကြီးအတွက် ရင်ကိုနွေးစေမယ့် မလေယာလမ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ကီရယ်လာက သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်ခြင်းနဲ့အတူ အချစ်ကို တဖန်ရှာဖွေပုံကို ရှုစားရမှာပါရိပ်သာတစ်ခုမှာ အငြိမ်းစားဆရာမ ဂေါ်ရီဟာ အမြဲလိုလို အိမ်လွမ်းနေတတ်ပြီး ချွေးမဖြစ်သူနဲ့ အဆင်မပြေတာကြောင့် ရိပ်သာပို့ခံရတဲ့ဘဝကို နေသားမကျနိုင်သူရယ်ပါအဘိုးကြီး ရှီဗာကတော့ ရိပ်သာက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဆုံးသွားလို့ တစ်ကိုယ်တည်း အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေရသူဘဝနေဝင်ချိန်မှာ မှီခိုလို့ရမယ့် ပုခုံးတစ်ဖက်ကို တောင့်တမိတဲ့ အထီးကျန်ဆန်လူသားနှစ်ယောက်...လူမှုပတ်ဝန်းကျင်က စကားသံတွေ၊ သားသမီးတွေရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားပြီး အတူနေခွင့်ရနိုင်မလားဆိုတာ ပရိသတ်ကြီးကပဲ ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ ဖြစ်ပါတယ် File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Jananam 1947 Pranayam Thudarunnu (2024)
2024
6.5
Live (2023)
Live (2023)CM Bollywood ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၈ ရေဘေးမှာ အင်တိုက်အားတိုက်ကူညီခဲ့ပြီး သူရဲကောင်းမလေးလို့ပါခေါ်ဝေါ်ကြတဲ့ အဘက်ဘက်ကပြည့်စုံတဲ့ ဆရာဝန်မလေး အမ်မလာ..တနေကုန်လုံး အလုပ်နဲ့ပေါ့ပါးပေါ့ပါးပါးဖြတ်သန်းခဲ့ရင်းက ည ၁၁ နာရီဆိုတာနဲ့ သူပဲသိတဲ့ခြောက်လှန့်မှုနဲ့ ရင်ဆိုင်ရပါပြီ။ ဘာများလဲ... ရေတွက်မရတဲ့ Spam message တွေပါပဲ။ တနေကုန်ဘယ်ကရိုက်ထားမှန်းမသိတဲ့ သူ့ရဲ့မသင့်တော်ရာနေရာတွေကို မသင့်တော်တဲ့ရှုထောင့်နဲ့ရိုက်ထားတဲ့ပုံတွေ မသင့်တော်တဲ့စကားတွေနဲ့ သူ့ရဲ့ညတိုင်းဟာ ကုန်ဆုံးနေရပါတယ်။တစ်ဖက်မှာလည်း သူ့လက်ပေါ်မှာကြီးလာပြီး ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်မလေး ... ပြည့်တန်ဆာတိုက်ဖျက်နှိမ်နင်းရေးရေးစီမံချက်မှာ ဖမ်းဆီးရေးလုပ်နေတဲ့လူအုပ်ကြားရောပါပြီး အဖမ်းခံရရာက နောက်ကြောင်းပါအစဆွဲထုတ် လူထုအရှက်ခွဲမှုကြီးခံရပါတော့တယ်။ ဒါကိုသူငယ်ချင်းဖြစ်သူ သတင်းထောက်နဲ့ ပူးပေါင်းဖြေရှင်းရင်း မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ.... ဘာတွေဘယ်လိုရင်ဆိုင်ရမလဲ ..ပြဿနာတွေအားလုံးကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။(အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, BpL, Voldemort,Yunni နဲ့ Thaik San တို့မှ ဘာသာပြန်တင်ဆက်ပေးတာပဲဖြစ်ပါတယ်။) File size…2.01GB / 873MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard ...
movie
Live (2023)
2023