Channel Myanmar

Jaya Kurup

Officer on Duty (2025) 7.7
Officer on Duty (2025) Officer on Duty (2025) "တာဝန်ကျအရာရှိ" IMDb - 7.7/10အီလေးဆွဲမနေဘဲ ဇာတ်လမ်းဇာတ်အိမ်ခပ်သွက်သွက်နဲ့ စိတ်ဝင်စားစရာအိန္ဒိယရုပ်ရှင်သစ် တောင့်တနေသူတွေအတွက်ဒီမလေယာလမ်ကားလေးက စိတ်အဆာပြေစေမှာပါ။ဆယ်စုနှစ် နှစ်ခုကျော်လောက်မှာ ရုပ်ရှင်ကားပေါင်းတစ်ရာကျော်ရိုက်ကူးခဲ့ပြီးတဲ့ မလေယာလမ်မင်းသားကြီး ကွန်ချက်ကိုဘိုဘာရဲ့ရုပ်ရှင်ကားသစ်။Box Officeမှာဆိုလည်း ဝင်ငွေကောင်းခဲ့တဲ့ရုပ်ရှင်။ဒီထဲမှာ ခပ်ကြမ်းကြမ်း ရဲအရာရှိနေရာက သရုပ်ဆောင်ထားပေမဲ့ သူ့ရဲ့ အချစ်ဇာတ်ရုပ်ပိုင်နိုင်မှုကြောင့် ချောကလက်ကောင်လေးလို့တောင်ခေါ်ခြင်းခံရတဲ့ မင်းသားတစ်လက်ပါ။ဟာရီဆိုတာ ဒုရဲမှူးရာထူးကနေ ရဲအုပ်အဖြစ် ရာထူးလျောခြင်း ခံထားရတဲ့သူ။သူ့ရဲ့ ဒေါသစိတ်၊ အလိုလိုသိစိတ်နဲ့ အမှန်တရားဘက်တော်သားဆိုတဲ့စိတ်ကို အထက်အရာရှိတွေကတောင် လန့်ကြရတယ်။တစ်နေ့ အပေါင်ဆိုင်မှာ စပယ်ယာတစ်ယောက် ဆွဲကြိုးအတုလာပေါင်ရာကစလို့ မီးခိုးကြွက်လျှောက်လိုက်ပြီးဖော်ထုတ်မိချိန်မှာထိတ်လန့်အံ့ဩစရာအမှုအခင်းတွေရယ် သူ့ရဲ့အတိတ်က အဖြစ်အပျက်တွေရယ်နဲ့ ဆက်စပ်နေချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size…1.5 GB / 870 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 14min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Officer on Duty (2025)

Ponman (2025) 6.6
Ponman (2025) Ponman (2025) "ရွှေပြဿနာ"မလေယာလမ် ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်ထိမ်းမြားလက်ထပ်တဲ့အခါ သတို့သမီးမိသားစုက သတို့သားမိသားစုကို အသွင်းပစ္စည်းပေးရတဲ့အိန္ဒိယဓလေ့ကို သိကြမှာပါဒီဇာတ်လမ်းလေးထဲမှာ စတီဖီရဲ့အမေက စတီဖီကို အိမ်ထောင်ချပေးဖို့အတွက် သတို့သားဘက်က တောင်းဆိုလာတဲ့ ရွှေပမာဏကိုပေးဖို့ သဘောတူညီလိုက်ရာကနေတကယ်တမ်း ပေးဖို့အခက်အခဲရှိလာရာမှာ ဘယ်လိုရရာနည်းလမ်းနဲ့ ရှာဖွေသွားမလဲ နောက်ဆက်တွဲပြဿနာတွေ အလွဲလေးတွေဖြစ်ကြပုံကို ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.9 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ponman (2025)

Sookshmadarshini (2024) 7.2
Sookshmadarshini (2024) Sookshma Darshini (2024) "ထူးဆန်းတဲ့အိမ်နီးချင်း"ဒီတစ်ခေါက်မိတ်ဆက်ပေးဖြစ်မဲ့ ဇာတ်ကားလေးကတော့ တစ်မူထူးခြားတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်အိမ်တစ်ခုချင်းစီမှာ ပဟေဠိတွေကို တစ်ထပ်ချင်းစီ ဖြေပြသွားမှာဖြစ်တာကြောင့် လုံးဝမပျင်းရမဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူး။ပရီယာဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးလေးမှာ အရာရာတိုင်းကို အသေးစိတ်စူးစမ်းတတ်တဲ့ ဉာဉ်လေးရှိပါတယ်။ သူ့ယောက်ျားဆို သေးသေးမွှားမွှားကအစ သူ့ကိုလိမ်ပြောလို့မရပါဘူး။ ပရီယာတို့မိသားစု လောလောဆယ် အိမ်ငှားနေနေတဲ့ ရပ်ကွက်ကလည်း သိပ်တော့မခေပါဘူး။တစ်နည်းပြောရရင် စီစီတီဗီအဒေါ်ကြီးတွေများတဲ့ ရပ်ကွက်လေးပေါ့။ တစ်နေ့ သူတိုရပ်ကွက်ထဲကို မာနူးဆိုတဲ့လူတစ်ယောက် ပြောင်းလာပါတယ်။ မာနူးတို့ဟာ ဒီရပ်ကွက်နဲ့စိမ်းတဲ့သူတွေတော့ မဟုတ်ပါဘူး။ ငယ်ငယ်လေးတုန်းက ဒီမှာနေခဲ့ဖူးပြီး စီးပွားရေးနည်းနည်းအောင်မြင်သွားတော့ အိမ်ပြောင်းသွားခဲ့တာပါ။ မာနူးမှာ အယ်လ်ဇိုင်းမားဖြစ်နေတဲ့ အမေအိုကြီးတစ်ယောက်လည်းရှိပါသေးတယ်။အများအမြင်က လူရိုးလူအေးလေး မာနူးကို ပရီယာကတော့ တဖြည်းဖြည်းနဲ့ သင်္ကာမကင်းဖြစ်နေရှာပါတယ်။ ကဲ ပရီယာရဲ့မှန်းချက်အတိုင်း မာနူးမှာ နောက်မျက်နှာဖုံးတစ်ခုရှိနေသေးလားဆိုတာကိုတော့ ပရီယာတို့အုပ်စုနဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်နော်..(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.6 GB / 901 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 22min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sookshmadarshini (2024)

Kondal (2024) 5.6
Kondal (2024) Kondal 2024 ပင်လယ်ပြင်ခရီးကြမ်းအက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့် အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့ မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊ မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 3 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Kondal (2024)

Grrr.. (2024) 4.4
Grrr.. (2024) Grrr.. (2024) "ဂါး!!"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ်သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ်အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.14GB / 1.37GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Grrr.. (2024)

Ullozhukku (2024) 7.9
Ullozhukku (2024) Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ)IMDb - 7.9/10ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 660MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ullozhukku (2024)

2024
Palthu Janwar (2022) 8.7
Palthu Janwar (2022) Palthu Janwar 2022 8.7/ 10 IMDb ဒီတစ်ခါတော့ အိန္ဒိယ မာလာရလမ်ဘာသာစကားနဲ့ ဇာတ်ကားလေးတစ်ခုညွှန်းပေးပါရစေ..လူတိုင်းမှာကိုယ်စိတ်ဝင်စားတဲ့ လုပ်ချင်တဲ့အလုပ်တစ်ခုရှိတယ် ဒါပေမယ့်အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေလုပ်လိုက်ရတဲ့အလုပ်တွေရှိကြတယ်ပေါ့..ဒီဇာတ်ကားလေးမှာ ပရာဆွန်း (Basil Joseph)က တက်ကြွတဲ့animatorတစ်ယောက်ပေါ့..ဒါပေမယ့် သူ့လုပ်ငန်းမအောင်မြင်တော့မိဘတွေနဲ့လူတွေရှေ့မှာ အရှက်ရခဲ့ရလို့ မွေးမြူရေးအင်စပက်တာအဖြစ်နဲ့ အစိုးရအလုပ်တစ်ခုကိုလုပ်ခဲ့လိုက်ရပါတယ် ကိုယ်စိတ်မဝင်စားတဲ့အလုပ်တစ်ခုကို သူတာဝန်ကျတဲ့နယ်မြေမှာ သူဘယ်လိုရေလိုက်ငါးလိုက်ဖြစ်အောင်လုပ်မလဲပြဿနာအလွဲတွေနဲ့အလုပ်မှာကြုံရပေမယ့် "အရာအားလုံးအဆင်ပြေတယ် "ဆိုတဲ့အတွေးနဲ့ အခက်အခဲတွေကိုသူဘယ်လိုဖြေရှင်းမလဲ ကိုယ်စိတ်မဝင်စားတဲ့အလုပ်တစ်ခုကိုသူဘယ်လိုလုပ်မလဲ... အစရှိတာတွေကို ဆက်လက်ကြည့်ရှု့ပေးကြပါဦး... File size…2.3GB / 1GB  Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Hay Man & BpL & Thet Ko
movie

Palthu Janwar (2022)

2022