Channel Myanmar

Jason Isaacs

Words of War (2025) 5.6
Words of War (2025)  Words of War (2025)IMDb Rating (5.6) / Rotten Tomatoes (70%) ဒီရုပ်ရှင်က ရုရှားဂျာနယ်လစ် Anna Politkovskaya ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိဒရာမာတစ်ခုပါ။Maxine Peake က Anna အဖြစ် သရုပ်ဆောင်ထားပြီး သူမရဲ့ ရဲရင့်တဲ့ ဂျာနယ်လစ်ဘဝကို ပြသထားတယ်။ဇာတ်လမ်းက ချေချင်းယားမှာ ရုရှားစစ်တပ်ရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ရင်း ဗလာဒီမာပူတင်ရဲ့ အာဏာရှင်စနစ်ကို စိန်ခေါ်ခဲ့တဲ့ Anna ရဲ့ဘဝကို အခြေခံထားတယ်။သူမက ခြိမ်းခြောက်ခံရတာ၊ အဆိပ်ခတ်ခံရတဲ့ဒဏ်တွေကို ရင်ဆိုင်ခဲ့ရပေမယ့် အမှန်တရားကို ဖော်ထုတ်ဖို့ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ဒီရုပ်ရှင်မှာ Jason Isaacs က Anna ရဲ့ခင်ပွန်း Sasha အဖြစ်နဲ့ Ciarán Hinds က သူမရဲ့ အယ်ဒီတာ Dmitry အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းက အက်ရှင်ထက် စိတ်ခံစားမှုနဲ့ ...
movie

Words of War (2025)

2025
4K HEVC
Juliet & Romeo (2025) 5.8
Juliet & Romeo (2025)  ရှိတ်စပီးယားရဲ့ ပြဇာတ်ဖြစ်တဲ့ ရိုမီယို ဂျူးလိယက်ပြဇာတ်ဟာ နာမည်ကျော်ပြီးသားဖြစ်သလို အများသိပြီးသားဖြစ်ပါတယ်..ရိုမီယို ဂျူးလိယက် ပြဇာတ်ကို မူအမျိုးမျိုးနဲ့ ရုပ်ရှင် ပြဇာတ် သီချင်းစတဲ့နယ်ပယ်အသီးသီးမှာ ပုံဖော်ကြသလို ခုတစ်ခေါက်ကားလေးဟာလည်းအသွင်သဏ္ဌာန်တစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေး ဖြစ်ပါတယ်..အီတလီနိုင်ငံအဖြစ်မပေါ်ထွန်းသေးခင် အချိန်ကာလ ပုပ်ရဟန်းမင်းနဲ့ ရောမတော်ဝင်နွယ်တို့အားပြိုင်ကြချိန် ဗရိုနာ ဒေသဟာ အစုတ်ဖြဲခံရမယ့် နယ်မြေဖြစ်လာခဲ့ပါတယ်..သို့သော်လည်း ဗရိုနာဒေသဟာ မူလကတည်းက စည်းလုံးညီညွတ်မှုမရှိဘဲ မိသားစုကြီးနှစ်ခုတို့ အားပြိုင်နေကြတဲ့ အရပ်ဖြစ်တဲ့အတွက် အင်အားကြီးသူတို့ဝင်လာတဲ့အခါ အင်အားမမျှဘဲ ထိုးအပ်လိုက်ရမယ့်အခြေအနေ ဆိုက်ခဲ့ပါတယ်..သို့နှင့် ဂျူးလိယက်ရဲ့ဖခင်ဖြစ်သူဟာ နယ်ခြားဒေသကဖြစ်သူ မင်းသားတစ်ပါးနဲ့ ဂျူးလိယက်ကို လက်ဆက်ပေးကာ မဟာမိတ်ဖွဲ့ဖို့လုပ်နေစဉ်မှာပဲ မဟာရန်သူတော်မိသားစုမှရိုမီယိုနဲ့ ဂျူးလိယက်တို့ အချစ်ဇာတ်လမ်းပေါ်ပေါက်ခဲ့ပြီး အချစ်ရေးအတွက် ရုန်းကန်ရဖို့ ဖြစ်လာပါတော့တယ်..ဒီကားလေးဟာဆိုရင် Romance/Drama/ Musical အမျိုးအစားလေးဖြစ်တာကြောင့် သီချင်းတွေအများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားပြီး ရှိတ်စပီးယားလက်ရာပေါ်မှာကွန့်မြူးထားတဲ့ ဒါရိုက်တာရဲ့ ဇာတ်ကွက်အပြောင်းအလဲများကိုလည်း အမြင်မတူဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိတ်သတ်များ မြည်းစမ်းကြည့်ရှုနိုင်ရန်ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်....( အညွှန်းနဲ့ ဘာသာပြန်ကတော့ Ye Thiha ...
movie

Juliet & Romeo (2025)

The Death of Stalin (2017) 7.3
The Death of Stalin (2017) The Death of Stalin (2017)***************************IMDb....7.3,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်... လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ.. သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်.... ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်...ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆု ရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်...ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကို ရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : 2.18GB/ 840MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Death of Stalin (2017)

Sweet November (2001) 6.7
Sweet November (2001) Sweet November (2001)===================IMDb Rating - 6.7/10#Unicodeဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နိုဝင်ဘာလရဲ့ အချစ်ဇာတ်လမ်း Drama လေးပဲဖြစ်ပါတယ်။ ခွေးလေးတွေကို ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အဆင်မပြေပြီး တစ်ယောက်ထဲဘဝကို ရူးရူးမိုက်မိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကင်ဆာရောဂါသည်မလေး ဆာရာ....ဘဝကို ပြေးလမ်းတစ်ခုလို သဘောထားပြီး ဘဝကို အလုပ်ထဲမှာပဲ အချိန်ပြည့်နစ်မြှုပ်ထားတဲ့ နယ်လ်ဆင်......သူ့ဘဝထဲ ဆာရာဆိုတဲ့ ရူးမိုက်မိုက်ကောင်မလေးဝင်ရောက်လာချိန်မှာတော့ ဘဝရဲ့အဓိပ္ပါယ်၊ ပျော်ရွှင်မှုတွေကိုဆာရာကြောင့် သိရှိခဲ့ရတယ်။ နယ်လ်ဆင်တစ်ယောက် အချစ်ကိုခံစားမိချိန် ဆာရာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နယ်လ်ဆင့်အချစ်ကို ဆာရာတစ်ယောက် လက်ခံပါ့မလား။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရမှာဖြစ်ပါတယ်။Sweet November ဝတ္ထုကို 1968 ခုနှစ်က ဇာတ်ကားပြန်လည်ရိုက်ကူးထားပြီး Sweet November နာမည်နဲ့မင်းသားက Anthony Newley နဲ့ မင်းသမီးက Sandy Dennis တို့ သရုပ်ဆောင်ခဲ့ပါတယ်။2001 ခုနှစ်မှာတော့ ထိုဇာတ်ကားကို Sweet November ...
movie

Sweet November (2001)

2001
The End of the Affair (1999) 7.0
The End of the Affair (1999)  "ချစ်တယ်ဆိုတာကို သဝန်တိုမှုနဲ့ တိုင်းတယ် ငါသူ့ကိုသဝန်တိုတာအဆုံးမရှိဘူး ဒီတော့ချစ်တာကလည်းအဆုံးမရှိဘူး" ဆိုတဲ့ ဒီ ဒိုင်ယာလော့အတိုင်းပဲ မူးရစ်ဆိုတဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်က အိမ်ထောင်ရေးမသာယာတဲ့ သူ့ရဲ့သူငယ်ချင်း မိန်းမ ဆာရာနဲ့ ချစ်ကြိုက်မိသွားပြီး ဖောက်ပြန်ရာကနေ သူ့ယောကျာ်းက သူ့မိန်းမဖောက်ပြန်တဲ့သူကို အလွတ်စုံထောက်နဲ့စုံးစမ်းခိုင်းပါတော့တယ်။အညွှန်းရေးလိုက်ရင်ပေါ့သွားမှာစိုးတဲ့အတွကိ ဒီတိုင်းပဲကြည့်ကြည့်လိုက်ပါ။ ရင်ထဲမှာတခုခုကျန်ခဲ့မှာတော့သေချာပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:42:00 Genre... Steamy Romance, Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

The End of the Affair (1999)

The Infiltrator (2016) 7.0
The Infiltrator (2016) The Infiltrator (2016)IMDb - 7.0/10_____Rotten - 72%   2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။   File size…(3.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...  Drama, ...
movie

The Infiltrator (2016)

2016
A Cure for Wellness (2016) 6.4
A Cure for Wellness (2016) A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie

A Cure for Wellness (2016)

Green Lantern: Emerald Knights (2011) 6.7
Green Lantern: Emerald Knights (2011) Green Lantern: Emerald Knights (2011) IMDb - 6.7/10 2011 မှာ ထွက်ခဲ့တဲ့ Green Lantern animation ရုပ်ရှင်ပါ။ ပထမပိုင်းနဲ့ ဇာတ်အိမ်အနည်းငယ် သွေဖီသွားပြီး ဆင်နက်စ်ထရိုကို ဒီကားမှာ လူကောင်းအဖြစ် ပြန်တွေ့ရမှာဖြစ်သလို "First Flight" မှာ သေသွားတဲ့ တိုးမားရီးလဲ ပြန်ပါလာပါတယ်။ဇာတ်လမ်းကတော့ အိုအာကို ဖျက်ဆီးဖို့ သံန္နိဌာန်ချထားတဲ့ ခရိုနာရဲ့ ရန်ကို တားဆီးဖို့ မီးအိမ်စိမ်းတို့ ကြိုးစားကြမှာပါ။ ဇာတ်လမ်းထဲမှာ အယ်ဘင်ဆော်ရ်ရဲ့ ဇာတ်ကြောင်း၊ ကီလိုဝေါ့ဂ်ရဲ့ ဇာတ်ကြောင်း၊ လိုင်ယာရဲ့ ဇာတ်ကြောင်းနဲ့ မိုဂိုရဲ့ ဇာတ်ကြောင်းတို့ကိုလည်း သီးသန့်ပုံစံနဲ့ ပြောပြသွားပါလိမ့်မယ် File size…    1.7 GB /  842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Green Lantern: Emerald Knights (2011)

The Patriot (2000) 7.2
The Patriot (2000) ၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie

The Patriot (2000)

2000
Stockholm, Pennsylvania (2015) 6.0
Stockholm, Pennsylvania (2015)  ရိုးရိုးရှင်းရှင်းလေးကိုမှ ရှုပ်ရှုပ်ထွေးထွေးလေးဖြစ်အောင်ရိုက်ကူးထားတဲ့ Psycho ကားတွေ ကြည့်ချင်ရင်တော့ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ StockholmPennsylvania ဖြစ်ပြီး IMDb Rating 6 အထိရရှိထားပါတယ်။ကလေးဘ၀မှာ ကိုယ့်ကိုလူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးအဲ့ဒီလူနဲ့ပဲ ၁၇ နှစ်ကြာအောင်နေရမယ်ဆိုရင်ပရိသတ်ကြီးတို့ရောနေနိုင်ပါ့မလား။ဒီကားထဲက လေယာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီလိုအဖြစ်အပျက်ကိုတကယ်ကြုံခဲ့ရပြီး ၁၇ နှစ်ကြာပြီး နောက်မှာပြန်ပေးသမားကိုဖမ်းမိသွားကာသူလဲမိဘတွေရှိရာ အိမ်ကိုပြန်ရောက်လာပါတော့တယ်။ဒါပေမယ့်သူပြန်ပေးဆွဲခံရပြီး ပြန်ပေးသမားနဲ့အတူနေလာခဲ့ရတဲ့နှစ်ကာလတွေက ကြာမြင့်လွန်းတဲ့အတွက်ဦးနှောက်အဆေးခံထားရပြီး အပြင်လောကကြီးနဲ့ထိတွေ့ရတဲ့အခါမှာကြောင်တောင်တောင်ဖြစ်နေပါတော့တယ်။ဒါပေမယ့်သူ့မိဘတွေက တတ်နိုင်သလောက်သူ့အပေါ်မှာဂရုစိုက်ပေးပြီးတော်တော်ကြီးကိုဂရုစိုက်လွန်သွားတဲ့အခါမှာတော့ သူတကယ်တမ်းပျောက်ဆုံးသွားခဲ့ရတဲ့ အကြောင်းအရင်းကပြန်ပေးဆွဲခံရလို့လား တခြားအကြောင်းအရာတွေရောရှိနေဦးမလားဆိုတာတွေကိုကြည့်ရှုရမဲ့ Psycho ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Stockholm, Pennsylvania (2015)

Justice League: Gods and Monsters (2015) 7.0
Justice League: Gods and Monsters (2015) IMDB 7 နဲ့ Rotten Tomatoes 88% ရထားတဲ့ ဒီဇာတ်ကားကတော့ကျွန်တော်တို့မြင်တွေ့နေကျ Justice League မဟုတ်ဘဲတခြားစကြာဝဠာက Justice League အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီစကြာဝဠာမှာ Superman ကJor-El နဲ့ Lara တို့ရဲ့သားမဟုတ်ဘဲ General Zod က အဖေဖြစ်နေပါတယ်။Batman ဟာလည်း လမ်းကြားထဲမှာအသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲသွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို Wonder Woman ဟာလည်းအမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲမုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။Lex Luthor ကလည်း Justice League ကိုအမြဲဒုက္ခပေးဖို့ကြိုးစားနေတဲ့လူတစ်ယောက်မဟုတ်တာကြောင့်တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။Superman, Batman နဲ့ Wonder Woman ဟာ Luthor နဲ့ပြည်သူတွေဆန္ဒပြနေတဲ့ကြားကJustice League ကိုဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာတရားဥပဒေဘောင်ကိုကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်တယ်ဆိုပေမဲ့သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့်အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းကိုသဘောမကျလို့ ဆန္ဒပြတာတွေများလာသလိုပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံးသိပ္ပံပညာရှင်တွေကိုသတ်တာကို ...
movie

Justice League: Gods and Monsters (2015)

Resident Evil (2002)
Resident Evil (2002)  ဒီဇာတ်ကားက Resident Evil franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်ပြီး IMDbမှာ မဆိုးခဲ့​ပေမဲ့ RTမှာ​တော့ မူရင်းဂိမ်းနဲ့ကွဲပြား​နေတဲ့ Main character အဖြစ် Alice ဆိုတဲ့ ဇာတ်​ကောင်ကို သုံးထားတဲ့ အပြင် ဂိမ်းနဲ့ကွဲလွဲမှုများစွာ ရှိ​နေတဲ့အတွက် ratingအ​​တော်နည်းတဲ့ ဇာတ်ကားတစ်ခု ဖြစ်​နေခဲ့တာပါ။ ဒါ​ပေမဲ့ အက်ရှင်ကား​​တွေ ကြိုက် တဲ့ လူ​တွေအတွက် RE live action ကား​ဟာ မဆိုးလှတဲ့ အက်ရှင် ပြကွက်​​တွေ​၊ သည်းထိပ်ရင်ဖိုစရာ​တွေရဲ့ အ​တော်ကြည့်​ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဆိုလည်း မမှားပါဘူး။ဒီဇာတ်ကားမှာ REမှာ အဓိကအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ အမ်ဘရဲလား ​ကော်ပို​ရေးရှင်းရဲ့ Hiveလို့​ခေါ်တဲ့ ​မြေ​အောက်ဓါတ်ခွဲခန်းကြီးတစ်ခု အ​ကြောင်း မိတ်ဆက်​ထားပါတယ်။ အဲဒီဓါတ်ခွဲခန်းထဲမှာ ပိုးပျံ့နှံ့မှု တစ်ခု ဖြစ်ခဲ့လို့ သူ့ရဲ့ကာကွယ်​ရေးAiက အဲဒီမှာရှိ​နေတဲ့ လူတိုင်းကို သတ်ပစ်ခဲ့ပါတယ်။ Aliceက Hiveကိုဝင်တဲ့ ​မြေ​ပေါ်ဝင်​ပေါက်ကို ​စောင့်ကြည့်ရတဲ့ အမ်ဘရဲလားဝန်ထမ်းပါ။ ဒီကိစ္စ​တွေ ဖြစ်​နေချိန် သူက အ​ကြောင်းတစုံတရာ​ကြောင့် ​မေ့လဲ​နေခဲ့ပြီး သတိရလာချိန် အတိတ်​မေ့သလို ဖြစ်​နေခဲ့တာပါ။ Hiveထဲကိုဝင်ပြီး ကာကွယ်​ရေး စနစ်ကို ပိတ်ချပစ်ဖို့ အမ်ဘရဲလားက လွှတ်လိုက်တဲ့ ...
movie

Resident Evil (2002)

4K HEVC
The Tuxedo (2002) 5.4
The Tuxedo (2002)  ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie

The Tuxedo (2002)

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
Black Hawk Down(2001) 7.7
Black Hawk Down(2001) Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်  File Size :(14.55 GB) (4.3GB)  (1.4GB) Quality : Web-Dl 4K ...
movie

Black Hawk Down(2001)

4K HEVC
Grindhouse (2007) 7.5
Grindhouse (2007) ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့  ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie

Grindhouse (2007)

Sweetwater (2013) 6.2
Sweetwater (2013) Genre – Thriller, Western IMDB – 6.2/10အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာဇာတ်အိမ်တည်ထားပါတယ်။လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကိုနယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာကဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်းသတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကိုဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန်လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာကဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ်ဘုန်းတော်ကြီးနေရာမှာ ...
movie

Sweetwater (2013)

2013
Green Zone (2010) 6.8
Green Zone (2010)  ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေးအဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေးကြုံလာပါ​တော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။  File size…2.31GB / 968MB Quality…Blu-Ray  1080p 5.1CH  / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Green Zone (2010)

Spinning Gold (2023) 6.3
Spinning Gold (2023) Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie

Spinning Gold (2023)

2023
Abduction (2011) 5.7
Abduction (2011)  နေသန်ဆိုတဲ့အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်.ပျော်ပျော်နေတတ်တယ်. သူငယ်ချင်းတွေနဲ့ကဲလိုက်.မိဘတွေဆူတာခံလိုက်နဲ့ ဘဝကိုအေးဆေးဖြတ်သန်းနေတဲ့သူတစ်ယောက်ပါပဲ။ကျောင်းကအိမ်စာလုပ်ခိုင်းတဲ့ပရောဂျက်အတွက် ဝက်ဆိုက်တွေလိုက်ရှားရင်း ပျောက်ဆုံးသူများဝက်ဆိုက်ဘ်မှာ သူနဲ့တူတဲ့ကောင်လေးတစ်ယောက်ပုံကိုတွေ့ရာကနေ သူ့ဘဝကရုတ်တရက်ဆိုသလိုပဲကမောက်ကမတွေဖြစ်ကုန်ပြီး သူ့နောက်ကိုလိုက်နေတဲ့ လူသတ်သမားတွေလက်ကနေ ထွက်ပြေးပုန်းရှောင်ရတဲ့အထိကိုဖြစ်လာရပါတော့တယ်. မင်းသားနေရာမှာတော့ Twilight ကားထဲက ခပ်မိုက်မိုက်နဲ့အထာကျတဲ့Taylor Lautner သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ အားလုံးရဲ့အသည်းကျော် Emily in Paris ထဲကမမlily Collins ပဲဖြစ်ပါတယ်. သူတို့နှစ်ယောက်ကဒီဇာတ်ကားထဲမှာတော်တော်လေးလိုက်တာနော်.Action , Mystery နဲ့Thrillerအမျိုးအစားဖြစ်ပြီး ကြာချိန် ၁နာရီနဲ့ ၄၆မိနစ်ရှိပါတယ်  File size…2.08GB / 875MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Action , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Abduction (2011)