Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jason Diablo
The Final Cut (2004)
လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ... ဖလက်ချာ (Jim ...
movie
The Final Cut (2004)
12 Rounds 2: Reloaded (2013)
အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာ သူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်.အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိ သေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်က အမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်.နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား??? ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား??? အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်.အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + ...
movie
12 Rounds 2: Reloaded (2013)
7
An Unfinished Life (2005)
An Unfinished Life (2005)~ IMDb - 7/10, Rotten Tomatoes - 52% ~ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ... ဂျင်းနဲ့ ...
movie
An Unfinished Life (2005)
2005
5.8
2012 (2009)
လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အမှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie
2012 (2009)