Channel Myanmar

Jasmine Curtis-Smith

Real Life Fiction (2024)
Real Life Fiction (2024) Real Life Fiction (2024) "လက်တွေ့ဘဝထဲက စိတ်ကူးယဉ်ဇာတ်လမ်း"အင်္ဂလိပ်စကားပြော ဖိလစ်ပိုင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ထင်ရှားကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပါကိုဟာ အတိတ်တစ်ခုကနေ ရုန်းမထွက်နိုင်ဘဲ သူ့စိတ်ထဲနားထဲ တီးတိုးသံတွေကြားရပြီး လောကနဲ့အဆက်ပြတ်သလို ဆောက်တည်ရာမရတဲ့သူပါသူ့ရဲ့ therapist ကိုလည်း ရေရေရာရာမရှင်းပြနိုင်ဘဲ သူ့ရဲ့အမြင်အာရုံတွေထဲ ပေါ်လာဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း ရှိနေတယ်သူ့ရဲ့အမှန်တရားကိုရှာဖွေဖို့အတွက် ရုပ်ရှင်တစ်ကားကို သူကိုယ်တိုင် ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ခဲ့အခါမှာသူလိုချင်တာကို ရလာမှာလား ဝေဝါးမှုတွေပဲဖြစ်သွားမလား ကြည့်ရှုခံစားပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn ~ ToMo ~ Star တို့ပဲ ဖြစ်ပါတယ် File size…794 MB / 495 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Linn ~ ToMo ~ Star
movie

Real Life Fiction (2024)

3 Days 2 Nights in Poblacion (2024)
3 Days 2 Nights in Poblacion (2024) 3 days 2 nights in Poblacion (2024)ကောင်မလေးတွေရဲ့ဘဝမှာ သူတို့ဘော်ဒါကောင်မလေးတွေနဲ့ အတူတူခရီးတွေထွက် ဘားတွေသွား စားချင်ရာတွေစား လုပ်ချင်တာတွေလုပ် စသည်ဖြင့် အတူတူပျော်ရွှင်ကြဖို့ တစ်ခါလောက်တော့ စိတ်ကူးယဉ်ဖူးမှာပါ Girls Night တို့ Girls Trip တို့ပေါ့ ယောကျာ်းလေးတွေက အဲ့လိုမလုပ်ချင်ဘူးလားဆိုတော့ မဟုတ်ပါဘူး လုပ်လွန်းလို့ခက်နေတာပါ အဲ့တော့ အခုတစ်ခါပရိသတ်ကြီးကို တင်ဆင်ပေးမယ့်ကားလေးက စိတ်ကူးယဉ်ရုံတင်မကပဲ နှစ်ယောက်ထဲအပြတ်ကဲတဲ့ကောင်မလေးနှစ်ယောက်အကြောင်း ဖြစ်ပါတယ် ဖိလစ်ပိုင်ရဲ့ Night Life တွေမှာ အသဲကွဲနေတဲ့သူငယ်ချင်းကို ကုစားပေးရင်း အချစ်သစ်ကိုရှာဖွေပေးရင်း ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေကြတဲ့အခါ မီးရောင်စုံ တေးသံစုံတွေအောက်မှာ ဘာတွေဆက်ဖြစ်မလဲကတော့ ပရိသတ်ကြီးကပဲ ကြည့်ရှုအားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Drama Quality…. 1080p | 720p File size… 1.5GB | 789MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

3 Days 2 Nights in Poblacion (2024)

2024
In My Mother’s Skin (2023) 5.4
In My Mother’s Skin (2023) In My Mother's Skin (2023)ရယူခြင်းကိုသာမြင်ပြီး ပေးဆပ်ရမယ့်တန်ကြေးကိုမမြင်ရခြင်းရဲ့နောက်ကွယ်မှာ နတ်ဆိုးနဲ့အပေးအယူလုပ်သူတွေ တော်တော်များများဟာ အကျိုးထက်အဆိုးနဲ့ကြုံရတာများပါတယ်။ တချို့ကလည်း ဒီနတ်ဆိုးနဲ့အပေးအယူလုပ်တယ်ဆိုတာကို ဒဏ္ဍာရီစကားသက်သက်လို့ပဲမှတ်ယူကြပါတယ်။အခုဒီကားလေးကတော့ နတ်ဆိုးနဲ့အပေးအယူလုပ်မိတဲ့ ကောင်မ‌လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါတွေတကယ်ရှိမရှိဆိုတာကိုတော့ ကိုယ့်အယူအဆနဲ့ကိုယ် လိုရာဆွဲတွေးနိုင်ပါကြောင်း...ဒုတိယကမ္ဘာစစ်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံလည်း ဂျပန်စစ်မီးကြောင့် တော်တော်လေးအထုအထောင်းခံလိုက်ရပါတယ်။ အယ်လ်ဒိုတို့ကလည်း ချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပေမဲ့ စစ်ဒဏ်နဲ့နင်းပြားဖြစ်ပြီးတော့ အခြေအနေမဟန်လှပါဘူး။ ဒါ့အပြင် အယ်လ်ဒိုတစ်ယောက်က ပဋိပက္ခတွေကြားမှာ စစ်ထွက်ရဖို့ ဖြစ်လာပြီး အယ်လ်ဒိုကို ရွှေတွေခိုးပါတယ်စွပ်စွဲသူကတစ်ဖက်၊ ဖက်ဆစ်ဂျပန်ကောင်တွေရဲ့ အကုန်သုတ်သင်ရှင်းလင်းရေးကတစ်ဖက်နဲ့ ပြဿနာစုံကြားမှာ မိန်းမနဲ့သမီးကိုထားရစ်ခဲ့ပါတော့တယ်။ စစ်မီးဒဏ်ကြောင့် စားစရာမရှိရတဲ့ကြားထဲ အမေဖြစ်သူကပါရောဂါသည်းလာလေတော့ သမီးကြီးဖြစ်သူတာရာတစ်ယောက် အမေက တောထဲမသွားဖို့ အတန်တန်တားထားတဲ့ကြားထဲကမှ တောထဲသွားရင်း နတ်သမီးတစ်ပါးနဲ့ တွေ့လာတဲ့အခါ...တောကြီးမျက်မည်းထဲမှာ ကလေးပီပီ မဲမဲမြင်ရာ နတ်သမီးလို့ဇွတ်ထင်ပစ်လိုက်ပြီး သူ့ရဲ့အကူအညီကို လက်ခံလိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါစို့လား။အညွန်းနဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1GB | 504MB Format… mp4 Duration…. ...
movie

In My Mother’s Skin (2023)

2023
Alone/Together (2019) 6.8
Alone/Together (2019) Alone/Together (2019)အထီးကျန် (သို့မဟုတ်) အတူတကွကို မရှိတဲ့အချိန်က ကျွန်မအတွက် အထီးကျန်တဲ့အချိန်တွေပေါ့ ကို ရှိတဲ့အချိန်တွေက ကျွန်မတို့ အတူတကွ ရှိကြမယ့် အချိန်တွေပေါ့ ..... ကို ရယ်။ကျွန်မ ဘဝမှာ တွေ့တိုင်း မြတ်မြတ်နိုးနိုးငေးကြည့်မိတဲ့အရာတစ်ချို့ရှိတယ် ပြတိုက်ထဲက အနုပညာလက်ရာ ပြကွက် ပြခန်းတွေ ပန်းချီပန်းပုတွေရယ်။ပြီးတော့……… ကို ရယ်။ အဲဒီအကြောင်းအရာ ၂ ခုဟာ ကျွန်မဘဝရဲ့ ရည်မှန်းချက်တွေပဲပေါ့….. ရည်မှန်းချက်တွေအတိုင်း ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မက အနုပညာလေ့လာမှုဘာသာရပ်နဲ့ လက်တင်ဂုဏ်ထူးတန်းတက်ရင်း အမျိုးသားပြတိုက်မှာ စေတနာ့ဝန်ထမ်းလုပ်တယ် ကျွန်မ ဘွဲ့ရပြီးရင် ပြတိုက်တွေ ပြခန်းတွေမှာ ပြတိုက်မှုး ဖြစ်ချင်တယ်။ အနုပညာ လက်ရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ နေရာမှာ အလုပ်လုပ်ရတာ ကျွန်မပျော်တယ်။ အမှန်တကယ်ကြိုးစားမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့လည်း ကျွန်မ ယုံကြည်တယ်။ကို ကတော့ ဘာမှမဖြစ်ချင်ဘူးတဲ့ သူက အရာရာကို အဆိုးမြင်နေသူလေ။ ကျွန်မက စိတ်ကူးနဲ့ ...
movie

Alone/Together (2019)

2019
HEVC 1080p 5.1