Channel Myanmar

Jang Liu

Re-encounter (2011) 6.8
Re-encounter (2011) Re-encounter (2011)******************** ဒီတစ်ခါ တင်ဆက်ပေးမဲ့ ကားလေးမှာတော့ ဟယ်ဟွာ အဖြစ် မင်းသမီး Yoo Da-In သရုပ်ဆောင်ထားပြီး ဟန်ဆူအဖြစ် မင်းသား Yoo Yeon-Seok (When the Phone Rings) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။ဟယ်ဟွာအမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်လျက်ရှိပြီး လေလွင့်ခွေးလေးတွေ နေစရာအိမ်မရှိရင် သူ့အိမ်ခေါ်ထားပြီး စောင့်ရှောက်ပေးတတ်တဲ့သူလေး ဖြစ်ပါတယ်။သို့သော်လည်း အတိတ်အဖြစ်ဆိုးကြောင့် ဘဝမှာ ပျှော်ရွှင်မှုဆိုတာကို မေ့လျော့စွာ ဖြတ်သန်းနေခဲ့သူပါတစ်နေ့မှာတော့ ခွေးလေးတစ်ကောင်ကို ကယ်တင်ပြီးအပြန်လမ်းမှာ လွန်ခဲ့တဲ့ ၅ နှစ်က ရူးရူးမူးမူးချစ်ခဲ့ကြတဲ့ ချစ်သူဟောင်း ဟန်ဆူ နှင့်ပြန်ဆုံခဲ့ပါတယ် ..ကိုယ်ဝန်ဆောင်ခဲ့ရပြီး မီးဖွားခါနီးအချိန်မှာမှ စွန့်ခွါသွားခဲ့တဲ့သူ့ချစ်သူအပေါ် နာကျည်းချက်တွေ ရှိရုံမက ကလေးဆုံးရှုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာကို ခံစားခဲ့ရတဲ့ ဟယ်ဟွာတစ်ယောက်ဟာ ဟန်ဆူကို မျက်နှာမမြင်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ် ..အဲဒီအချိန်မှာပဲ ဟန်ဆူက ဟယ်ဟွာကို သူတို့ကလေးက မသေဘဲ မွေးစားခံလိုက်ရတာဖြစ်ကြောင်း လာပြောပြချိန်မှာ ဟယ်ဟွာတစ်ယောက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုပြန်ရရှိသလို ခံစားလိုက်ရပြီး အပူတပြင်း လိုက်ရှာပါတော့တယ် ..ဟန်ဆူနဲ့ဟယ်ဟွာတို့ ...
movie

Re-encounter (2011)

Cart(2014) 7.0
Cart(2014) Cart(2014)*********၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအားကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.............File Size :1.4GB& 669MB Quality : ...
movie

Cart(2014)

Move the Grave (2020) 7.2
Move the Grave (2020)  မြို့ပြပေါ်က သာမန်လူမှုဘဝတွေ ၊ လူတိုင်းမှာ ရှိတဲ့အခက်အခဲတွေကိုပါ ဇာတ်လမ်းထဲမှာပြသထားတဲ့အပြင် တောင်ကိုရီးယားရှေးလူကြီးတွေရဲ့ ရှေးရိုးစွဲမှုကိုလည်း ဖော်ပြထားပါတယ် ။ဇာတ်လမ်းအကျဉ်းဖခင်ရဲ့ အုတ်ဂူကို နေရာပြောင်းရွှေ့ဖို့အတွက် စာလေးတစ်စောင် ဟဲယောင်းဆီကို ဝင်လာခဲ့တယ် အကြီးဆုံးဖြစ်တဲ့ ဟဲယောင်းက ကျန်မောင်နှမတွေနဲ့အတူ မွေးရပ်မြေကို သွားရမှာပါဆုံခဲလှတဲ့ ဟဲယောင်း၊ဟဲယွန်း၊ဂွန်းအို့၊ဂွန်းဟီ နဲ့ ဆောင်းရာ ဆိုတဲ့ မောင်နှမ ၅ ယောက် လူစုံအောင်လုပ်ရင်း လမ်းခရီးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုက်ပြထားတဲ့အပြင် သူတို့ဖခင်ရဲ့ အုတ်ဂူကိုရော သေချာရွှေ့ပြောင်းဖြစ်မလားဆိုတာကို Move The Grave ဆိုတဲ့ မိသားစု ဇာတ်ကားလေးထဲမှာ ကြည့်ရှူ့ကြရမှာပါ ။ရိုးရိုးအေးအေးနဲ့ ကောင်းတဲ့ မိသားစု ဒရမ်မာကားကောင်းလေးကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက သင့်အတွက်ပါပဲ ။( အညွှန်းရေးသားထားသူကတော့ Seung ပါ )File Size__1.7 GB , 900 MB Quality__1080p,720p IMDb Rating__7.2/10 Format__mp4 Duration__01:30:00 Type__Comedy , Drama , ...
movie

Move the Grave (2020)