Channel Myanmar

Janet Porter

Remember (2015) 7.5
Remember (2015) black and white ခေတ်ကမင်းသားကြီးChristopher Plummerပါဝင်သရုပ်ဆောင်ထားတဲ့2015မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာခေါင်းဆောင်တဲ့နာဇီတွေက'ခရစ်စတယ်ည'နာမည်တွင်ခဲ့တဲ့ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉-၁၀ ရက်နေ့တွေမှာဂျူးတွေနဲ့ဂျူးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေဆိုင်ခန်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြပါတယ်ဒီဖြစ်စဉ်မှာ ဂျူးလူမျိုး၃သောင်းခန့် အဖမ်းခံရကာစစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး ဂျူး၁၀၀ထက်မနည်းသေဆုံးခဲ့ပါတယ်ဒီဖြစ်ရပ်ဟာ Holocaust Genocide ကိုဦးတည်စေခဲ့ပါတယ်Holocaust မှာ ဂျူးများအပြင်LGBTတွေ, လူမည်းတွေ, ဂျစ်ပစီတွေ, မသန်စွမ်းတွေပါ နာဇီတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်Auschwitzလိုစစ်အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, အဆိပ်ဓာတ်ငွေ့ပေးနှိပ်စက်မှုတွေပါပြုလုပ်ခဲ့ကြပါတယ်ဒီဖြစ်ရပ်တွေကိုအခြေတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါဇာတ်လမ်းအကျဉ်းကတော့သူငယ်ပြန်ရောဂါရှိနေတဲ့ဇက်ဖ်က သူ့မိန်းမဆုံးသွားပြီးနောက်ပိုင်းမှ ာ နာဇီလက်ထက်က သူ့ရဲ့မိသားစုကိုသတ်ခဲ့တဲ့ တရားခံဖြစ်တဲ့စစ်အကျဉ်းစခန်းက ခေါင်းဆောင်ပိုင်းတစ်ယောက်ကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတယ်ဘိုးဘွားရိပ်သာက သူ့သူငယ်ချင်းမက်စ်ရဲ့အကူအညီနဲ့ဘယ်လိုစိတ်ဝင်စားစရာ ရှာပုံတော်ဖွင့်မလဲဘယ်လို ဇာတ်လမ်းလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာနာဇီနဲ့ဂျူးတွေကြားကပဋိပက္ခ သမိုင်းကြောင်းတွေကို ပြန်လည်ခံစားရင်း ရှုစားကြပါဦး File size…    1.6 GB /  794 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle ...
movie

Remember (2015)

Out of My Mind (2024) 7.2
Out of My Mind (2024)  Drama အမျိုးအစားဖြစ်တဲ့ Out of My Mind ဟာစိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်တဲ့ကလေးကားလို့ပြောလို့ရပါတယ်။ ဦးနှောက်အကြောသေရောဂါကြောင့် စကားမပြောနိုင်ဘဲ ဘီးတပ်ကုလားထိုင်တစ်ခုနဲ့ပဲသွားလာရတဲ့ခြောက်တန်းကျောင်းသူလေးမယ်လိုဒီဟာ ဥာဏ်အရမ်းကောင်းပြီး ထူးချွန်ပေမယ့် သူ့ရဲ့မသန်စွမ်းတဲ့အခြေအနေကြောင့်ခွဲခြားဆက်ဆံခံရတဲ့အပြင် သက်တူရွယ်တူတွေလို တူညီတဲ့အခွင့်အရေးတွေလည်းမရခဲ့ပါဘူး။ တစ်ရက်မှာတော့ပညာရေးလေ့လာမှုအတွက်ကျောင်းကိုရောက်ရှိလာတဲ့ဒေါက်တာတစ်ယောက်ကြောင့် မယ်လိုဒီဟာ မသန်စွမ်းအတန်းမဟုတ်ဘဲ ပုံမှန်ကျောင်းသားတွေတက်တဲ့ခြောက်တန်းအခန်းထဲမှာ စာသင်ခွင့်ရရှိလိုက်ပါတယ်။အတန်းထဲမှာ မယ်လိုဒီဟာ တခြားကျောင်းသားတွေထက်ထူးချွန်ပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ရှိနေဆဲပါပဲ။ဇာတ်လမ်းရဲ့အဆုံးပိုင်းမှာ တကယ်တော့ အသံမထွက်နိုင်တဲ့မယ်လိုဒီအတွက် ဘယ်လိုစကားပြောရမလဲဆိုတာကအရေးမကြီးဘဲ သူပြောစရာရှိတာကိုပြောနေဖို့ပဲလိုတယ်ဆိုတဲ့အချက်ကို မယ်လိုဒီတစ်ယောက်သဘောပေါက်နားလည်သွားခဲ့ပါတယ်။ အစစအရာရာလိုက်လုပ်ပေးဖို့လိုတဲ့ မယ်လိုဒီလိုကလေးတစ်ယောက်အတွက် မယ်လိုဒီရဲ့မိဘတွေရဲ့အပင်ပန်းခံပံ့ပိုးပေးမှုကလည်း မယ်လိုဒီရဲ့အောင်မြင်မှုနဲ့ထူးချွန်မှုအတွက်အဓိကအခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ File size… (1.64GB) / (853MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Out of My Mind (2024)

Close to You (2024)
Close to You (2024) ဒီရုပ်ရှင်ကတော့ မင်းသား Elliot Page အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Elliot Page ကို အရင်က Ellen Page ဆိုတဲ့ နာမည်နဲ့ Umbrella Academy, Inception, Juno စတဲ့ ရုပ်ရှင်တွေရဲ့ မင်းသမီးအနေနဲ့ ရင်းနှီးကြပါလိမ့်မယ်။ သူက အခုအချိန်မှာတော့ လိင်ပြောင်းပြီး ယောကျ်ားတစ်ယောက်အဖြစ်ခံယူထားသူဖြစ်နေပါပြီ။ ဒီရုပ်ရှင်ထဲမှာလည်း Elliot Pageက လိင်ပြောင်းထားတဲ့ Sam လို့ခေါ်တဲ့ Transsexual တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။Sam ဟာ လိင်ပြောင်းခွဲစိတ်ပြီးတည်းက အိမ်ကိုမပြန်ဖြစ်တာ ၅နှစ် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူ့အဖေမွေးနေ့အဖြစ် အိမ်ကို မဖြစ်မနေပြန်ရမယ့် အချိန်မှာတော့ သူရှောင်လွှဲနေခဲ့တဲ့ သူ့မိသားစု နဲ့ သူ့အတိတ်ဘဝကို ပြန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်က လိင်ပြောင်းတစ်ယောက်ရဲ့ အခက်အခဲတွေ၊ Society ရဲ့ သူတို့အပေါ် ဆက်ဆံပုံတွေကို ...
movie

Close to You (2024)

Trader (2022)
Trader (2022)  IMDb 5.7/10 Rotten Tomatoes 80% ************************************************* ♦ ဒီဇာတ်ကားကတော့ Low budget ကား​ဖြစ်ပြီး အချစ်အလွမ်းဟာသ ဒရာမာတွေဘာတစ်ခုမှမပါပါဘူး တကယ့်ကမ္ဘာ့စတော့ရှယ်ယာစျေးကွက်မှာ Trading လုပ်ကြတဲ့ စျေးကွက်ကိုကြိုးကိုင်ခြယ်လှယ်ကစားကြ အပြိုင်ကြဲကြတဲ့ Trader ​ခေါ် Stock Market Player တွေအကြောင်း တစေ့တစောင်းရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါ နည်းပညာသမားတွေ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့အနည်းနဲ့အများပညာရမဲ့ဇာတ်ကားမျိုးပါ Tradingအကြောင်းဘာမှမသိတဲ့လူတောင်မှ ဒီကားကြည့်ပြီးရင် စတော့စျေးကွက်အရောင်းအဝယ်အကြောင်း ရင်းနှီးသွားလိမ့်မယ်လို့ထင်ပါတယ်♦ဒီဇာတ်ကားမှာထူးခြားချက်က ကာရိုက်တာတစ်ခုထဲ Locationတစ်ခုထဲမှာပဲ လှည့်ရိုက်ထားတာဖြစ်ပါတယ် မင်းသမီး Kimberly Sue Murrayရဲ့ Actingကလဲ တစ်ကားလုံးရှယ်ပဲ ဆိုက်ကိုပါ့သ်ဆေးစွဲနေတဲ့ Trader အသစ်စက်စက်အဖြစ်သရုပ်ဆောင်ထားပြီး တစ်ကားလုံးကိုသူ့ Actingနဲ့ထိန်းချသွားတာလန်းတယ် နောက်ဆုံးအထိ အရှ်ိန်ကျမသွားဘူး Low-budgetပေမဲ့ကြည့်ရတာတန်တယ်♦အများကြီးမညွန်းတော့ပါဘူး Trader lifeကိုစိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ရမဲ့ Listထဲပါပါတယ် ​ကြည့်ရှုခံစားကြည့်ကြပါအုံး.... File size…(1 GB)/(553 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller Subtitle….Myanmar Subtitle ...
movie

Trader (2022)

Burden (2022) 7.8
Burden (2022) Burden (2022)ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။)File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, ...
movie

Burden (2022)

2022
It Chapter Two (2019) 6.8
It Chapter Two (2019) (Unicode)IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့အဲဒါ ပြန်ပေါ်လာရင်ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့်ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေကအသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကိုအကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက်ပိုကြမ်းလာပါလိမ့်မယ်။ဒီတော့ အားရပါးရကြောက်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…. File Size : (2.70 GB),(1.30 GB) And (650 MB) And (4.1GB) Quality : Blu-Ray (1080p 5.1,720p,480p) / 4k BluRay HEVC AAC 5.1CH Running Time : 2hr 49min Format : ...
movie

It Chapter Two (2019)

2019
4K HEVC
Resident Evil: Welcome to Raccoon City (2021) 5.6
Resident Evil: Welcome to Raccoon City (2021) ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်းလီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့ကမိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလားအခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့်သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီးဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ...  File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP ...
movie

Resident Evil: Welcome to Raccoon City (2021)

2021
4K HEVC Web-DL
Regression (2015) 5.7
Regression (2015)  လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေမှ နှစ်ခြိုက်သူတို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ ဇာတ်ကားကြည့်နေတဲ့တောက်လျှောက် ကိုယ်တိုင်ဝင်ပါပြီး စုံစမ်းချင်စိတ်ပေါက်သွားမယ့်ကားမျိုး...ဇာတ်လမ်းအစမှာ အိန်ဂျလာက သူ့အဖေကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ရဲတိုင်ထားပါတယ် သူ့အဖေက ဝန်ခံပေမယ့် ဘာမှမမှတ်မိဘူးတဲ့ အဲ့ဒီလိုနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် အစပျိုးလိုက်ပါတယ်"လူ့စိတ်ဆိုတာ စကြာဝဠာကြီးတစ်ခုလုံးပဲ " မလိုချင်တဲ့ မှတ်ဉာဏ်တွေက အလိုလို တံခါးပိတ်သွားတက်တယ် ဖွင့်ပေးရမယ့် သော့က Regression လို့ခေါ်တဲ့ စိတ်နောက်ပြန်ဆွဲတဲ့ အိပ်မွေ့ချ ကုထုံးပဲ ဘယ်ညာယိမ်းနေတဲ့ ချိန်သီးရဲ့ နောက်မှာ ဘာရှိနေလဲ မကောင်းဆိုးဝါးတွေလား? စေတန်ခေါ် နတ်ဆိုးလား? နတ်ဆိုးဝါဒီတွေလား? တစ်စုံတစ်ဦးကတော့ သူ့ချိန်သီးရဲ့နောက်မှာ မကောင်းဆိုးဝါးတွေရှိနေခဲ့တယ် တစ်စုံတစ်ဦးရဲ့ ချိန်သီးရှေ့ကို စေတန်ဝါဒီတွေရောက်လာတယ်စိတ်ဆိုတဲ့ကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ အတွေးကွင်းဆက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by ...
movie

Regression (2015)

Flatliners (2017) 5.0
Flatliners (2017) ၁၉၉၀ ပြည့်နှစ်တုန်းက နာမည်တူအတိုင်း ထွက်ရှိခဲ့တဲ့ ဇာတ်ကားရဲ့အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီးဘယ်သူမှမလုပ်ဖူးတဲ့ စမ်းသပ်မှုမျိုးလုပ်ခဲ့တဲ့ ဆေးကျောင်းသားငါးယောက်ကြုံရတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။နယ်လ်ဆင်ရိုက်ဆိုသူရဲ့ အသက်နဲ့ရင်းပြီး လုပ်ဆောင်ခဲ့တဲ့ တုန်လှုပ်ချောက်ချားဖွယ်ရာ စမ်းသပ်မှုပြီးဆုံးခဲ့မှု ၂၈ နှစ်ကြာအပြီးမှာတော့ အလားတူစမ်းသပ်မှုမျိုးကို ဒေါက်တာကော်တနေဟုမ်းဦးဆောင်တဲ့ ဆေးကျောင်းသား အဖွဲ့တစ်ဖွဲ့က တိတ်တဆိတ် လုပ်ဆောင်ခဲ့ပါတယ်။ အသက်နဲ့ရင်းရတဲ့ သူတို့ရဲ့စမ်းသပ်မှုက သေသွားပြီးနောက်မှာ ဘာဖြစ်သလဲဆိုတဲ့ အဖြေအတွက် လုပ်ဆောင်တာဖြစ်ပြီး နှလုံးခုန်တာကို ခေတ္တရပ်အောင်လုပ်ပြီး သိမြင်ကြုံတွေ့ရတာတွေကို သုတေသနလုပ်ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ ဒေါက်တာကော်တနေအပါဝင် ဆေးကျောင်းသား တွေဟာ တစ်ယောက်တစ်လှည့်စီ နှလုံးခုန်ရပ်အောင်လုပ်ပြီး အန္တရာယ်ရှိတဲ့စမ်းသပ်မှုမျိုးကို လုပ် ဆောင်ခဲ့ကြပါတယ်။အဲဒီလို စမ်းသပ်ရင်းနဲ့ စိတ်တွေဟိုရောက်ဒီရောက်ဖြစ်ပြီး လက်ရှိဖြစ်နေသလိုလို၊ တမလွန်အခြေအနေမှာဖြစ် နေသလိုလိုနဲ့ ထိတ်လန့်စရာ အခြေအနေတွေနဲ့ ကြုံရပါတော့ တယ်။ လက်ရှိ အခြေအနေမှာကိုဆန်းကြယ်တဲ့ ခြောက်လှန့်မှုတွေက တစ်ဦးချင်းစီကို ဒုက္ခလှလှပေး တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။ဒီဇာတ်ကားမှာ အယ်လန်ပေ့ခ်ျ၊ ဒီဂိုလူနာ၊ နီနာဒိုဘရက်ဗ်၊ဂျိမ်းစ်နော်တန်၊ ကီရာဆေးကလီ ...
movie

Flatliners (2017)

2017