Channel Myanmar

Janet Bailey

Poison Ivy: The Secret Society (2008) 4.2
Poison Ivy: The Secret Society (2008)  Poison Ivy: The Secret Society (2008)IMDb Rating (4.2) / Rotten Tomatoes (20%) ဟော့ဟော့လန်းလန်း သည်းထိပ်ရင်ဖို ကျောင်းသူဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒေစီဟာ ရိုးရိုးအအ တောသူမလေးဖြစ်ပြီး မိဘတွေဆုံးသွားတာနဲ့ တောကရည်းစားကိုထားခဲ့ပြီး မြို့မှာဘဝသစ်တစ်ခုကို ရှာဖွေဖို့လုပ်ပါတယ်။နာမည်ကြီးကောလိပ်တစ်ခုကို ရောက်ရောက်ချင်းမှာတင် ဌာနမှူးရဲ့သားဖြစ်သူက ဖွန်လိုက်ကြောင်နေတာရယ်၊ နာမည်ကြီး အလုပ်သင်ပရိုဂရမ်ကို ရဖို့လည်း အခွင့်အရေးကောင်းနေတာမို့ အရာရာစိုပြေနေပေမယ့်။လျှို့ဝှက်အဖွဲ့အစည်း အမျိုးသမီးဂိုဏ်းတစ်ခုက သူ့ကို ချဉ်းကပ်လာချိန်မှာတော့....... (အညွှန်းနဲ့ဘာသာပြန်ကတော့  Sike Tan ဖြစ်ပါတယ်။)File size…(2.2 GB) / (960 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:36:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan
movie

Poison Ivy: The Secret Society (2008)

2008
Godsend (2004)
Godsend (2004) ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(670 ...
movie

Godsend (2004)

The Recruit (2003) 6.6
The Recruit (2003) Legend ကြီး AL Pacino နဲ့ Colin Farell တို့ အပြိုင်ကြဲထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.ထက်မြက်တဲ့နည်းပညာသမားတစ်ယောက်ဖြစ်သူ ဂျိမ်းစ်ကိုစီအိုင်အေမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး စီနီယာနည်းပြ အနေနဲ့ငယ်ရွယ်တဲ့အရည်အချင်းရှိသူတွေကို လူသစ်စုဆောင်းဖို့ ရှာဖွေနေခဲ့တဲ့ ဝေါ်တာဘက်ခ်ကအဖေ ဖြစ်သူရဲ့အကြောင်းကို သိချင်တဲ့ ဂျိမ်းစ်ရဲ့အညှာကို ချုပ်ကိုင်ပြီး သူဖြစ်စေချင်သလိုစီအိုင်အေထဲဝင်နိုင်အောင် အပါခေါ်သွင်းခဲ့ပါတယ်."မွေးမြူရေးခြံ" လို့ အမှည်ဝှက်ပေးထားတဲ့ သူတို့ရဲ့လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဂျိမ်းစ်ကိုစမ်းသပ်မှု အဆင့်ဆင့်ကို ဖြတ်ကျော်စေခဲ့ပါတယ်.နောက်ဆုံးစမ်းသပ်မှုကို မအောင်မြင်ခဲ့တဲ့ဂျိမ်းစ်တစ်ယောက် စိတ်ဓာတ်ကျပြိုလဲနေခဲ့ပေမယ့်ဝေါ်တာဘက်ခ်က လန်ဂလေက ဌာနချုပ်မှာနေရာတစ်ခုရအောင် စီစဉ်ပေးခဲ့ပြီးN.O.C – (Non-Offical Cover) နော့အနေနဲ့ ဌာနကအတွင်းသူလျှိုဖြစ်သူ လေလာရဲ့ချုပ်ကိုင်စေခိုင်းသူကိုရှာဖွေဖော်ထုတ်ရမယ့် တာဝန်တစ်ခုကို ချပေးခဲ့ပါတယ်ဒီနေရာအရောက်မှာတော့ ဂျိမ်းစ်အနေနဲ့သူ့ရဲ့ အော်ပရေးရှင်းကို ပြီးအောင် လုပ်နိုင်မှာလားလေလာရဲ့ နောက်ကွယ်က စေခိုင်းသူကရော ဘယ်သူဖြစ်မလဲ. ဝေါ်တာဘက်ခ်အနေနဲ့ကရော ဂျိမ်းစ်ကို နော့အနေနဲ့တပ်ဖွဲ့ထဲ ခေါ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကရောဘာလဲဇာတ်လမ်းအဆုံးအထိ လှည့်စားနိုင်ဖို့ မပျက်ကွက်ခဲ့တဲ့ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ်. File size…  ...
movie

The Recruit (2003)

2003