Channel Myanmar

Jamie Lee Curtis

Halloween H20: 20 Years Later (1998) 5.8
Halloween H20: 20 Years Later (1998)  Halloween H20: 20 Years Later (1998)IMDb Rating (5.8) / Rotten Tomatoes (56%) ဒီကားကတော့ အထူးတလည် ညွှန်းစရာတောင်မလိုဘူးထင်ပါတယ်။ Thriller ကားတွေထဲမှာဆို classic ပဲ ၊  မိုင်ကယ်မိုင်ရားစ်ဆိုတဲ့ လူဟာ ဇာတ်ဆောင်ကယ်ရီရဲ့ မောင်ဖြစ်သူပါ။သူ့အစ်မက မိုင်ကယ်မမိအောင် နာမည်တွေပြောင်း ခြေရာတွေဖျောက်ပြီး နေနေပါသော်လည်း ဆရာသမားလေးက သိတဲ့အတိုင်းပဲ ရှာတွေ့ဖြစ်အောင် ရှာတွေ့တာဗျာ။အဲ့မှာ ကယ်ရီက သူ့သားလေးကိုရော သူ့ချစ်ရသူတွေကိုရော ကာကွယ်ပေးနိုင်ပါ့မလား။သူဘယ်လို သူ့မောင်လက်ကနေ အသက်ရှင်အောင်နေရမလဲဆိုတာမျိူး ကြည့်ရမှာဖြစ်ပါတယ်။ဒီကားက Franchise ကြီးတာမို့ တကယ်မိုက်တဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(1.3 GB) / (610 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:26:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu ...
movie

Halloween H20: 20 Years Later (1998)

1998
Virus (1999)
Virus (1999) Virus ကတော့ horror, sci-fi movie အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့သင်္ဘောတစီးပေါ်ကလူတစ်စုဟာ တိုင်ဖုန်းမုန်တိုင်းအတွင်းကျရောက်သွားပြီး သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုဆုံးရှုံးခဲ့ပြီးသင်္ဘောမြှပ်မဲ့အခြေအနေနဲ့ကြုံတွေ့ရကာ အသက်ရှင်သန်ဖို့ကြိုးစားနေကြရင်း မုန်တိုင်းအလယ်ဗဟိုထဲသို့ဝင်ရောက်ခဲ့ကြပါတယ်။ အမှတ်မထင်ပဲ မုန်တိုင်းအလယ်ဗဟိုအတွင်းမှာ အခြားသင်္ဘောတစ်စီးရှိနေတာကိုတွေ့ရှိခဲ့ကြရပါတယ်။အဲဒီသင်္ဘောဟာ သူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်အဖတ်ဆယ်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ သူတို့အဖွဲ့ဟာ အဲဒီသင်္ဘောပေါ်ကိုရောက်ရှိလာကြပါတော့တယ်။ ထူးဆန်းစွာပဲ အင်မတန်ကြီးမားတဲ့စက်ပစ္စည်းကိရိယာတွေတပ်ဆင်ထားတဲ့သင်္ဘောကြီးပေါ်မှာ လူတစ်ဦးတစ်ယောက်မှရှိမနေပါဘူး။ အဲဒီနောက်မှာသူတို့ဟာ စကားလုံးတွေနဲ့ဖော်ပြဖို့တောင်ခက်ခဲတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတော့တယ်။ဒီသင်္ဘောကြီးဟာသူတို့မျှော်လင့်ထားသလို သူတို့ရဲ့ကံကောင်းခြင်းလား ဒါမှမဟုတ် သူတို့ရဲ့အဆုံးသတ်ပဲဖြစ်သွားမလားဆိုတာကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size… (1.3 GB) / (757 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Horror, Action, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju 
movie

Virus (1999)

Escape from New York (1981)
Escape from New York (1981)  ဒီဇာတ်ကားလေးကတော့ မင်းသကြီး Kurt Russell ငယ်ငယ်ကဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ New Yorkမြို့ကြီးဟာ အမေရိကန်တစ်နိုင်ငံလုံးရဲ့အကျဉ်းထောင်အဖြစ်သတ်မှတ်ခံလိုက်ရပြီး Manhattan ကျွန်းကြီးပတ်ချာလည် တံတိုင်းတွေခတ်လိုက်ပါတယ်။ အထဲမှာလည်း ရာဇဝတ်သားတွေအပြည့်နဲ့ ရဲတွေကတော့တံတိုင်းအပြင်ကသာစောင့်ကြပါတယ်။ ထိန်းမယ့်သူမရှိတော့အထဲမှာက ရာဇဝတ်သားတွေဟာ သူတလူငါတမင်းအုပ်ချုပ်နေကြပြီး ရမ်းကားလို့ကောင်းပြီးရင်းကောင်းနေတာပါ။ ဖြစ်ချင်တော့တစ်နေ့မှာ သမ္မတကြီးလေယာဉ်ဟာ မျိုးချစ်ဝါဒီအစွန်းရောက်တွေရဲ့ ပြန်ပေးဆွဲခြင်းခံရပြီး New York မြို့ထဲကိုပျက်ကျစေခဲ့ကာ သမ္မတကြီးကိုထောင်ထဲရောက်စေခဲ့ပါတယ်။သမ္မတကြီးကိုကယ်ဆယ်ဖို့ကလည်း လူအင်အားသုံးလို့မရတာကြောင့်အကျဉ်းကျဖို့ရောက်လာတဲ့ Snake ကိုပဲအပေးယူသဘောနဲ့ခိုင်းစေရပါတော့တယ်။ Snake ထွက်ပြေးမှာကိုသိနေလို့ လည်ပင်းထဲမှာပါ မိုင်းအသေးစားလေးလိုတပ်ဆင်ပေးထားလိုက်ပြီး 24 နာရီအတွင်းပြန်မရောက်ပါက သေမှာဖြစ်ပါတယ်။ ဆိုတော့ Snake တစ်ယောက်သမ္မတကြီးကိုဘယ်လိုကယ်မလဲ။ သူရောအသက်ရှင်လျက်ပြန်ထွက်လာနိုင်မလားဆိုတာကတော့ ဇာတ်ကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းချင်ပါတယ်။ File size…(1.2 GB)/(630 Mb) Quality….BrRip 1080p / 720p Format… mp4 Duration…. 01:39:00 Genre... Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L
movie

Escape from New York (1981)

Drowning Mona (2000)
Drowning Mona (2000) ဇာတ်လမ်းရဲ့အစမှာ မိုနာဒီယာလီဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကားမောင်းနေရာကနေ ဘရိတ်မမိပဲ မြစ်ထဲကို ပြုတ်ကျသွားပါတယ် ရဲအရာရှိတွေက သူမသေသွားပြီဆိုတာကို အတည်ပြုပြီးနောက်မှာ စုံစမ်းစစ်ဆေးရေးတွေစပါတော့တယ် ကားကိုစစ်ကြည့်လိုက်တော့ တစ်ယောက်ယောက်က ကားရဲ့ ဘရိတ်တွေကို တမင်ဖြုတ်ထားတာ ဘရိတ်ဆီဘူးတွေ ဖောက်ထားတာကို တွေ့ရတဲ့အခါမှာတော့ ရဲအရာရှိရဲ့ စိတ်ထဲမှာ သံသယတွေကြီးထွားလာပါတယ် ဘယ်သူကများ မိုနာဒီယာလီကို သတ်တာလဲ…ရဲအရာရှိဟာ မြို့လေးထဲက တစ်ယောက်ပြီးတစ်ယောက်ကို လိုက်မေးရင်း စုံစမ်းပါတော့တယ် ဒီဇာတ်ကားရဲ့ထူးခြားတဲ့အချက်က နောက်ကြောင်းပြန်ပြကွက်တွေကို ဖောဖောသီသီသုံးပြီး အရင်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းနဲ့ လက်ရှိအချိန်နဲ့ ချိတ်ဆက်ပြထားတာပါပဲ မိုနာသေသွားတဲ့အချိန်မှာ လူတွေက ဝမ်းနည်းရမယ့်အစား ပျော်နေကြလေရဲ့သူ့ယောကျာ်းဖီးလ်ကလည်း စားပွဲထိုးတစ်ယောက်ဖြစ်တဲ့ ရိုနာနဲ့ ဖောက်ပြန်နေတဲ့သူပေါ့ ဒါဆိုဖီးလ်က မိုနာကို အပြတ်ရှင်းလိုက်တာများလား ဒါမှမဟုတ် မိုနာရဲ့သား ဂျက်ဖ်ကပဲ သူ့အမေနဲ့ ခဏခဏရန်ဖြစ်နေတာဆိုတော့ စိတ်ကုန်ပြီး တစ်ခုခုလုပ်လိုက်တာလား ဒါမှမဟုတ်လည်း စားပွဲထိုးရိုနာကပဲ မယားကြီးဖြစ်တဲ့ မိုနာကို လက်စဖျောက်တာလား ဒါမှမဟုတ် ဘော်ဘီဆိုတဲ့ ...
movie

Drowning Mona (2000)

The Last Showgirl (2024) 6.6
The Last Showgirl (2024)  The Last Showgirl (2024)IMDb Rating (6.6) / Rotten Tomatoes (83%) ဇာတ်လမ်းနာမည်က The Last Showgirl (နောက်ဆုံးပြဇာတ်မယ်) တဲ့။ဝါရင့်မင်းသမီးကြီး Pamela Anderson ရဲ့ အံ့အားသင့်မှင်သက်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်လို့ရမယ့် ဒရာမာဇာတ်ကားကောင်းတစ်ကားပေါ့။Razzle Dazzle ဆိုတဲ့ ပြဇာတ်ရုံဟာ ၁၉၈၀ ခုနှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ဇာတ်ရုံတစ်ခုဖြစ်ပြီး လက်ရှိမှာလည်း လက်စ်ဗီးဂတ်မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ဇာတ်ရုံတစ်ခုပေါ့။ဒီဇာတ်ရုံအဖွဲ့သားတွေထဲကမှ ရှယ်လီဂါဒ်နာကတော့ တစ်ချိန်က ပြဇာတ်လောကမှာ အကျော်အမော်အဖြစ်နာမည်ကြီးခဲ့တဲ့ ကချေသည် တစ်ဦးပါ။သို့သော်လည်း လက်ရှိအချိန်မှာတော့ နှစ် ပေါင်း ၃၀ ကျော်အောင် ခေတ်စားလာခဲ့တဲ့ဇာတ်ရုံတစ်ခုဟာ လူစိတ်ဝင်စားမှုနည်းလာကြပြီး ခေတ်ကုန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ ဒီဇာတ်ရုံကြီးကို ပိတ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ ဘဝရဲ့အတောက်ပဆုံးအချိန်တုန်းက မီးရောင်တွေတလက်လက်အောက်မှာ ပရိတ်သတ်တွေရဲ့သောင်းသောင်းဖြဖြအားပေးမှုကို ရရှိခဲ့တဲ့ပြဇာတ်မယ်တစ်ဦးဟာ ဇရာရဲ့ထိုးနှက်ချက်တွေ ခေတ်ရေစီးကြောင်းရဲ့ထိုးနှက်မှုဒဏ်တွေကိုခံရပြီး ဘဝရဲ့အကျဘက်ကိုရောက်ရှိလာပါတော့တယ်။ဒီရုပ်ရှင်ဟာ အသစ်ထွက်ရှိတဲ့ရုပ်ရှင်တွေထဲမှာမှ 'တန်း' တစ်ခုရှိတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်မှာရှိတဲ့ ...
movie

The Last Showgirl (2024)

2024
4K HEVC
Star Trek: Section 31 (2025) 6.0
Star Trek: Section 31 (2025)  Startrek Franchise ထဲက ကားကောင်းတစ်ကားထွက်လာပါတယ်မင်းသမီး မီချဲရို ဦးဆောင်ပါ၀င်ထားတဲ့ ဒီကားဟာ Star trekအကြောင်းကိုသေချာနားမလည်လဲကြည့်လို့ရတဲ့အထဲမှာပါတယ် ..ဖက်ဒရေးရှင်းရဲ့ အသေခံကြေးစားအဖွဲ့လို့သတ်မှတ်လို့ရတဲ့ Section 31 အဖွဲ့ဟာဖက်ဒရေးရှင်း နယ်စပ်နားမှာရောက်နေတဲ့ အင်ပါယာသခင်မဖီလစ်ပါဂျော်ဂျာက်ုဖမ်းဆီးပြီး သူ့ဆီက စကြ၀ဠာဖျက်လက်နက်ကိုအရယူဖို့ တာ၀န်ပေးလိုက်တယ် ဒါပေမယ့် ဒီအရာကိုစိတ်၀င်စားနေတာသူတို့ချည်းမဟုတ်ဘဲ ဗော်ကန်နဲ့ တစ်ခြား ဂြိုလ်သားတွေနဲ့ပါထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့ Noo stop action ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။  File size… (5.32GB) / (1.70GB) / (930MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing
movie

Star Trek: Section 31 (2025)

4K HEVC
Borderlands (2024) 5.8
Borderlands (2024)  ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်ကအသံသရုပ်ဆောင်ပေးထားတာပါ။သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း***************ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကိုအုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေးတွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ်နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာလျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက်၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC ...
movie

Borderlands (2024)

4K HEVC
Freaky Friday (2003)
Freaky Friday (2003) ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ ...
movie

Freaky Friday (2003)

Christmas with the Kranks (2004)
Christmas with the Kranks (2004) ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Christmas with the Kranks (2004)

A Fish Called Wanda (1988) 7.5
A Fish Called Wanda (1988) ဒါကတော့ 1988 တုန်းကရိုက်ကူးထားတဲ့အမေရိကန်-ဗြိတိသျှ မှုခင်းဟာသဇာတ်ကားဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်။သမီးရည်းစားနှစ်ယောက်ဖြစ်ကြတဲ့ ဂျော့ဂျ်တွမ်မဆန်နဲ့ဝန်ဒါဂတ်ရှဝတ်ဇ်တို့ဟာ ဝန်ဒါရဲ့အစ်ကိုဖြစ်သူ အော်တိုဝက်စ်နဲ့စကားထစ်တဲ့ သူငယ်ချင်းဖြစ်သူ ခန်ပိုင်းလ်နဲ့အတူရတနာဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ကြတယ်။အောင်မြင်သွားပြီး စိန်တွေရသွားခဲ့ပေမဲ့ သူတို့အဖွဲ့က စိန်တွေကိုလေးပုံပုံပြီးခွဲမယူချင်ကြဘဲ အပြန်အလှန်သစ္စာဖောက်ဖို့ ကြိုးစားကြတယ်။အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဂျော့ဂျ်ကအဖမ်းခံလိုက်ရပြီး ပြဿနာကပိုဆိုးသွားတယ်။ဝန်ဒါက သက်သေအဖြစ် တရားရင်ဆိုင်ပေးရမှာဆိုပေမဲ့သူကဉာဏ်နီဉာဏ်နက်များတယ်။တကယ်တော့ အော်တိုကသူ့အစ်ကိုမဟုတ်ဘဲ ရည်းစားဖြစ်နေတယ်။သူတို့နှစ်ယောက်တည်း စိန်တွေကို အပိုင်လိုချင်တော့ဂျော့ဂျ်ကိုသစ္စာဖောက်ဖို့လုပ်တယ်။ဒါပေမဲ့ ဝန်ဒါကလည်း အော်တိုကိုသစ္စာထပ်ဖောက်ဖို့လုပ်နေတာကို ဘယ်သူမှမသိခဲ့ဘူး... သရုပ်ဆောင်တွေလည်း ကောင်းသလို မှုခင်းနဲ့ဟာသကိုအရမ်းမပေါသွားစေသလို အရမ်းလေးမသွားအောင် ပြသသွားတဲ့ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…    2.9 GB /  1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie

A Fish Called Wanda (1988)

1988
Trading Places (1983) 7.5
Trading Places (1983) Trading Places (1983)~ IMDb - 7.5/10, RT - 88%, Meta - 69% ~ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး ...
movie

Trading Places (1983)

1983
Haunted Mansion (2023) 6.2
Haunted Mansion (2023) သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023)ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။) File size…(2.4 GB)/ (1.5 GB)/(665 MB) Quality….WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:02:58 Subtitle….Myanmar Subtitle(Hardsub) Encoder….SWM Translated by Mr.Anderson
movie

Haunted Mansion (2023)

4K HEVC
The Tailor of Panama(2001)
The Tailor of Panama(2001) The Tailor of Panama(2001)**************************James Bond မင်းသားကြီး Pierce Brosnan အပြင် Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီး သရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေး Daniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာ ပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲ အန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ... သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်.....File Size :(3.4GB) (0.9GB) and (472MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:49:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

The Tailor of Panama(2001)

Everything Everywhere All at Once(2022) 8.7
Everything Everywhere All at Once(2022) Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie

Everything Everywhere All at Once(2022)

4K HEVC
Escape from L.A(1996) 5.7
Escape from L.A(1996) ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ်အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ်ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ်အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ်တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ်အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ...
movie

Escape from L.A(1996)

My Girl (1991) 6.9
My Girl (1991) My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie

My Girl (1991)

1991
Beverly Hills Chihuahua (2008) 5
Beverly Hills Chihuahua (2008) Beverly Hills (2008) အညွှန်းဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / ...
movie

Beverly Hills Chihuahua (2008)

True Lies(1994) 7.2
True Lies(1994) True Lies(1994)*************** Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် .......သမီးလေး Dana ရဲ့ ချစ်ဖေဖေ... ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး... ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ... အမှန်ကတော့.... Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ... Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ.. . ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်.. .ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်.. . ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးပေါ်လာပါတော့တယ်...  ပြသနာအားလုံးကို အာနိုးကြီးဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး File Size…(3.4GB)(1.7GB)&(409MB) Quality…BluRay ...
movie

True Lies(1994)

1994
Halloween Ends (2022) 5.3
Halloween Ends (2022) Halloween Ends (2022) ===================ဟောလိုးဝင်းဆိုတဲ့ ရုပ်ရှင်တွေဟာ စုစုပေါင်း ၁၃ ကားတောင်ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ဟော်ရာကားတွေပဲဖြစ်ပါတယ်။ မျက်နှာဖုံးကြီးနဲ့ ဓားမြှောင်ရှည်တစ် ချောင်းနဲ့ မိုက်ကယ်မိုင်ယာစ်ရဲ့ ပုံရိပ်ဟာ ဟော်ရာကားတွေရဲ့ အထိမ်းအမှတ် တစ်ခုလို့တောင် ပြောလို့ရပါတယ်။အခုလည်း ၂၀၂၂ ဟောလိုးဝင်းအတွက် တစ်ကားထွက်ရှိလာပါပြီ။ ဒီကားမှာတော့ မိုက်ကယ်မိုင်ယာစ်ရဲ့လက်က လွတ်ခဲ့တဲ့ မြေးအဘွားနှစ်ယောက်ရယ်၊ တစ်မြို့လုံးက မုန်းကြတဲ့ ကောင်လေးတစ်ယောက်ရယ်အကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်နဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ ပိုးစိုးပက်စက်တွေ လုပ်တာကို ကြည့် ချင်ရင်တော့ ဒီဟော်ရာရုပ်ရှင်က ကြည့်လို့အလွန်ကောင်းမှာပါပဲ။ ဒါရိုက်တာကလည်း ဟောလိုးဝင်း ၂၀၁၈ နဲ့ ၂၀၂၁ ရဲ့ ပရိုဂျူဆာပါပဲ။ ဒီတော့ အဆက်အစပ်လေးနဲ့ကြည့် ရမှာပေါ့။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.43 GB) / (580 MB) / (320 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Mr.Anderson Encoder..........SWM
movie

Halloween Ends (2022)

2022