Channel Myanmar

Jamie Hector

Ghost Dog: The Way of the Samurai (1999)
Ghost Dog: The Way of the Samurai (1999) IMDb Rating 7.5/10ကြေးစားလူသတ်သမား Ghost Dog လူဝီဆိုတဲ့လူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရဖူးတဲ့ ကြေးစားလူသတ်သမား Ghost Dog ဟာ သူ့ကိုယ်သူ လူဝီရဲ့ အစေအပါးတစ်ယောက်အနေနဲ့ မှတ်ယူထားပါတယ်..... လူဝီဆိုတာက မာဖီးယားဂိုဏ်းက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Ghost Dog ကို ဂိုဏ်းစတားတစ်ယောက်ကို သတ်ဖို့ ခိုင်းစေလိုက်ချိန်မှာ................. လူဝီသတ်ခိုင်းခဲ့တဲ့ လူကို Ghost Dog ရှင်းပစ်ချိန်မှာ အဲ့အခန်းထဲမှာ မာဖီးယားဘော့စ် ဗာဂိုရဲ့ သမီးရှိနေခဲ့တာကို သိလိုက်ရတယ်.... အခြေအနေကိစ္စရပ်တွေ ရှုပ်ထွေးသွားခဲ့ပြီး မာဖီးယားဘော့စ်က သူ့အဖွဲ့သားတွေကို Ghost Dog ကို သတ်ဖို့ စေခိုင်းလိုက်ပါတယ်.........သူ့ဆီကို ခိုကနေ တဆင့်သာ ဆက်သွယ်လေ့ရှိတဲ့ လူထူးဆန်း Ghost Dog ကို လူဝီတစ်ယောက် ရှာတွေ့နိုင်ပါ့လား???? သူ့ဘော့စ်က ပေးအပ်ထားတဲ့ Ghost Dog ကို သတ်ပစ်ရမယ့် မစ်ရှင်ကိုရော ...
movie

Ghost Dog: The Way of the Samurai (1999)

Paid in Full (2002) 7.0
Paid in Full (2002)  Paid in Full (2002)IMDb Rating (7.0) / Rotten Tomatoes (53%) ဒါလေးကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ crime/ dramaအမျိုးအစားကားပါ။၈၀ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်မှီငြိမ်းရိုက်ကူးထားတယ်လို့လည်းဆိုကြပါတယ်။မူးယစ်ဆေးတွေ ရာဇ၀တ်မှုတွေ ဂိုဏ်းတွေကြီးစိုးတဲ့ လူမည်းရပ်ကွက်ဟာလမ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်း -အေ့စ်က ပင်မင်းမှာအလုပ်လုပ်တဲ့ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။သူငယ်ချင်းဖြစ်သူ "မစ်"ရဲ့လွမ်းမိုးမှု ကြောင့် ငွေရလွယ်တဲ့လမ်းကိုလိုက်ပြီး မစ် ခဏထောင်ထဲရောက်နေချိန်မှာ ဟာလမ်ရဲ့မူးယစ်ရာဇာတစ်ဦးဖြစ်လာပါတယ်။နောက်ကျ မစ်ကနေတဆင့် လက်ရဲဇက်ရဲ "ရီကို" နဲ့ပါတွဲမိပြီး ဟာလမ်လမ်းတလျှောက်ကြီးစိုးခဲ့ကြတဲ့အကြောင်းအပြင် ရာဇ၀တ်မှု‌ တွေ သစ္စာဖောက်မှုတွေနဲ့သူတို့သုံး‌ယောက်ရဲ့ဘ၀တွေ ဘယ်လိုအဆုံးသတ်သွားလဲ စိတ်၀င်စားစရာကြည့်ရှုရမှာပါ။အချိန်ပေးရတန်တဲ့ကားကောင်းလေးမလို့ တင်ဆက် ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။)File size…(3.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC ...
movie

Paid in Full (2002)

2002
The Listener (2024) 6.0
The Listener (2024)  ၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာDrama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖိုခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကိုဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompsonတစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့ကဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေအစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီးသူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်းဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကိုကယ်တင်နိုင်မှာလား။တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလားဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်းဖော်ထုတ်သွားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကိုလိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…818MB / 314MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

The Listener (2024)

Vacation Friends 2 (2023) 5.3
Vacation Friends 2 (2023) Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie

Vacation Friends 2 (2023)

2023
Max Payne(2008) 6.5
Max Payne(2008) Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Max Payne(2008)