Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamie Foxx
6.5
Day Shift (2022)
Day Shift (2022)~ IMDb rating - 6.5/10 ~ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
Day Shift (2022)
2022
9.1
Spider-Man: No Way Home ( 2021 )
စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ(function(f,b,n,j,x,e){})();IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါအညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioကဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်းအဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီးပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကိုအကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ...
movie
Spider-Man: No Way Home ( 2021 )
5.7
Valentine’s Day (2010)
[Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie
Valentine’s Day (2010)
6.1
A Million Ways to Die in the West (2014)
A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie
A Million Ways to Die in the West (2014)
2014
6.7
The Amazing Spider-Man 2 (2014)
ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie
The Amazing Spider-Man 2 (2014)
2014
4K HEVC
8.3
Soul (2020)
IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie
Soul (2020)
6.1
Project Power (2020)
Project Power (2020)================IMDb Rating - 6.1/10#UnicodeAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, Crime, Sci-Fi ကားကောင်းလေးကိုတင်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကိုပြောပြရရင်တော့ . . .နယူးအော်လင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဆေး အသစ်အဆန်းတစ်မျိုးရဲ့ သတင်းက ပျံ့နှံနေပါတယ်။ထိုဆေးက မူးယစ်စေတဲ့ ဆေးမဟုတ်ဘဲ သောက်လိုက်တဲ့လူကို ၅ မိနစ်ခန့် စူပါစွမ်းအားပေးတဲ့ဆေးပါ။ကိုယ်က ဘာအစွမ်းရမယ်ဆိုတာကိုတော့ သောက်ပြီးမှပဲ သိရမှာပါ။ တစ်ချို့က ကိုယ်ပျောက်နိုင်တယ်။တစ်ချို့က သေနတ်ပြီး တယ်။ အဲဒီလိုကွဲပြားတဲ့ အစွမ်းတွေပေးတဲ့ဆေးကို အသုံးချပြီး လူတွေက ပစ်မှုတွေကျူးလွန်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဆေးတောင့်တွေ ဘယ်ကရောက်လာတာလဲ။ ဒီဆေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htet Wai Lwin ပဲဖြစ်ပါတယ်။)#ZawgyiAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, ...
movie
Project Power (2020)
2020
6.3
Rio 2 (2014)
Rio 2 (2014)_____IMDb - 6.3/10Rio 2 (2014) အညွှန်း Rio 2 မှာတော့ အရှေ့ကားထက်ပိုကောင်းအောင် ရုပ်ပိုင်းရော အသံပိုင်းမှာပါ အဆင့်မြှင့်ထားပါတယ်။ သီချင်းတွေလည်းကောင်းတဲ့အပြင် အသံသရုပ်ဆောင်အသစ်တွေကိုလည်း ဂရမ်မီဆုရ အဆိုတော်တွေကို ခေါ်ထားပါတယ်။ ဒီကားမှာ ဘလူး ဟာ ကလေး ၃ ယောက်အဖေ ဖြစ်နေပြီးတော့ သူတို့မိသားစုက အမေဇုန်တောထဲကို စွန့်စားပြီး ခရီးထွက်ကြမှာပါ။ ပိုလှပတဲ့ရှုခင်းတွေ၊ ပိုစုံလင်တဲ့တိရစ္ဆာန်တွေနဲ့ သီချင်းအသစ်တွေလည်း အများကြီးပါလာမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကို Htet Wai Lwin က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
Rio 2 (2014)
6.9
Rio (2011)
Rio (2011) IMDb - 6.9/10_____Rotten - 72% ဘလူးလို့ခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူ မင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။ လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့ နောက်ကျန်တဲ့အကောင်လို့ သိထားပါတယ်။ ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကို ရီယိုမြို့မှာ ရှာတွေ့ထားတယ်လို့ သိလိုက်ရချိန်မှာတော့... ဘာသာပြန်ပေးထားတာကတော့ Htet Wai Lwin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
Rio (2011)
7.5
Just Mercy (2019)
unicodeဖစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားသစ်လေးပါ။နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ Michael B. Jordan နဲ့Jamie Foxx တို့ သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဟားဗတ်ကနေ Law နဲ့ ဘွဲ့ရလာတဲ့Bryan Stevenson က South Center မှာလူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားတစ်ယောက်အနေနဲ့အလုပ်သင်ဝင်လုပ်ပြီးနောက်မှာ သူ့ရဲ့ခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။နောက်တော့ သူက Alabama မှာ အကျဉ်းသားတွေရဲ့အခွင့်အရေးအတွက် တိုက်ခိုက်ပေးဖို့Equal Justice Initiative (EJI) ကို တည်ထောင်ခဲ့တယ်။ဒေသခံ Eva Ansley ရဲ့အကူအညီနဲ့သေဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေရဲ့အမှုကို စတင်ပြီး ကိုင်တွယ်တော့တယ်။အဲဒီမှာ လူသတ်မှုကြီးတစ်ခုအတွက် မှားယွင်းစွာစွပ်စွဲခံထားရတဲ့Johnny D နဲ့ စပြီး ဆုံကြတော့တယ်။ဒီဇာတ်ကားလေးထဲမှာ စနစ်အတွင်း အကျင့်ပျက်ချစားမှု၊အပြစ်မဲ့တဲ့အကျဉ်းသားတွေအတွက် Stevenson တစ်ယောက်ဘယ်လိုကြိုးပမ်းမလဲဆိုတာတွေ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။File Size : ( 1 GB , 401 MB) Quality ...
movie
Just Mercy (2019)
5.3
Robin Hood (2018)
Robin Hood (2018)_____IMDb - 5.3/10 Robinhood အကြောင်း သင်ဘယ်လောက်သိလဲ???????? လူချမ်းသာတွေဆီက အသပြာခိုးယူပြီး ဆင်းရဲတဲ့သူတွေကိုဝေငှပေးတတ်တဲ့ သူခိုးတစ်ယောက်........လို့ အကြမ်းဖျဉ်းသိထားကြမှာပါ........... Robinhood လို့ပြောရင် မြှားပစ်ကျွမ်းကျင်သူတစ်ယောက် ဆိုတာလဲ မျက်လုံးထဲပြေးမြင်မိမှာပေါ့ ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ အချက်တွေကြောင့်တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင်ခဲ့တာ မဟုတ်ပါဘူး ..................... သင် ငယ်ငယ်က သိခဲ့တဲ့ တောပုန်းကြီး ရော်ဘင်ဟုဒ်ရဲ့ အကြောင်းတွေကို မေ့ပစ်လိုက်ပါတော့ သင် သူ့အကြောင်းကို သိပြီးသားလို့ ထင်နေတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်....... သင်သိထားပြီးတဲ့ သူ့ရဲ့ဇာတ်လမ်းဟာ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် ပါပဲ ဒီဇာတ်ကားလေးကတော့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး အသပြာတွေခိုးယူခဲ့ရုံသက်သက်နဲ့တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင် ကျန်ရစ်မှာ မဟုတ်ပါဘူး သူ့ကို ရာဇဝင်မှာ ကဗျည်းတွင်စေခဲ့တဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် လုပ်ရပ်တွေကို ဒီဇာတ်ကားမှာတွေ့ရမှာပါ..... ဒီဇာတ်ကားမှာ ရော်ဘင်ဟုဒ်ရဲ့ တခြားထူးခြားတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေပါတယ် ....... ရော်ဘင်ဟုဒ်ဆိုတဲ့ တောပုန်းတစ်ယောက်မဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အခြေအနေကိုလည်း ပြောပြထားပါသေးတယ်...... လော့စ်လေကို ဟုဒ်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့အတူ သူ လေ့ကျင့်ခဲ့ရတဲ့ ခက်ခဲထူးခြားတဲ့ မြှားပစ်သင်ခန်းစာတွေ........ သူကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခြေအနေတွေ....... သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ စစ်ပွဲတွေ........ စသဖြင့် သူ့ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ ...
movie
Robin Hood (2018)
2018
5.0
Stealth (2005)
နည်းပညာတွေတိုးတက်လာတဲ့ ခေတ်မှာ လူနဲ့လုပ်ဆောင်သောအရာတွေကိုစက်တွေအစားထိုးပြီးလုပ်ဆောင်လာကြပါပြီ....အထူးသဖြင့် စစ်မြေပြင်တိုက်ပွဲတွေမှာ လူသားစစ်သားတွေအသေကြေနည်းပါးအောင်လျော့ချဖို့အတွက် အသုံးပြုလာကြပါတယ်...ဒီထဲမှာမှ ရေတပ်စစ်သဘောင်္င်္အုပ်စုတစ်ခုမှာ အသံထက်မြန်အောင်မောင်းနှင်နိုင်တဲ့ ဂျက်လေယာဉ်အုပ်စုတစ်ခုရဲ့ ၄ ယောက်မြောက်အဖွဲ့ဝင်အဖြစ်လူသားကဲ့သို့အသိဥာဏ်ရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကိုအသုံးပြုဖို့အတွက် အကြောင်းဖန်လာပါတော့တယ်....EDI လို့အမည်ပေးထားတဲ့ စွမ်းအားမြင့်မောင်းသူမဲ့လေယာဉ်ဟာ အနာဂါတ်စစ်ပွဲတွေမှာ စိုးမိုးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီးတော့သူ့အတွက်လိုအပ်တဲ့တိုက်ခိုက်ရေးအချက်လက်တွေကို ထည့်ပေးလိုက်ရုံနဲ့ သူကိုယ်တိုင် ရှာဖွေဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်....တခြားတိုက်လေယာဉ်တွေနဲ့မတူတာကတော့ သူဟာ လူသားတစ်ယောက်နီးပါးခံစားတတ်ပါတယ်...သို့ပါသော်ငြားလည်း သူဟာ လူသားတွေဖန်တီးတီထွင်ထားတဲ့စက်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်...စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နည်းပညာပိုင်းအခက်ခဲတွေရှိတယ်လို့မထင်စေလိုပါဘူး...ဘာလို့လဲဆိုတော့ သူဟာ အမိန့်ကိုတိကျစွာလိုက်နာနိုင်ပါတယ်...ဒါကြောင့်လည်း စစ်ဆင်ရေးတစ်ခုမှာ ချပေးလိုက်တဲ့အမိန့်တစ်ခုကိုတိကျစွာလိုက်နာဆောင်ရွက်နေရင်းကနေ သူ့ရဲ့တွဲဖက်လေယာဉ်မှုးသုံးယောက်လုံး ကံကြမ္ပာဆိုးကျရောက်ဖို့စတင်လာပါတော့တယ်....အသေးစိတ်ကိုတော့ ကိုယ်တိုင်ကြည့်ရင်းခံစားကြပါ...ဒီကားရဲ့ထူးခြားချက်ကတော့ မြန်မာဆိုတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံလည်းပါနေတာပါပဲ...ကားတိုင်းကားတိုင်းမှာ ကိုယ့်နိုင်ငံပါနေရင်ပဲလူတိုင်းကကြည့်ချင်နေကြပါပြီ...Rating 5 ၂၀၀၅ ခုနှစ်ကထွက်ထားတဲ့ကားမို့အထင်မသေးစေချင်ပါဘူး...ဇာတ်ကားတစ်ကားရဲ့ကောင်းကွက်ဆိုးကွက်တွေကို ကြည့်သူတွေကပဲဆုံးဖြတ်ပေးလိုက်ကြပါဦး......ကားကောင်းလေးတစ်ကားလို့ထင်မြင်မိပါတယ်...... File Size : (951MB) and (277 MB) Quality : BluRay 720p Running Time : 2h 01 min Format : Mp4 Genre : Action , Sci-Fi , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Stealth (2005)
2005
6.0
Miami Vice (2006)
Miami Vice (2006) IMDb - 6.0/10_____Rotten - 47% စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်.. မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်... ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်.... စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်.... မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ရီကာဒိုတို့ မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်မလား.... အချစ်နွံထဲနစ်ပြီး ဆိုနီတစ်ယောက် ဗျာများနေမလား.... Action နဲ့ Crime ကြိုက်သူတွေအတွက်တော့ခံစားကြည့်လိုက်ပါဦး... Miami Vice(2006)ဇာတ်ကားမှာ မင်းသားCollin Farrellနဲ့ Jamie Foxxတို့အဓိကသရုပ်ဆောင်ထားပြီး တရုတ်မင်းသမီး ချောGaung Liလည်း ပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Hnin Amy Khineပဲဖြစ်ပါတယ်... စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်.. မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်... ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်.... စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်.... မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ...
movie
Miami Vice (2006)
2006
1
2
Previous