Channel Myanmar

James Westerfield

On the Waterfront (1954) 8.1
On the Waterfront (1954)  မင်းသားတွေ၊မင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် 1955 ခုနှစ်မှာတင် ဆု 4 ဆုရခဲ့တဲ့ ဒီကားလေးက သူ့ခေတ်သူ့အခါက အရမ်းကို နာမည်ကြီးခဲ့တယ်လို့ပြောရရင် မမှားပါဘူး။ဆိုတော့ ဒီကားလေးက ဟောလိဝုဒ် ရုပ်ရှင်သမိုင်းရဲ့ တန်ဖိုးမဖြတ်နိုင်နဲ့ကားဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းထဲမှာ တယ်ရီမလွိုင် က သင်္ဘောဆိပ်မှာ ကုန်ထမ်းရင်း သူ့ကိုငယ်ငယ်က စောင့်ရှောက်ခဲ့တဲ့ ဂျွန်နီဖရန်လီ ရဲ့ လက်ပါးစေ တစ်ယောက်အနေနဲ့ လုပ်နေတာပါ။တယ်ရီ ရဲ့ဘဝကို ပြောင်းလဲစေတဲ့အခိုက်အတန့်ကတော့ အီဒီဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတာပါပဲ။အဲ့မတိုင်ခင် အီဒီရဲ့မောင်လေးကလည်း ဆိပ်ကမ်းမှာပဲအလုပ်လုပ်နေပြီး ပြစ်မှုတစ်ခုကို ဖော်ထုတ်မယ်လုပ်တော့ မတော်တဆ သေဆုံးသွားခဲ့ပါတယ်။အီဒီကတော့ သူ့မောင်လေးက မတော်တဆ သေဆုံးတယ်လို့ မထင်ပါဘူး။တယ်ရီတို့နေတဲ့ Waterfront ဆိုတဲ့ ပြည်နယ်ကိုတော့ ဆိပ်ကမ်းပိုင်ရှင် ဂျွန်နီဖရန်လီ က ချယ်လှယ်ချင်တိုင်းချယ်လှယ်နေခဲ့ပါတယ်။သူ့အောက်က အလုပ်သမားတွေကလည်း အလုပ်မရမှာစိုးလို့ ဘာမှမမေးနဲ့ ဘာမှမပြောနဲ့ဆိုတဲ့ ဝါဒကို ကျင့်သုံးကြတာပါ။အဲ့နောက် အီဒီမောင်လေး ဂျီုဝီကရော မတော်တဆဖြစ်ပြီး သေဆုံးတာရော ...
movie

On the Waterfront (1954)

True Grit (1969) 7.4
True Grit (1969)  ဒီတစ်ခါ မိတ်ဆက်ပေးမှာက 1969 က ရိုက်ကူးခဲ့တဲ့ ကောင်းဘွိုင်ဆန်ဆန် ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီခေတ်ရဲ့ နာမည်ကြီး John Wayne ဦးဆောင်ထားတဲ့ ကားပါ။ 2010 မှာ remake ရှိခဲ့ပေမယ့် ဒါကတော့ တကယ့် classic ပါပဲ။မက်တီရော့စ်ရဲ့ အဖေက သူ့အိမ်က အိမ်အကူ တွမ်ချေနီနဲ့ ဖို့ဒ်စမစ်မြို့မှာ မြင်းပု အဝယ်ထွက်ပါတယ်။ ရည်ရွယ်ချက်ကတော့ သားဖောက်ပြီး သမင်လိုက်ဖို့ပါပဲ။ မြို့ကိုအသွားမှာပဲ သူ့အကူ ချေနီရဲ့ သတ်ဖြတ်တာကို ခံရပြီး ပိုက်ဆံရော မြင်းပါ အခိုးခံလိုက်ရပါတယ်။ စျာပနလုပ်ဖို့ အလောင်းလာယူရင်း မြို့မှာ လူဆိုးတွေကို ကြိုးပေးတာနဲ့ ကြုံပါတယ်။ သူအဖေကို သတ်တဲ့လူကိုလဲ အဲ့လိုပဲ ကြိုးပေးခံစေရမယ်လို့ ဆုံးဖြတ်ပြီး ချေနီနောက်ကို လိုက်ဖို့ မာရှယ် တစ်ယောက်ကိုရှာပါတော့တယ်။ မြို့ရဲ့ အကြမ်းဆုံး သတ္တိအရှိဆုံး မာရှယ်က ရူစတာ ...
movie

True Grit (1969)