Channel Myanmar

James Tupper

Sugar Baby (2024) 4.0
Sugar Baby (2024)  Sugar Baby (2024)IMDb Rating (4.0) မာရီဟာတက်သစ်စ Sugar-baby လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာ Sugar-Daddy ကိုတစ်ယောက်ပြီးတစ်ယောက်ပြောင်းထားဖို့ထက် လိုချင်တာအားလုံးဖြည့်ဆည်းပေးနိုင်မယ့် တစ်ယောက်ယောက်နဲ့သာ လက်တွဲသွားဖို့ဆန္ဒရှိနေပါတယ်။အဲ့ဒီစိတ်ကူးတွေဟာ ဂျက်ဖ်ဆိုတဲ့သူဌေးကြီးတစ်ယောက်က သူနဲ့တစ်ပတ်စာလာနေဖို့သက်သက်ကို ဒေါ်လာခြောက်သောင်းနဲ့ကမ်းလှမ်းလာချိန်မှာတော့ လမ်းစပွင့်လာပါတော့တယ်။ဂျက်ဖ်ဟာ ချမ်းသာရုံမက၊ ရုပ်ရည်ကပါ ခန့်ညားပြီး သူ့အပေါ် တကယ့်ချစ်သူတစ်ယောက်အပေါ်ဆက်ဆံသလိုလိုလေသေးမရှိဖူးဖူးမှုတ်ထားတဲ့သူပါ။ခန်းလုံးပြည့် ဒီဇိုင်နာအဝတ်အစားတွေ အသုံးအဆောင်တွေနဲ့ခြံအကျယ်ကြီးထဲကခဏတာ ဘ၀သစ်ကိုယစ်မူးနေတဲ့ မာရီအတွက် အိမ်မက်က လန့်နိုးစရာအကြောင်းချင်းရာတွေ တစ်စပြီးတစ်စ ရှာတွေ့လာတဲ့နောက်မှာတော့ ဒီအနေအထားကိုပြန်သုံးသပ်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒါကတော့ ဂျက်ဖ်က တကယ်တမ်းမှာ ဘယ်လိုလူစားလဲဆိုတာပါပဲ?လိင်မှုနဲစီးပွားရှာကြတဲ့ သာယာမှုရှာကြသူတွေရဲ့လောကကို အခြေခံတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ကြမ်းတမ်းတဲ့အသုံးအနှုန်းတစ်ချို့နဲ့ ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ ဝတ်လစ်စလစ်အခန်းတချို့ နှင့် 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Thriller Duration….01:28:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias
movie

Sugar Baby (2024)

2024
Mr. Popper’s Penguins (2011) 6.0
Mr. Popper’s Penguins (2011) ဒီဇာတ်ကားကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။အချစ်တော်မင်းသား Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားကောင်းတစ်ကားဖြစ်ပြီးအတော်လေးသဘောကျဖို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ခရစ္စမတ်ကာလမှာ ကြည့်လို့သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။၁၉၃၈ ခုနှစ်ထွက် ကလေးဖတ်ပုံပြင်စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်။ဟာသတွေကရယ်ရသလို တကယ်တမ်းပြန်တွေးကြည့်ရင် ဝမ်းနည်းစရာကောင်းသလို၊ ပီတဖြစ်ရမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံဖို့ အကြံပေးပါတယ်။ဇာတ်ညွှန်းပေါ့ပါ ဆိုတာကတော့ အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်၊ ဒါပေမယ့် အလုပ်ကို အရမ်းစွဲလမ်းလွန်းတယ်။ခင်ဗျားတို့မှာ ဘဝရယ်လို့ ဖြစ်လာရင် ရွေးချယ်စရာနှစ်ခုရှိလာတယ်။တစ်ခုက မိသားစုကိုအချိန်ပေးမယ်၊ အဲဒါဆို အလုပ်လစ်ဟင်းမယ်။နောက်တစ်ခုက အလုပ်ကိုဖိလုပ်မယ်၊ ပိုက်ဆံရှာမယ်ဆို မိသားစုအရေးကွက်မယ်။ပေါ့ပါဟာ အလုပ်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် မိသားစုမှာတော့ ဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပါဘူး။သူ့ရဲ့အဖေဟာလည်း သူငယ်ငယ်ကတည်းကခရီးတွေပတ်သွားနေပြီး သေချာတောင်အတူတူမနေခဲ့ရပါဘူး။ဒီလိုနဲ့တစ်နေ့မှာ ပေါ့ပါရဲ့အဖေဟာဆုံးသွားခဲ့ပြီး ပေါ့ပါကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။အဲဒါကတော့ ပင်ဂွင်းလေးတစ်ကောင်ပါ။နဂိုကမှ အလုပ်ကိုဖိလုပ်လွန်းလို့ ကျန်တာခေါင်းထဲသိပ်မထည့်နိုင်တာကတကြောင်း၊ အဖေက သူ့ကို သေချာလည်းလာမတွေ့ဘူးဆုံးတော့လည်း အရေးမပါတဲ့ လက်ဆောင်ကြီးပို့လိုက်တယ်ဆိုပြီး စိတ်တိုတာကတကြောင်းနဲ့ ပင်ဂွင်းကိုပြန်ပို့ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးတာလား ကောင်းတာလားတော့မသိဘူး နောက်ထပ်ပင်ဂွင်းတွေပါထပ်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါ့ပါတစ်ယောက် ပင်ဂွင်းတွေနဲ့ ဘယ်လိုများ နှစ်ပါးသွားကြမှာလဲ။အတော်လေးကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားမလို့ ကြည့်ဖို့အကြံပေးပါတယ်။ File Size ...
movie

Mr. Popper’s Penguins (2011)

Cold Copy (2023)
Cold Copy (2023) ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(699 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Cold Copy (2023)

Joe Dirt (2001) 6.0
Joe Dirt (2001)   ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီးအကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကိုလှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိနေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီးလာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar ...
movie

Joe Dirt (2001)

Playing for Keeps (2012) 6.0
Playing for Keeps (2012) Playing for Keeps (2012)***********************ဇာတ်လမ်းအကျဥ်းကတော့ ‌ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းကအခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီးခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်းဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်းပေါ့ပေါ့ပါးပါးကြည့်လို့‌ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2GB),(901.5 MB) Quality : Blu-Ray 1080P,720p Format :mp4 Duration : 01:45:00 Genre : Romance , Comedy , Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN
movie

Playing for Keeps (2012)

2012
Beneath Us (2019) 5.2
Beneath Us (2019) Thriller/Horror ဇာတ်ကားလေးလေးပါ။ ရွှေ့ပြောင်းအလုပ်သမားတစ်ဖွဲ့ဟာ လူချမ်းသာအမျိုးသမီးအိမ်မှာနေ့စား အလုပ်သမားအဖြစ်ဝင်လုပ်ရာကနေ ထူးခြားတဲ့ ကိစ္စတွေ ကြုံလာရပါတော့တယ် ထို အိမ်ရှင် အမျိုးသမီးဟာ တစ်ခြားလူတွေ နဲ့ အဆက်အဆံ မလုပ်ပဲ လင်မယား ၂ ကိုယ်ထဲ ခြံဝန်းအကျယ်ကြီး နဲ့ အိမ်အကောင်းစား နဲ့ နေကြတာပါ ... လူမျိုးတူ အလုပ်သမားတွေ မခေါ်ပဲ တစ်ခြားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ကို ခြံဝန်း အတွင်း ပြင်ဆင်ဖို့ ခေါ်ခိုင်းခဲ့တာ ဖြစ်ပြီး... တစ်ရက်မှာတော့ အလုပ်သမားတစ်ဦး မတော်တဆမှု ဖြစ်ပြီး ဆေးရုံသွားရန် လိုအပ်နေသော အခါ ပိုင်ရှင် အမျိုးသမီးမှ ထွက်သွားဖို့ မပေးခဲ့သော အခါတွင် ဇတ်လမ်းစခဲ့သောအခါ.... ထိတ်လန့်သည်းဖို ကြည့်ရမယ့် ရုပ်ရှင်ကားဖြစ်ပါတယ် ဘာသာပြန်ပေးထားတာကတော့ Hnyot Myet Wunn ဖြစ်ပါတယ်
movie

Beneath Us (2019)

2019