Channel Myanmar

James Tarpey

Sebastian (2024)
Sebastian (2024) LGBTQ ဇာတ်ကားတွေကိုအမြဲရိုက်လေ့ရှိတဲ့ Director Mikko Makelaရဲ့ LGBTQ Drama အသစ်စက်စက်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Rotten Tomatoes 72% နဲ့ 1 win & 2 nominations လည်းချိတ်ထားပါသေးတယ်Gay တစ်ယောက်ရဲ့ဘဝကိုကွက်ကွက်ကွင်းကွင်းပေါ်အောင်ရိုက်ထားတယ်ဆိုတော့ ၁၈ ယောက်စုကြည့်ရမယ့်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းကတော့......မဂ္ဂဇင်းတိုက်တစ်ခုမှာဆောင်းပါးတွေရေး၊ ဝတ္ထုတိုတွေရေးပြီးနာမည်ရနေတဲ့ မက်စ် ဆိုတဲ့၂၅ နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာGay တွေရဲ့ Sex Work အကြောင်းကို ကိုယ်ပိုင်လုံးချင်းဝတ္ထုရေးဖို့ကြိုးစားနေပြီးလုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာရဲ့ထောက်ပံ့မှုကိုလည်းကောင်းကောင်းရထားပါတယ်ဒါပေမယ့် သူ့ရဲ့စာအုပ်ကိုပိုပြီးလက်ရာမြောက်ဖို့အတွက် Gay တွေနဲ့အင်တာဗျူးရုံနဲ့တင်အားမရဘဲသူကိုယ်တိုင် Gay Website မှာ ဆီဘက်ရှန် ဆိုတဲ့ Account တုနဲလိုက်အိပ်ပြီးသူ့ရဲ့ဝတ္ထုကိုပိုပြီးရသမြောက်ဖို့ကြိုးစားပါတော့တယ်ကိုယ်တိုင်ကုန်ကြမ်းရှာရာကနေ သူ့ရဲ့အလုပ်အကိုင်၊ သူ့ရဲ့ဘဝအပေါ်ဘယ်လောက်ထိ လွှမ်းမိုးမှုရှိလာမှာလဲ....အဲဒီလမ်းကြောင်းမှာတကယ်ကိုယ်တိုင်းစီးမြောသွားတဲ့အခါ ဘယ်လိုအတွေ့အကြုံသစ်တွေဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမလဲ......သူ့ရဲ့ဝတ္ထုကရော တကယ်ပြီးမြောက်အောင်မြင်သွားရဲ့လားဆိုတာကိုတော့.....ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်File size…(1.2 GB)/(738 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie

Sebastian (2024)

The Beat Beneath My Feet (2014) 6.4
The Beat Beneath My Feet (2014) IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Dramaဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသောဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းတွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့်အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့်Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်းလူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီးသောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုကအခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size…    1.7 GB /  766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

The Beat Beneath My Feet (2014)

The Shadow in My Eye (2022) 7.3
The Shadow in My Eye (2022) The Bombardment (or) The Shadow in My Eye (2022)======================================IMDb Rating - 7.3/10ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေက ဒိန်းမတ်ကို သိမ်းပိုက်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်ဝင်လေတပ်က နာဇီတွေရဲ့ လျှို့ဝှက်နိုင်ငံရေးရဲတပ်ဖွဲ့ ဂတ်စတာပိုရဲ့ ဒိန်းမတ်ဌာနချုပ်ကို ဗုံးကြဲဖို့ လုပ်ခဲ့ပါတယ်။ အဲဒီဌာနချုပ်ဟာ ကိုပင်ဟေဂင်မြို့လယ်ကြီးမှာ ရှိနေပြီး၊ ထပ်ခိုးမှာ ဂျာမနီတွေကိုတော်လှန်ဖို့ လုပ်နေတဲ့ ဒိန်းမတ်အတိုက်အခံ အဖွဲ့၀င်တွေကို ဖမ်းထားပြီး လူသားဒိုင်းကာအနေနဲ့ ထားထားပါတယ်။ ဒီဌာနချုပ်ကို ဗုံးကြဲရင် သူ့လူတွေပါ သေမှာသိပေမဲ့ ဒိန်းမတ်က ဂျာမန် တော်လှန်ရေးသမားတွေက ကြာရင် သူတို့အင်အားစုတစ်ခုလုံးကို ဂျာမန်တွေ ချေမှုန်းနိုင်တော့မှာ ဖြစ်တာကြောင့် ‌ဗြိတိန်ဘက်ကို ထပ်ခါထပ်ခါ တောင်းဆိုခဲ့ ပါတယ်။ဒီလိုနဲ့ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်၀င်လေတပ်က Operation Carthage ခေါ် ဂတ်စတာပိုဌာနချုပ်ကို ဗုံးကြဲဖို့ စစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေး အောင်မြင်ခဲ့သလို အဖမ်းခံရတဲ့ အကျဉ်းသားတွေလည်းလွတ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီစစ်ဆင်ရေးဟာ ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့တာပါပဲ။ ဗြိတိန်တိုက်လေယာဉ်တွေဟာ ...
movie

The Shadow in My Eye (2022)

2021
Sundown (2021) 6.6
Sundown (2021) Sundown (2021)==============IMDb Rating - 6.6/10ချမ်းသာတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ နေလ်ဟာ သူရယ် သူ့ညီမမိသားစုနဲ့အတူ မက်စီကိုမြို့ကို အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်...... ခရီးထွက်နေတဲ့အချိန် သူတို့အမေ ဆုံးပါးသွားတာကြောင့် သူတို့နေတဲ့ လန်ဒန်ကို ချက်ချင်းပြန်ခဲ့ရပါတယ်...... ဒါပေမဲ့ နေလ်ဟာ Passport ပျောက်သွားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မက်ဆီကို မှာပဲ နေရစ်ခဲ့ပါတယ် နောက်တော့ အိမ်ကို လုံးဝမပြန်တော့ဘဲ မက်စီကိုမှာပဲ သောင်တင် နေခဲ့ပါတော့တယ်.......ဒါပေမယ့် တကယ်တန်းတော့ နေလ်မှာ အိမ်ကိုမပြန်ရတဲ့ အကြောင်းရင်းကရှိနေပါ တော့တယ်။ နေလ်တစ်ယောက် အမေဆုံးပါးသွားတာတောင် ဘာလို့အိမ်မပြန်တာလဲ မက်စီကိုမှာ ဘာလို့နေရစ်ခဲ့တယ်ဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး...... ဒရမ်မာ ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (965 MB) /(494 MB) / (343 MB) Quality – WebRip 1080p / 720p/480p Duration - 1h 22mins Subtitle ...
movie

Sundown (2021)

2021