Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Remar
The Blackcoat’s Daughter (2015)
American Horror Story/Scream Queen တို့နဲ့လူသိများပြီး Horror Princess လို့တောင်တင်စားခံရတဲ့ မင်းသမီး Emma Robertsရယ်၊မကြာသေးမီက ထွက်ရှိထားတဲ့ Red One ဇာတ်ကားထဲက ဗီလိန်မင်းသမီး Kiernan Shipka အပြင်နာမည်ကျော်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lucy Boyntonတို့ရဲ့ 2015ခုနှစ်ထွက် Horror ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ အမျိုးသမီးသီးသန့် ကတ်သလစ်ဘော်ဒါကျောင်းတစ်ခုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်တော့ ကျောင်းသူတွေအားလုံး ကိုယ်စီ အိမ်ပြန်ကြရပါတယ်။ဒါပေမဲ့ ကတ်သရင်းနဲ့ ရို့စ်ဆိုတဲ့ကျောင်းသူလေးနှစ်ယောက်ကတော့ ဘုရားကျောင်းဆစ်စတာတွေနဲ့အတူ ကျောင်းမှာ ကျန်ခဲ့ကြပါတယ်။ရို့စ်ကတော့ မိဘတွေကိုလာခေါ်ရမဲ့ရက်မှားပြောလိုက်လို့ နောက်ကျနေတာဆိုပေမဲ့ ကတ်သရင်းကတော့ သူမိဘတွေကသူ့ကိုလာမခေါ်တော့ဘူး၊ကျောင်းမှာပဲနေမယ်လို့ ထူးထူးဆန်းဆန်းတွေပြောလာပါတယ်။မိဘတွေလာခေါ်မှာကိုစောင့်နေကြရင်း ကတ်သရင်းဟာ တဖြည်းဖြည်းနဲ့ မူမမှန်တော့ဘဲ ခြောက်ခြားစရာကိစ္စတွေ ဖြစ်ပျက်ကုန်ပါတော့တယ်။တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်နဲ့အတူ ကားကြုံလိုက်စီးဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုလည်း အပြိုင်အနေနဲ့ ပြသထားပါသေးတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အစပိုင်းတော့ "ဘာကြီးမှန်းမသိဘူး"လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ဇာတ်ရည်လည်ပြီး ကြောက်စရာကောင်းလာတာမျိူးပါ။ကွက်ကွက်ကွင်းကွင်း Jump ...
movie
The Blackcoat’s Daughter (2015)
5.9
2 Fast 2 Furious (2003) Fast and Furious 2
Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်... ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ Family အဓိက...ဘော်ဒါအဓိကဆိုတဲ့ Fast & Furious Franchise ဟာ ရုပ်ရှင်ထွက်လာလိုက်တိုင်း Box Office ဝင်ငွေကြမ်းခဲ့တာချည်းပါပဲ။ 1. The Fast & The Furious (2001) - $ 207 M 2. 2 Fast 2 Furious (2003) - $ 236 M 3. The Fast & The Furious : Tokyo Drift (2006) - $ 158 M 4. Fast & Furious (2009) ...
movie
2 Fast 2 Furious (2003) Fast and Furious 2
2003
4K HEVC
6.6
What Lies Beneath (2000)
What Lies Beneath (2000)IMDb Rating (6.6) / Rotten Tomatoes (47%) ကလဲယာ ဟာ တယောပညာရှင် တစ်ယောက်ဖြစ်သလို အဆိုလဲ ကောင်းသူပါ ပထမ အိမ်ထောင် နဲ့ တုန်းက ခင်ပွန်းဖြစ်သူ မဆုံးပါးခင်ထိပျော်ရွှင်စရာ ဘဝ လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ပထမ ခင်ပွန်း ဆုံးပါးပြီးနောက် မျှော်လင့်ချက် မဲ့နေတဲ့သူ့ ဘ၀ ထဲကို နော်မန် ဆိုတဲ့ သက္ကသိုလ် တစ်ခုကသုတေသန ဆရာ တစ်ယောက် ဝင်လာခဲ့ပါတယ်။နော်မန် နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပျော်ရွှင်စရာဘ၀ တစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့ရပါတယ်။ ပထမ ယောင်္ကျားနဲ့ ရခဲ့တဲ့ သမီးလေးကိုလဲနော်မန် က သူ့သမီးအရင်းလေးလို ချစ်တဲ့သူပါ။နော်မန် က ကျောင်းဆရာ ဖြစ်တာနဲ့ အညီအလုပ်ပြောင်းရင် အိမ်လိုက်ပြောင်းရပါတယ်။တစ်နေ့မှာတော့ ကလဲယာ တို့ မိသားစု ဟာနော်မန် စာသင်ရမယ့် ...
movie
What Lies Beneath (2000)
2000
8.4
Django Unchained (2012)
Django Unchained (2012)IMDb Rating (8.5) / Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ...
movie
Django Unchained (2012)
2012
4K HEVC
6.5
The Cotton Club (1984)
Cotton Club 1984IMDb Rating (6.5) / Rotten Tomatoes (74%)ဟာလမ်ရဲ့ နာမည်ကျော် "Cotton Club" ဆိုတာကတော့ လူမည်းဂီတပညာရှင်တွေတီးခတ်ပြီး လူဖြူလူကုံထံတွေအများဆုံးလာရောက် အပန်းဖြေလေ့ရှိတဲ့ နိုက်ကလပ်တစ်ခုပဲ ဖြစ်ပါတယ် ။ဒစ်စီဒွိုင်ရာကတော့ "Cotton Club" ရဲ့ ဂျက်ဇ်ကော်နက်တီးတဲ့ တစ်ဦးတည်းသော လူဖြူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကလပ်ကိုလာတဲ့ ဒတ်ချ်ရှော့ဇ်ဆိုတဲ့ လူဖြူသူဌေးတစ်ယောက်ကို ကယ်လိုက်ရာကနေ သူ့လက်အောက်မှာ အလုပ်ဝင်ဖို့ ဖြစ်သွားပါတယ်။အဲဒီအလုပ်ကတော့ ဒတ်ချ်ရဲ့ ရည်းစားကောင်မလေးဖြစ်တဲ့ ဗယ်ရာ့ကို အဖော်လိုက်လုပ်ပေးရမှာပါ။တကယ်တော့ ဒစ်စီကလည်း ဗယ်ရာ့ကို သဘောကျနေတာပါ။နောက်ပြီးတော့ ဒီကားလေးထဲမှာ ဒစ်စီတို့သုံးပွင့်ဆိုင်အပြင် တခြားသောဇာတ်ဆောင်တွေရဲ့အခန်းလည်း အများကြီးထည့်ထားပါသေးတယ်။လူဖြူ-လူမည်း ဇာတ်ကားတို့ထုံးစံအတိုင်း ဒီကားထဲမှာ လူမျိုးရေးခွဲခြားမှုတွေပါပြီးတော့ လူမည်းတွေရဲ့ ဂီတပါရမီထူးချွန်ပုံတို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။၈၀ခုနှစ်ကျော်က ထွက်ခဲ့တဲ့ musical film တစ်ပုဒ်ဖြစ်ပြီးတော့ ...
movie
The Cotton Club (1984)
1984
7.8
Transformers One (2024)
ထရန်စဖော်မာတွေရဲ့ စစ်ပွဲအစ အော့တိမပ်ပရိုင်း နဲ့ မက်ဂါထရွန်တို့ရဲ့ရန်ငြိုးအစကို ပြသထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။Rating 7.8 အထိ ရရှိထားပါပြီ။ အသံသရုပ်ဆောင်တွေကလည်းအော်ရိုင်ရန်ပက်အဖြစ် သောရ်မင်းသား Chris Hemsworth၊အလီတာအဖြစ် မမ စကားလက်ဂျိုဟန်ဆန် တို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း***************ဆိုက်ဘာထရွန်ဂြိုလ်ဟာ ကွင်တက်ဆင်တွေနဲ့ စစ်ဖြစ်ရင်း ပရိုင်းတွေအားလုံး ကျဆုံးသွားပြီး ဆန်တီနယ်ပရိုင်းတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ကွင်တက်ဆင်တွေကို အနိုင်ယူခဲ့ပြီး အိုင်ရာကွန်မြို့ကို ဆန်တီနယ်ပရိုင်းကအုပ်ချုပ်နေတဲ့အချိန်ပါပဲ။ စစ်ပွဲကြောင့် ဆိုက်ဘာထရွန်တစ်ခုလုံးရဲ့စွမ်းအင်ရင်းမြစ် မေးထရစ် ပျောက်ဆုံးသွားတာကြောင့် အင်နာဂျွန်စွမ်းအင်တွေကိုရဖို့ တူးဖော်ရေးသမားစက်ရုပ်တွေကိုပဲ ခိုင်းစေနေရပါတယ်။ တူးဖော်ရေးသမားတွေဟာ အနိမ့်စား စက်ရုပ်တွေဖြစ်ပြီးပုံပြောင်းနိုင်စွမ်းရှိတဲ့ စက်လုံးတွေ ရင်ဘတ်မှာ မရှိကြပါဘူး။အော်ရိုင်ရန် နဲ့ ဒီ-၁၆ တို့ဟာ တူးဖော်ရေးသမား အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ အော်ရိုင်ရန်ဟာ စက်လုံးမရှိ အစွမ်းမရှိတဲ့စက်ရုပ်ဖြစ်ပေမဲ့ အမြဲတမ်း ကြီးကျယ်တာတွေကို လုပ်ချင်နေတဲ့သူဖြစ်ပြီး မေးထရစ်ကို ရှာပေးပြီး ဆိုက်ဘာထရွန်ဂြိုလ်ကြီးကိုကယ်တင်ချင်တဲ့သူ အမြဲဖြစ်ချင်ခဲ့တာပါ။တစ်နေ့မှာတော့ မေးထရစ်ကို ရှာပြီး ဆန်တီနယ်ပရိုင်းကို ပေးဖို့ကြိုးစားရင်း မထင်ထားတဲ့ ...
movie
Transformers One (2024)
7.5
The Warriors (1979)
ဒီဇာတ်ကားကတော့ New york မြို့ရဲ့ ဂိုဏ်းတစ်ခုက အာဏာရှိတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို သတ်မှုနဲ့ စွပ်စွဲခံရတဲ့အကြောင်းပဲဖြစ်ပါတယ်။ Warriors လို့ခေါ်တဲ့ စစ်သည်ဂိုဏ်းဟာသူတို့ အိမ်အပြန်လမ်းမှာ ပြိုင်ဘက် ဂိုဏ်းအဖွဲ့တွေ ရဲတွေလက်ကနေ ဘယ်လိုအတာအစီးတွေကိုကျော်ဖြတ်ရသလဲဆိုတာပြသထားပါတယ်။ ဒီဇာတ်ကားမှာ ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုတွေ ဓလေ့တွေအပြင် ဂိုဏ်းသားတွေရဲ့ သစ္စာရှိမှု ရှင်သန်ဖို့ရုန်းကန်မှုတွေကိုဘယ်လိုပြသထားသလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှကြည့်ရှူ့ကြပါဦးခင်ဗျာ။ File Size : 3.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant
movie
The Warriors (1979)
8.0
Ratatouille (2007)
Animationဇာက်ကားကြိုက်တဲ့လူများအတွက်နာမည်ကျော် ကာတွန်းကားအများအပြားကို ထုတ်လုပ်တဲ့ Walt Disney ကရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေRemyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။သူက ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီးသူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ EgoကAuguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့်Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီးဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီးသေနတ်နဲ့ လိုက်ပစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်းRemyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေအစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ်အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကိုချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ...
movie
Ratatouille (2007)
2007
4K HEVC
8.4
Aliens (1986)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Aliens (1986)
1986
5.8
Blade: Trinity (2004) Blade 3
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။ File size…(6 ...
movie
Blade: Trinity (2004) Blade 3
4K HEVC
7.0
RED (2010)
Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie
RED (2010)
2010
4K HEVC
5.1
The Unborn (2009)
The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie
The Unborn (2009)
5.5
Drugstore June (2024)
ယခုခေတ်လူငယ်တွေ ကြုံတွေ့ဖြတ်သန်းနေရတဲ့အဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောပြီးတင်ဆက်ရိုက်ကူးထားတဲ့ “Drug store June” ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးထဲမှာတော့ -ဆိုရှယ်မီဒီယာ ဆယ်လီကောင်မလေးဖြစ်ချင်တဲ့ ဇွန်အများအပေါ် ဝေဖန်ပြစ်တင်တတ်တဲ့ ဇွန်မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဇွန်ရည်းစားဟောင်းအပေါ် စိတ်မပြတ်နိုင်သေးတဲ့ ဇွန်စတဲ့ လူမှုရေးပြဿာနာပေါင်းစုံကြားထဲမှာ ရုန်းကန်နေရတဲ့ဇွန်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ….တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဆေးဆိုင်ဓားပြတိုက်ခံလိုက်တော့ အမှုကို သူကိုယ်တိုင်ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်….အမှုဖြေရှင်းရင်း ဇွန်တစ်ယောက် ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုခံစားရမှာပါ..လက်တွေ့အပြင်လောက လူငယ်သဘောသဘာဝတွေကိုပါထည့်ရိုက်ပြထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရပျော်စေမှာ အမှန်ပါပဲ.. File size…1.19GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi
movie
Drugstore June (2024)
Tales from the Darkside: The Movie (1990)
Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။Lot 249 ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။The Cat from Hell ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။Lover's Vow ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် ...
movie
Tales from the Darkside: The Movie (1990)
5.4
Hellraiser: Inferno (2000)
Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie
Hellraiser: Inferno (2000)
2000
8.7
Oppenheimer (2023)
Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie
Oppenheimer (2023)
2023
4K HEVCHDR
6.3
Transformers: Dark of the Moon (2011)
ဇာတ်လမ်းအကျဉ်းကတော့........ စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။~ Review Credit(Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(6.8 GB)/(4.3 ...
movie
Transformers: Dark of the Moon (2011)
2011
4K HEVCHDR
Judge Dredd (1995)
မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း ...
movie
Judge Dredd (1995)
Renaissance Man (1994)
1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre... Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Renaissance Man (1994)
5.6
The Quest (1996)
အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် …မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Quest (1996)
1
2
Next