Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Marsden
5.7
Death at a Funeral (2010)
Death at a Funeral (2010)IMDb...5.7ရယ်မောစရာ ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြတဲ့ ပရိတ်သတ်တွေအတွက်IMDb – 5.4/10 ရှိတဲ့ Death at a Funeral ဆိုတဲ့၂၀၁၀ထွက် ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးချင်ပါတယ်….ရုပ်မြင်ရင်ကိုရယ်ဖို့ကောင်းနေတဲ့ Martin Lawrence ကြီးအပြင် အခြားနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာပါဝင်ထားလေရဲ့.... အသုဘနဲ့ဟာသဆိုတာ ဘယ်လိုမှမနီးစပ်နိုင်ဘူးလို့ ထင်စရာကောင်းတဲ့အရာတွေပါ…ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ အသုဘတစ်ခုကို ဖန်တီးလိုက်ကြပြီး နာမည်ကြီးလူမည်းဟာသသရုပ်ဆောင်တွေကိုအသုဘတစ်ခုမှာ တွေ့ဆုံပေးလိုက်ခြင်းအားဖြင့် မရယ်မောဘဲ မနေနိုင်စေတဲ့ တလွဲတချော်ဖြစ်ရပ်တွေကိုအခြေတည်ပြီးတော့ပေါ့ပေ့ါပါးပါး ရယ်မောစရာကိစ္စတွေထဲမှာ လေးနက်တဲ့လူ့ဘဝအဓိပ္ပာယ်တွေကို ပါးပါးလေးထည့်ထားတာ မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ လူမည်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ဝပ်ရဲ့ အသုဘမှာ လူမည်းလူဖြူမိတ်ဆွေတွေ လာရောက်ဆုံစည်းကြရင်း မသေခင်ကလျှို့ဝှက်ချက်တစ်ခုပေါ်ပေါက်လာတဲ့အခါသူ့ရဲ့သားတွေ ဒီလျှို့ဝှက်ချက်ကို လိုက်လံဖုံးဖိကြတာပဲဖြစ်ပါတယ်… ကြည့်ရှုခံစားတော်မူကြပ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...File Size : 2.65GB and 839MB Quality : 1080p HEVC and 720p Blu-Ray Format…mkv, mp4 Duration…01:30:00 Genre : ...
movie
Death at a Funeral (2010)
2010
5.9
Gossip (2000)
Gossip (2000)IMDb Rating (5.9) / Rotten Tomatoes (28%) 2000 ခုနှစ် ဝန်းကျင် ရုပ်ရှင်တွေက ရသတစ်မျိုးပေးစွမ်းနိုင်လို့ ပရိသတ်တွေအကြိုက်ဖြစ်နေခဲ့တာပါ။ယခု ရုပ်ရှင် Gossip က 2000 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thriller/Mystery ကားကောင်း တစ်ကား ဖြစ်ပါတယ်။Casting အနေနဲ့လည်း James Marsden, Kate Hudson, Lena Headey တို့လို စတားတွေ ပါဝင်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားတစ်စု အပျော်အနေနဲ့ အတင်းအဖျင်း ကောလဟာလ တစ်ခုကို ဖန်တီးခဲ့ရာက အပျက်တွေ ဖြစ်ကုန်တဲ့ အကြောင်းပါပဲ။Derrick, Jones နဲ့ Travis တို့ သုံးယောက် က သူငယ်ချင်းတွေပါ။ Derrick က ဆော်ကြည် ချမ်းသာပြီး လူသိများတယ်၊ သူငယ်ချင်း နှစ်ယောက်ကို သူ့အိမ်မှာ အလကား ပေးနေထားတာပါ။တစ်ရက် ...
movie
Gossip (2000)
2000
6.7
The Best of Me (2014)
လူဆိုတာတွေ့ရမယ်၊ ကြုံရမယ်၊ ဆုံရမယ် ပြီးရင်ကွဲရမယ်တဲ့။ ဘဝရယ်လို့ ဖြစ်တည်လာလို့ရှိရင် ဒါကိုမလွဲမသွေကြုံရမှာပဲ။သိလျက်နဲ့မိုက်တယ်လို့ပြောရမလား ချစ်လို့ မျက်စိကန်းတယ်ပဲပြောရမလား အရုပ်လေးတစ်ခုလက်ထဲရောက်လာရင်တောင် ဒါငါ့အရုပ်၊အရုပ်လေးကို တန်ဖိုးထားတတ်ကြတာ လူ့သဘာဝပဲလေ။လူနှစ်ယောက်ချစ်ကြတယ်ဆိုရင်ပိုဆိုးတာပေါ့။The Best of Me ကတော့ ဒီသဘောကို အကောင်းဆုံးမဟုတ်တောင် ပြီးပြည့်စုံအောင်ဖော်ပြသွားပါတယ်။ဒီကားကိုကြည့်လိုက်ရတာ တာရာပွကြီးရဲ့ ကာတွန်းတစ်အုပ်ကိုပြန်ဖတ်လိုက်ရသလို၊ ငယ်ဘဝကိုပြန်ရောက်သွားရသလို၊လွမ်းခြင်းနဲ့ ဝမ်းနည်းခြင်း နှစ်ခုပေါင်းပြီး ရင်ထဲဆို့တက်လာရပါတယ်။ရင်ထဲမှာ ဆွေးပြီးတော့ ကျန်ခဲ့ရမယ့် ရုပ်ရှင်ဖြစ်လို့ တစ်ရှူးလေးဆောင်ပြီး ကြည့်ဖို့အကြံပေးပါတယ်။ဇာတ်ညွှန်းကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် ...
movie
The Best of Me (2014)
2014
5.1
Accidental Love (2015)
Accidental Love (2015) ***********************မင်းသမီးချော Jessica Biel နဲ့မင်းသား Jake Gyllenhaal တို့ ပါဝင် သရုပ်ဆောင် ထားတဲ့ Accidental Love ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရေးလောက၊ မူဝါဒတွေနဲ့ လွှတ်တော်ကို သရော်ထားတဲ့ ဟာသအချစ်ကားဖြစ်ပါတယ်။ချစ်သူက လက်ထပ်ခွင့်တောင်းတဲ့နေ့မှာ မတော်တဆဖြစ်ပြီး ခေါင်းထဲမှာ သံစိုက်ဝင်သွားတဲ့ စားပွဲထိုးမလေးအဲလစ္စဟာ ကျန်းမာရေးအာမခံမရှိတာကြောင့် ခွဲစိတ်ကုသခွင့် မရခဲ့ပါဘူး။ချစ်သူက ပစ်တာလည်းခံလိုက်ရတဲ့ အဲလစ္စတစ်ယောက် ဝါရှင်တန်ကိုသွားပြီး လူထုကိုကူညီဖို့ အဆင်သင့်ပါလို့ကြေညာထားတဲ့အမတ် ဟောင်းဝပ်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ကိုယ်တိုင်ခွဲစိတ်မှုခံယူရဖို့ကြိုးစားရင်း အာမခံမရှိလို့ အရေးပေါ်ခွဲစိတ်မှုတွေ မလုပ်နိုင်တဲ့ လူပေါင်းများစွာရှိနေသေးတာကို သိခဲ့ရတာကြောင့် ကျန်းမာရေးဉပဒေသစ်ကို လွှတ်တော်က ပြဌာန်းပေးအောင် အဲလစ္စတစ်ယောက် ဟောင်းဝပ်နဲ့ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။လွှတ်တော်ရဲ့အထင်ကရအမတ်တစ်ဦးဖြစ်တဲ့ ပမ်ဟင်နရီကတော့ အဲလစ္စရဲ့ကျန်းမာရေးဥပဒေဟာ နိုင်ငံတော်အတွက် အများကြီးကုန်ကျစေပြီး အခွန်တွေ တိုးကောက်ရလိမ့်မယ်လို့ဆိုရင်း လပေါ်မှာ အမေရိကန်စစ်ခြေစိုက်စခန်း တည်ဆောက်ဖို့ကသာ ပိုအရေးကြီးတယ်လို့ အမတ်တွေကို စည်းရုံးထားခဲ့ပါတယ်။နိုင်ငံရေးလောကကို ဘုမသိဘမသိရောက်လာတဲ့အဲလစ္စနဲ့ နိုင်ငံရေးလောကကို ကြီးစိုးထားတဲ့ ပမ်ဟင်နရီတို့ကြား အမျိုးအမျိုးရင်ဆိုင်တိုက်ခိုက်ကြပုံကို ဟာသဖြစ်အောင် ရိုက်ကူး ပြသထားတာဖြစ်သလို ပြင်ပအမေရိကန်နိုင်ငံရေးလောကကိုပါ ထိထိရောက်ရောက် သရော်လှောင်ပြောင်ထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းကို JULY ...
movie
Accidental Love (2015)
7.2
Sonic the Hedgehog 3 (2024)
Sonic the Hedgehog 3 (2024)IMDb Rating (7.2) / Rotten Tomatoes (88%) ပထမကားအောင်မြင်ပြီးတော့ ဒုတိယကား တတိယကားတွေမှာ ညံ့သွားတတ်တဲ့ ရုပ်ရှင်တွဲတွေထဲမှာ Sonic 3 မပါခဲ့ပါဘူး။ Sonic ကတော့ တစ်ကားပြီးတစ်ကားကောင်းနေတုန်းပါပဲ။IMDb 7.2 ရထားပြီး အရင် ဆိုးနစ် ၂ ကားရဲ့ ဒါရိုက်တာ Jeff Fowler ကပဲ ရိုက်ကူးထားတာပါ။ ဗီလိန်ရိုဘော့နစ် နေရာမှာ ဂျင်ကာရေးကြီးပဲ သရုပ်ဆောင်ထားပါတယ်။အသစ်ပေါ်လာတဲ့ ပါဝါဖြူကောင်အသစ် ရှဲဒိုးနေရာမှာတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး ကီရာနူးရိဗ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ နက်ကယ် နေရာမှာလဲ အိုင်းဒရစ်အယ်ဘာ ပါပဲ။ဆိုးနစ်နေရာမှာတော့ ထုံးစံအတိုင်း Ben Schwartz ပါ။ ဇာတ်လမ်းအကျဉ်းဆိုးနစ်၊ နက်ကယ်၊ တေးစ်တို့ဟာ တွမ်တို့အတွဲနဲ့အတူ မိသားစုလိုက် နားနားနေနေ အပန်းဖြေနေတုန်းမှာ ဂန်းအဖွဲ့ကနေ အကူအညီတောင်းလာပါတယ်။ဒီတစ်ခါ သူတို့ရင်ဆိုင်ရမှာကတော့ ...
movie
Sonic the Hedgehog 3 (2024)
2024
4K HEVC
6.5
Sonic the Hedgehog 2 (2022)
Sonic the Hedgehog 2 (2022)IMDb Rating (6.5) / Rotten Tomatoes (68%)ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒုတိယကားပါ။ ပထမကားကိုလည်း CM မှာ တင်ပေးထားပါတယ်။ ဗီလိန်ကလည်း The Mask လို ရုပ်ရှင်တွေနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဂျင်မ် ကာရေးပဲ ဖြစ်ပါတယ်။ပထမကားမှာတော့ ဗီလိန်ကြီး ရိုဘော့နစ်တစ်ယောက် ကမ္ဘာပေါ်ကနေ အခြားဂြိုလ်ကို ကန်ထုတ်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့ပါတယ်။ အခုကားမှာတော့ ရိုဘော့နစ် ပြန်လာတဲ့အပြင် သူနဲ့အတူ ဆိုးနစ်ကို တိုက်ခိုက်မယ့် ဂြိုလ်သားလေး နက်ကယ်ပါ ပါလာပါတယ်။ ဒါ့အပြင် ဆိုးနစ်ကိုလေးစားနေတဲ့ မြေခွေးလေး တေးလ်စ်ပါ ပါလာတဲ့အခါ တစ်ဖက်ကို နှစ်ယောက်ဆီ ဘယ်လိုရင်ဆိုင်ပြီး တိုက်ခိုက်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။Sonic ၂ ကားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=Sonic+the+Hedgehog ကြည့်ပါ။ File size…(6.5 GB )/(2.5 GB)/ (1.5 GB) Quality….BluRay 4K HEVC/1080p HEVC ...
movie
Sonic the Hedgehog 2 (2022)
2022
4K HEVC
6.5
Sonic the Hedgehog (2020)
Sonic the Hedgehog (2020)IMDb Rating (6.5) / Rotten Tomatoes (64%)ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။အခြားဂြိုလ်ကနေလာပြီး အမြန်နှုန်းနဲ့ ပါဝါတွေရှိတဲ့ ဆောနစ်ဆိုတဲ့ ဖြူကောင်လေးဟာ ရန်သူတွေလက်ကနေ ပြေးရင် ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ကမ္ဘာပေါ်မှာ ရဲတစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူ့ကို ဖမ်းဖို့လိုက်လာတဲ့ သိပ္ပံပညာရှင် ရိုဘော့နစ် နဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။ဒီတော့ ရဲအရာရှိ သောမက် နဲ့ ဆောနစ်တို့ သူ့လက်ကလွတ်အောင်ပြေးရင် ဘေကင်းတဲ့ ဂြိုလ်တစ်ခုကို ဆောနစ်ကို ပြန်ပို့နိုင်ဖို့ ကြိုးစားရပါတော့တယ်။ဆောနစ်အဖြစ် ဘန် ရှဝက်က သရုပ်ဆောင်ထားပြီး ဗီလိန်နေရာကတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ မင်းသားကြီး ဂျင်မ်ကာရေးမို့ ကြည့်လို့သိပ်ကောင်းပါလိမ့်မယ်။Rating လည်း 6.5 ဆိုတော့ အားလုံးအပမ်းပြေကြမယ်ထင်ပါတယ်။ Sonic ၂ ကားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=Sonic+the+Hedgehog ကြည့်ပါ။ File size…(4.5 GB )/(1.6 GB)/ (1 GB) Quality….BluRay 4K HEVC/1080p HEVC / ...
movie
Sonic the Hedgehog (2020)
4K HEVC
Zoolander (2001)
IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie
Zoolander (2001)
Knox Goes Away (2024)
Knox goes away ဆိုတဲ့ကားလေးကတော့ 2023 မှာထွက်ရှိထားပြီး နာမည်ကြီးမင်းသား Michael Keaton နဲ့ James Marsden တို့ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ကြေးစားလူသတ်သမားတစ်ယောက်က သူဟာရူးသွပ်ပြီးမှတ်ဉာဏ်ပျောက်တဲ့ရောဂါကို ခံစားနေရကြောင်းမထင်မှတ်ထားစွာသိရှိလိုက်ရပါတယ်။ဘဝကိုအထီးကျန်စွာဖြတ်သန်းနေခဲ့တဲ့သူမလို့ သူလုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးရင် အဝေးကိုအေးဆေးပဲထွက်သွားလိုက်တော့ဖို့စီစဉ်ထားခဲ့ပေမယ့် အဆက်သွယ်ပြတ်နေတာကြာပြီတဲ့ သားဖြစ်သူက ပြဿနာရှာမိပြီး သူ့ကိုလာရှာအကူအညီတောင်းတဲ့အခါ သူဟာရူးသွပ်နေတဲ့ရောဂါလက္ခဏာကိုအန်တုလို့ အသိစိတ်မပျောက်ခင် သားဖြစ်သူကိုကူညီကယ်တင်ရဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.3 GB)/(698 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie
Knox Goes Away (2024)
5.6
Unfrosted (2024)
မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie
Unfrosted (2024)
7.6
Interstate 60 (2002)
လူတွေ ဘာလို့ဆုတောင်းကြသလဲ…ဆုတောင်းလိုက်တဲ့အခါ လူတွေက စိတ်ခွန်အားတွေ ၊ ငြိမ်းချမ်းမှုတွေရလို့ ဆုတောင်းကြတယ်လို့တော့ ဖတ်ရဖူးပါတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ ဆုတောင်းတွေထက် ကိုယ်တိုင်လုပ်ယူရတာကို ယုံကြည်တဲ့သူမျိုးဆိုတော့ ဆုတောင်းတွေဟာ ပြည့်တယ်လို့ မယုံကြည်ထားပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ဒီဇာတ်ကားထဲမှာ ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့သူ တစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူက တော်ရုံလူတွေတွေ့နိုင်တဲ့သူမျိုးမဟုတ်ဘဲ ကံကောင်းလွန်းတဲ့သူမျိုးမှ ကြုံရတွေ့ရ ဆုတောင်းခွင့်ရကြတဲ့ သူမျိုးပါ။ ဒီထဲမှာ ဇာတ်ကောင် နီးလ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေမှာ အဖြေတစ်ခုလိုချင်တယ်လို့ ဆုတောင်းလိုက်မိရာကနေ လိုချင်တောင့်တမှုတွေ ၊ လွတ်လပ်ခွင့်တွေ ၊ အဖြစ်ချင်ဆုံး ဆန္ဒဆိုတာတွေကို သိမြင်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူငယ်တွေကြည့်လို့ကောင်းမယ့် fantasy, comedy, drama ရောထားတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ဒီကားကြည့်ပြီးတဲ့အခါ ခင်များတို့ရော ဆုတစ်ခုတောင်းခွင့်ရမယ်ဆို ဘာကိုတောင်းမလဲ ၊ ဒါမှမဟုတ် ခင်များတို့ ကိုယ်တိုင်ရော လက်ရှိမှာ ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရှာတွေ့သွားမလား ကျွန်တော်တော့ ...
movie
Interstate 60 (2002)
6.7
PAW Patrol: The Mighty Movie(2023)
PAW Patrol: The Mighty Movie(2023)********************************** ရုံတင်ပြသသွားတယ် ခွေးပေါက်လေးတွေ ကာတွန်းအသစ်လာပါပြီ။နာမည်ကျော် PAW Patrol ကာတွန်းစီးရီးကနေ ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးငယ်လေးတွေကိုပြဖို့ အသင့်တော်ဆုံး ကာတွန်းရုပ်ရှင်ပါပဲ။ရိုင်ဒါဆိုတဲ့ ကောင်လေးမှာ PAW Patrol ဆိုတဲ့အဖွဲ့လိုက်ခွေးပေါက်လေးလေးတွေရှိပြီး သူတို့တွေဟာ စွန့်စားခန်းမြို့တော်ကြီးကို ကာကွယ်ရတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗန့်စ်ဆိုတဲ့ အရူးသိပ္ပံပညာရှင်တစ်ယောက်က ဥက္ကာခဲတစ်ခုကို ကမ္ဘာပေါ်ကို ဆွဲယူခေါ်လိုက်တဲ့အခါ PAW Patrol တွေကဥက္ကာခဲကို တားဆီးရင်းနဲ့ စူပါပါဝါတွေ ကိုယ်စီရကုန်ပါတယ်။ အဲဒီ စူပါပါဝါတွေကို သိပ္ပံပညာရှင်ဗန့်စ်ကလည်းလုယူပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါခွေးပေါက်လေးတွေအဖွဲ့နဲ့ တိုက်ပွဲဖြစ်လာပါတော့တယ်..File size… 1.7GB / 817MB Quality…WEB-D 1080P 5.1CH / 720p Format…mp4 Duration….1hr 28min Genre ….. Animation , Adventure , Action Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson
movie
PAW Patrol: The Mighty Movie(2023)
The Box (2009)
sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Box (2009)
6.7
2 Guns (2013)
2 Guns (2013)~ IMDb - 6.7/10, Rotten Tomatoes - 64% ~2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ...
movie
2 Guns (2013)
2013
4K HEVC
6.1
27 Dresses (2008)
27 Dresses (2008)~ IMDb rating - 6.1/10 ~မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို ...
movie
27 Dresses (2008)
2008
7.8
The Notebook (2004)
The Notebook (2004)IMDb Rating (7.8 )Romantic ရုပ်ရှင်ဆိုတာနဲ့ အရင်ဆုံးပြေးမြင်ကြမှာကတော့ The Notebook ဆိုတဲ့ဇာတ်ကားပါပဲ။ဒီဇာတ်ကားက အမေရိကန် ရိုမန့်တစ် စာရေးဆရာကြီး Nicolas Sparks ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပြီးမင်းသား Ryan Gosling နဲ့ မင်းသမီး Rachel McAdams တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆိုတာ တကယ်ရှိတယ်ပြဖို့လိုအပ်လာရင် ဒီရုပ်ရှင်ကို ထိုးပြလိုက်ယုံပါပဲ..."ငါတို့ချစ်ခြင်းက ငါတို့ ဖြစ်ချင်တာ အကုန်လုပ်ပေးနိုင်တယ်လို့ ငါထင်တယ်"ချစ်ခြင်းနဲ့ဖန်ဆင်းထားတဲ့ကမ္ဘာကြီးဟာ ဘယ်လောက်ထိလှပလဲဆိုတာ ခံစားကြည့်ကြပါဦး။ File size…(2.4 GB)/ (1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:03:48 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung
movie
The Notebook (2004)
1080p HEVC
5.3
Bachelorette (2012)
ယခု တင်ဆက်ပေးမှာကတော့ အမေရိကန် ဟာသဇာတ်မြူး ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ Spider Man ဇာတ်လမ်းမှာ Mary Jane အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kristen Dunst ၊ Now You See Me ဇာတ်ကားထဲက မင်းသမီးတွေဖြစ်တဲ့ Isla Fisher နဲ့ Lizzy Caplan ၊ Pitch Perfect ထဲကအချစ်တော်ကြီးဖြစ်တဲ့ Rebel Wilson တို့လိုနာမည်ကြီးမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားကတော့ နာမည်ကြီးဟာသဇာတ်လမ်း Hang Over နဲ့ခပ်ဆင်ဆင်တူပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင် ရီဂန်(Kristen Dunst) ၊ ဂျန်နာ (Lizzy Caplan) နဲ့ ကေတီ ( Isla Fisher) တို့က ငယ်သူငယ်ချင်းဖြစ်သူ ဘက်ကီ( Rebel Wilson ) ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ်လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie
Bachelorette (2012)
5.8
Straw Dogs (2011)
1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့Alexander Skarsgårdနဲ့ Hairspray, Sonic thehedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့ခေါ်ကြတဲ့ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကိုပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယားနှစ်ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတားမြို့လေးကလူတွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလိုမြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ခပ်တင်းတင်းအိမ်ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး............. File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Straw Dogs (2011)
6.1
Superman Returns(2006)
Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.90GB / 784.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 34m Genre ..... Aciton , Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie
Superman Returns(2006)
6.3
10th & Wolf(2006)
ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ် ခံရပြီးသေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာမရိန်းတပ်ထဲကိုဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဏာရှင် ဆက်ဒမ် ကိုဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီးသူကိုယ်တိုင်းသွားရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကိုခိုးပြီး သွားခဲ့ပေမဲ့လည်းလမ်းမှားပြီးကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာလူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယိုကို ကူညီပြီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီကိုလည်း ဖမ်းဖို့ခြိမ်းခြောက်လာခဲ့တာကြောင့်ကူညီပေးဖို့လက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲ ရက်ဂျီယိုကိုဖမ်းနိုင်ဖို့အတွပ် တွမ်မီတစ်ယောက် သူ့ရဲ့မွေးရပ်မြေကိုပြန်သွားရပြီးဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဂျိဝီနဲ့ ပြန်ဆုံတွေ့ကြရင်းအက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကို ကိုတင်မဟုတ်ပဲ သူ့ရဲ့ညီလေးဗင်းဆင့်ကိုပါ ဝှက်ဖဲအနေနဲ့ကိုင်ထားမှန်းသိရှိလိုက်ရတဲ့အခါမှာ တွမ်မီတစ်ယောက်ရက်ဂျီယိုကိုပဲအမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလားဆိုတာကိုအကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုလိုက်ပါဦးဗျ။အမေရိကန်က အီတလီဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းအကြောင်းတွေရောပါဝင်တာမလို့ ဒီလို လူဆိုးဂိုဏ်းရုပ်ရှုင်ကားမျိူးတွေလွမ်းနေတဲ့လူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…1.81GB / 609.2MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
10th & Wolf(2006)
1
2
Next