Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Le Gros
6.8
Good One (2024)
Good One ကတော့ ခရမ်းချဉ်သီးပုပ် rating 8.80/10 အထိရရှိထားတဲ့ Drama အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဓိကဇာတ်ကောင်သုံးယောက်ရဲ့တောင်တက်ခရီးစဉ်တလျှောက်က သာယာလှပပြီးဆိတ်ငြိမ်တဲ့တောတောင်ရေမြေသဘာ၀တွေကို ရေစီးကျတဲ့အသံကအစသာယာနာပျော်ဖွယ်ကောင်းအောင် ထိထိမိမိရိုက်ကူးထားသလို ကြည့်ရှုသူတွေရဲ့ခရီးထွက်ချင်စိတ်ကိုပါနှိုးဆွပေးနိုင်မှာပါ။ အဖေ့နောက်အိမ်ထောင်နဲ့အတူနေတဲ့ဆမ်ဟာကောလိပ်မတက်ခင်မှာ အဖေဖြစ်တဲ့ခရစ္စ၊ အဖေ့သူငယ်ချင်းမတ်၊ မတ်ရဲ့သားဒီလန်တို့နဲ့အတူ တောလမ်းတောင်တက်ခရီးကြမ်းနှင်ဖို့ထွက်ခွာလာခဲ့ပါတယ်။ ဒီလန်ကမလိုက်နိုင်တော့တာကြောင့် ဆမ်၊ ခရစ္စနဲ့မတ်တို့သုံးယောက်ဟာ ကျောပိုးအိတ်တစ်လုံးစီနဲ့တောင်တက်ခရီးနှင်ကြရင်း ဆမ်နဲ့ခရစ္စကြားက သားအဖဆက်ဆံရေး၊အိမ်ထောင်ကွဲခဲ့တဲ့မိဘတွေနဲ့ပတ်သက်လို့ ဆမ်ရဲ့ဝမ်းနည်းမှုတွေ၊ ဆမ်ကိုကြည့်ပြီး မတ်ရဲ့သားဖြစ်သူဒီလန်ကိုအားမလိုအားမရဖြစ်စိတ်တွေ၊ ခရစ္စနဲ့မတ်ကြားကသူငယ်ချင်းဆက်ဆံရေးတွေကို တောင်တက်ခရီးစဉ်တလျှောက်မှာကြည့်ရှုခံစားသွားရမှာဖြစ်ပါတယ်။ Good One ကတော့ လိမ္မာတဲ့သားသမီးကိုရည်ညွှန်းချင်တာဖြစ်နိုင်ပါတယ်။ လိမ္မာတဲ့သားသမီးတွေမှာလည်း ခံစားချက်တွေ၊ ဝမ်းနည်းစိတ်တွေ၊နာကျည်းချက်တွေရှိနေနိုင်တာကို မီးမောင်းထိုးပြချင်တာဖြစ်လို့ Good One ဟာ Drama ကြိုက်ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ခုဖြစ်သလိုရုပ်ရှင်ပွဲတော်တွေမှာလည်း ထူးချွန်ဆုတွေဆွတ်ခူးရရှိထားပါတယ်။File size_(2.2GB)/(1GB) Quality_Blu-Ray 1080p HEVC / 720p Format_mkv/mp4 Duration_01:29:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by JULY
movie
Good One (2024)
Point Break (1991)
Point Break(1991) *******************IMDb....7.31991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့mငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ ...စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုမှ အလုပ်ထဲ စဝင်ခါစ...သင်တန်းသားဘဝမှာ...အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ...ဘဏ်ဓားပြတိုက်မှုတွေ စုံစမ်းတဲ့ ဌာနမှာ စတင်တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်တိုက်ဆိုင်တယ်ပြောရမလား..အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့ အကြီးစားအမှုကြီးဖြစ်ခဲ့တယ်။စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာ...အချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်။ သဲလွန်စဆိုလို့...လောက်လောက်လားလားမကျန်ခဲ့...ဒီအဖွဲ့ဟာ ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့...ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်။ အဲဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း...တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်။File Size : 2.72GB , 1.20GB Quality : 1080 , 720p Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle ...
movie
Point Break (1991)
7.7
Zodiac (2007)
Zodiac (2007)IMDb Rating (7.7) / Rotten tomatoes (90%)Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်..ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ ...
movie
Zodiac (2007)
2007
Catch That Kid (2004)
ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie
Catch That Kid (2004)
5.6
Blackout (2023)
Werewolf ခေါ် သမန်းဝံပုလွေဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Blackout ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.6 ရရှိထားပြီးတခြားရှယ်ကြမ်းတဲ့ဇာတ်ကားကြီးတွေနဲ့မနှိုင်းယှဉ်ပဲနဲ့ဒီအတိုင်းပေါ့ပေါ့ပါးပါးလေးကြည့်မယ်ဆိုရင်ကြည့်လို့အဆင်ပြေမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားရဲ့အစမှာတော့ လူငယ်စုံတွဲလေးနှစ်ယောက်လရောင်အောက်က လယ်ကွင်းထဲမှာ ရိုမန့်တစ်ဆန်ဆန်မူစကူဒူးနေကြတာကို တွေ့ရမှာဖြစ်ပြီး ရိုချင်လွန်းတဲ့စုံတွဲကိုဘာမှန်းမသိတဲ့ အရာကြီးတစ်ခုက လာကိစ္စချောပေးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီနယ်မြို့လေးမှာရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပြီး ပဲလှော်ကြားဆားညှပ်သွားတဲ့သူကတော့ အဲ့ဒီနယ်မြို့မှာ အလုပ်လာလုပ်တဲ့မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင်မီဂဲလ်ပဲဖြစ်ပါတော့တယ်။ဒါပေမယ့် ကံကောင်းတာက သူ့မှာသူ့အပေါ်အရမ်းကောင်းတဲ့ လူဖြူသူငယ်ချင်းတစ်ယောက်ရှိနေတာပါပဲ။အဲ့ဒီသူငယ်ချင်းရဲ့ နာမည်ကချာလီဖြစ်ပြီး ချာလီ့ယောက္ခမကြီးကတော့ မီဂဲလ်ကိုဘလိုင်းကြီး ကြိတ်မုန်းနေတဲ့ မြို့တော်ဝန်ယောင်ယောင် ဘိုးတော်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲ အဲ့ဒီမြို့လေးမှာရက်ရက်စက်စက် လူသတ်မှုတွေဆက်ဖြစ် မြို့တော်ဝန်ရူးကမီဂဲလ်ကိုစွပ်စွဲ မီဂဲလ်ကိုချာလီကကာကွယ်ပေးရင်းနဲ့သပွတ်အူတွေလိုက်ရင်း နောက်ဆုံးမှာ တကယ့်လူသတ်တရားခံကသူတို့ထင်ထားသလို ဖြစ်မနေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်လှုပ်ရှားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.38GB / 1.02GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Blackout (2023)
5.2
Bad Girls (1994)
ဒီတစ်ခါတော့ 1994 က action, adventure ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ် လီလီ, အနီတာ, အယ်လီနဲ့ ကိုဒီဆိုတဲ့ သူငယ်ချင်းယောက်ဟာ ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်ကြတယ် တစ်ရက်မှာတော့ လီလီအပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ကာနယ်တစ်ဦးကို ကိုဒီဟာ ပစ်သတ်လိုက်ပါတော့တယ် အဲ့ဒီအချိန်ကစပြီး သူတို့ဟာ လိုက်ဖမ်းတဲ့သူတွေဆီက ရှောင်ပုန်းပြီး စွန့်စားခန်းထွက်ကြပါတော့တယ် သူတို့ ဒီအမှူကနေ လွတ်သွားမှာလား သူတို့စွန့်စားခန်းကရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာတော့ စောင့်ကြည့်လိုက်ကြပါဦးခင်ဗျာ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Western, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Bad Girls (1994)
6.7
Showing Up (2023)
IMDb rating - 6.7/10 2022 ခုနှစ်ထွက် art movieတစ်ခုကို ပရိတ်သတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်လမ်းဇာတ်သွားတစ်ခုလုံးကို အနုပညာဆန်ဆန် အပိုအလိုမရှိ ရိုက်ကူးတင်ဆက်ထားပြီးတော့ အနုပညာကျောင်းမှာ ပညာသင်ပေးတဲ့ပုံစံတွေ...ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ လက်ရာဆန်းတွေ.. ဓာတ်ပုံရိုက်ချက် အလင်းအမှောင်တွေကအစ လှပတဲ့ဆေးရေးပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရသလို ပရိတ်သတ်ကြီးကို ခံစားသွားစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ပါရမီအရည်အချင်းအပြည့်ရှိတဲ့ ပန်းပုပညာရှင် လစ်ဇီတစ်ယောက် သူမရဲ့ ပြိုင်ဘက်လည်းဖြစ်သလို အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့ သိပ်ပြီးမပြေလည်တဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်.. တစ်နေ့မှာတော့ လစ်ဇီရဲ့ကြောင်ဒဏ်ရာရအောင် လုပ်မိသွားတဲ့ ခိုလေးကို ဂျိုက ကယ်တင်ပေးခဲ့ပြီး လစ်ဇီကိုခဏလောက် ကြည့်ထားပေးဖို့မှာခဲ့ပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုအရုပ်တွေ အပြီးလုပ်ရမယ့်နေ့ဖြစ်နေပြီး ခိုကိုပါကြည့်ရှုနေရတာကြောင့် မအားမလပ်ဖြစ်နေပါတော့တယ်..နောက်တစ်နေ့ မီးလင်းဖိုကို လစ်ဇီအပူပေးထားတဲ့ အရုပ်တွေကိုသွားကြည့်တဲ့အချိန် အရုပ်တစ်ရုပ်လောင်ကျွမ်းသွားတဲ့အခါမှာတော့...လစ်ဇီနဲ့ဂျိုကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ.. ပန်းပုပြပွဲအတွက် ဒီပန်းပုရုပ်နဲ့ပဲ တင်ဆက်ပြသသွားမှာလား..လစ်ဇီရဲ့ရှုပ်ထွေးလှတဲ့မိသားစုဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်မလဲဆိုတာကို ...
movie
Showing Up (2023)
6.0
Night Moves (2013)
IMDb – 6/10 Rotten Tomatoes – 86%အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာအထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုးကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူသုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာတွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီးဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲကတစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီးမလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက်လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြောခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီးလှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာအေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing
movie
Night Moves (2013)
7.2
Born on the Fourth of July(1989)
Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie
Born on the Fourth of July(1989)
4.4
Foxhole (2021)
ဒီရုပ်ရှင်က နည်းနည်းဆန်းတယ်၊ အမေရိကန်ပြည်တွင်းစစ်၊ ပထမ ကမ္ဘာစစ်နဲ့ အမေရိကန်-အီရတ်စစ်ဆိုတဲ့ အထင်ကရစစ်ကြီး ၃ခုကို ဇာတ်အိမ်တည်ထားတယ်၊ ဒါပေမဲ့ စစ်ကားဆိုပြီး အကြီးအကျယ် တိုက်ပွဲဖြစ်ပုံတွေ၊ နောက်ကွယ်က စစ်ပရိယာယ်နဲ့ နည်းဗျူဟာတွေ၊ ဒါမျိုးတွေကို မြင်ရမှာမဟုတ်ပါဘူး၊ အချိန်ကာလ ၃ခု၊ စစ်ကြီး၃ခု အတွက် တည်နေရာတစ်မျိုးစီပဲ သုံးထားတာပါ၊ အလွယ်ပြောရရင် ကတုတ်ကျင်းလို့ ခေါ်လို့ရတဲ့နေရာပေါ့။ ထူးခြားတာက စစ်၃ခုရဲ့ ဇာတ်ကောင်နာမည်နဲ့ သရုပ်ဆောင်တွေက အတူတူပါပဲ၊ ဇာတ်လမ်းတစ်ခုနဲ့ တစ်ခုက အဆက်အစပ် မရှိသလို ဇာတ်ကောင်စရိုက်တွေက စစ်တစ်ခုကို တစ်မျိုးပြောင်းနေပါတယ်၊ ဒီဇာတ်ကောင်တွေဟာ ဇာတ်လမ်းတစ်ခုမှာ ကတုတ်ကျင်းတစ်မျိုး ဆီမှာ အသက်ရှင်သန်ဖို့ ရုန်းကန်လှုပ်ရှားရပုံတွေကို အဓိကထားပြီး ရိုက်ထားတာပါ၊ ဒါပေမဲ့ ဒိုင်ယာလော့ဂ်တွေအရ ဒါရိုက်တာဖြစ်သူ အဓိက ပြချင်တာက လူ့သဘောသဘာဝ၊ စစ်ဖြစ်နေစဉ် ရှိအပ်တဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအကြောင်း ဖြစ်ပါလိမ့်မယ်။ ဘယ်လိုဇာတ်အိမ်မျိုးတွေ ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှု လိုက်ပါ၊ လူတစ်ကိုယ် အကြိုက်တစ်မျိုးရယ်ဖြစ်လို့ တိုက်ပွဲကြီးတွေ ပါမှ သဘောကျတတ်တဲ့သူအတွက်ဆို အားမရတာမျိုးရှိနိုင်ပါတယ်၊ ဒါက စကားပြောအသားပေးစစ်ကား ဖြစ်နေလို့ပါ၊ ဇာတ်အိမ်ဆန်းတဲ့ ရုပ်ရှင်တွေကို ကြိုက်တတ်ရင်တော့ ခံစားကြည့်စေချင်ပါတယ်။ File size…1.2GB / 570MB Quality…1080p ...
movie
Foxhole (2021)
2021
5.8
Buck Run (2019)
Buck Run (2019)==============IMDb Rating - 5.8/10 အတိတ်က နာကျင်စရာတွေကို လက်ခံနိုင်ဖို့ ကြိုးစားဖူးလား။ နာကျင်မှုတွေ ဆုံးရှုံးမှုတွေနဲ့ အမှန်တရားတွေကလက်ခံနိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်.....ဒီကားမှာတော့ ကင်ဆာရောဂါသည်မိခင် သေသွားပြီးနောက်ပိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မိခင်အလောင်းနဲ့တစ်အိမ်ထဲမှာ အတူနေရတဲ့ ၁၅နှစ်သားအရွယ် ကောင်လေး ရှော။ အမေမရှိတော့မှ အရက်စွဲနေတဲ့ အဖေရောက်လာပြီး အဖေဖြစ်သူ ဝီလီယံနဲ့အတူ နေနိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဘဝကို အရက်သောက်၊မိန်းမလိုက်စား၊ အဓိပ္ပါယ်မဲ့စွာဖြတ်သန်းပြီး အတိတ်ကအကြောင်းတွေကနေ ရုန်းမထွက်နိုင်တဲ့ ဝီလီယံ။ မိခင်ကို ဆုံးရှုံးလိုက်ရပြီး ဘေးပတ်ဝန်းကျင်ကအနိုင်ကျင့်ခံရတဲ့ ကောင်လေး၊ ငယ်ငယ်ထဲကထွက်သွားပြီး အခုမှပေါ်လာတဲ့ အဖေနဲ့အတူ သူဘယ်လိုနေထိုင်မလဲ.....သူ့စိတ်ထဲဘာတွေရှိနေမလဲ။ နောက်ဆုံး သူတို့ သားအဖနှစ်ယောက် အတိတ်က နာကျင်စရာတွေကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဆုတွေလည်း အတော်များများရထားပြီး ဇာတ်လမ်းအေးအေးလေးတွေကိုစီးမျောခံစားတတ်တဲ့သူတွေအဖို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality ...
movie
Buck Run (2019)
2019
7.3
Enemy of the State (1998)
movie
Enemy of the State (1998)
1998
6.6
Vantage Point ( 2008 )
Zawgyi*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB 6.6 ရရှိထားပါတယ်ဇာတ်လမ်းကတော့ ရိုးရိုးလေးပါ စပိန်နိုင်ငံမှာ ညီလာခံတစ်ခုလာတက်ရင်းအမေရိကန်သမ္မတကြီး လုပ်ကြံသတ်ဖြတ်ခံရပါတယ်ဒါပေမယ့် အဲ့အဖြစ်အပျက်လေးကိုပဲရှုထောင့်မျိုးစုံကနေတင်ပြထားတာဖြစ်ပါတယ် ပြောလိုက်ရင်ပေါ့သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါလို့ တိုက်တွန်းရင်းစလယ်ဆုံး ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အာမခံလိုက်ပါရစေ Unicode*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB ...
movie
Vantage Point ( 2008 )
2008
8.4
Wildling (2018)
အခု Horror / Mystery ပရိတ်သတ်တွေအတွက် IMDB 7/10 ရရှိထားတဲ့ ဒီ Wilding ဆိုတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်Carrie တို့ ခုနောက်ပိုင်းထွက်ထားတဲ့ Thelma တို့လို Supernatural/ Thriller ကိုကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိတ်သတ်တွေ ဒီကားလေးကိုကြိုက်ကြမယ်ထင်ပါတယ်ဇာတ်လမ်းလေးကတော့အန်နာလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်က သူ့အဖေနဲ့ မြို့ငယ်လေးတစ်မြို့မှာ နေပါတယ်ဒါပေမယ့် ထူးဆန်းတာက သူ့အဖေက အန်နာလေးကို အိမ်ထဲကအိမ်ပြင်မပြောနဲ့ အခန်းထဲကတောင်ပေးမထွက်ပါဘူးအစားအသောက်ဆိုလည်း သက်သက်လွတ်ပဲကျွေးပါတယ်ဒီလိုနဲ့ အန်နာလေးအရွယ်ရောက်လာတဲ့တစ်နေ့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေဖြစ်ပြီး သူ့ဘဝမှာပထမဆုံးအကြိမ် အပြင်လောကကိုရောက်သွားပါတော့တယ်ဒါ့အပြင် သူ့အဖေလို့ထင်ထားခဲ့တဲ့သူက သူ့အဖေအရင်းမဟုတ်မှန်းသိလိုက်ရတဲ့အခါ ..သူ့မိဘအရင်းတွေက ဘယ်သူတွေလဲ...သူ့ကိုဘာလို့ပိတ်လှောင်ထားခဲ့တာလဲ...ဇာတ်လိုက် အန်နာအဖြစ် Diary of a teenage girl ထဲမှာလည်း ပါဝင်ခဲ့တဲ့ Bel Powley ကသရုပ်ဆောင်ထားပြီးEnding Song အဖြစ်သုံးထားတဲ့ Linda Perry ရဲ့ Wildling ဆိုတဲ့သီချင်းလေးကလည်းဇာတ်လမ်းနဲ့အတော်လိုက်ဖက်တာမို့ ကြည့်ရှုခံစားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူပါ)File Size : ...
movie
Wildling (2018)
2018
5.3
Point Break (2015)
Point Break (2015)_____IMDb - 5.3/10 လိုင်းဖြတ် သို့တည်းမဟုတ် ကျရှုံးချိန်နေရာတစ်ခု..... မိတ်ဆွေတို့ရဲ့ Point Break ကရော . ဘယ်အချိန်.. ဘယ်နေရာမှာပါလဲ? ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ Point Break ကတော့..... ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။ သူရောက်ပြီးနောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။ အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ စတန့်ပြကွက်တွေ၊ ဒုစရိုက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။ စတန့်ပြကွက်တွေ ဖောဖောသီသီ သုံးထားတဲ့ ...
movie
Point Break (2015)
2015