Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Karen
7.3
Thirteen Days (2000)
Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie
Thirteen Days (2000)
2000
7.3
Poltergeist (1982)
ပုဏ္ဏကတိုက်ခြင်းလို့ အနီးစပ်ဆုံး ပြန်ဆိုလို့ရမဲ့ Poltergeist ရုပ်ရှင်ဟာ အထွေအထူး ပြောစရာမလိုလောက်အောင် အောင်မြင်မှုရရှိခဲ့ပြီး ဂန္တဝင် Horror ရုပ်ရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုဆန်ဆန် ပြကွက်တွေ၊ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ထဲ မတင်မကျဖြစ်စေတဲ့ atmospheric tension တွေကို တုန်လှုပ်သွေးပျက်ဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ ထည့်သွင်းပေါင်းစပ်ခဲ့တဲ့အပြင် အဲဒီခေတ်ကာလအရ ပီပြင်ပြောင်မြောက်တဲ့ visual effects တွေကိုပါ အသုံးပြု ရိုက်ကူးခဲ့တဲ့အတွက် နောင်လာမဲ့ Horror ရုပ်ရှင်တွေအတွက် စံပြုစရာ Guideline တစ်ခု ချမှတ်ပေးခဲ့တဲ့အထိ သြဇာကြီးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ဒါရိုက်တာကတော့ နာမည်ကျော် ဂန္တဝင် Horror ရုပ်ရှင်ဖြစ်တဲ့ Taxas Chainsaw Massacre (1974) ရဲ့ ပဲ့ကိုင်ရှင် Tobe Hooper ဖြစ်ပြီး ထုတ်လုပ်သူကတော့ ဂန္တဝင်ဒါရိုက်တာ Stephen Spielberg ဖြစ်ပါတယ်။ Spielberg ဟာ ...
movie
Poltergeist (1982)
8.0
Mulholland Drive (2001)
Mulholland Drive (2001)IMDB - 8/10 Metacritic – 81% Rotten Tomatoes - 82%Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။ City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။ သူစိတ်ဝင်စားနေတဲ့ ...
movie
Mulholland Drive (2001)
2001
4K HEVC
7.3
Wall Street (1987 )
IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie
Wall Street (1987 )
Any Given Sunday (1999)
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie
Any Given Sunday (1999)
Congo (1995)
၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M
movie
Congo (1995)
8.0
The Pursuit of Happyness (2006)
အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်...သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ...ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်...ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်... ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်... ဘဝဆိုတာ "ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်" ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို...သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကားလေးမှာ ...
movie
The Pursuit of Happyness (2006)
2006
6.7
Apt Pupil 1998
၁၉၈၀ ၀န်းကျင်လောက်တုန်းက အခြေအနေကို နောက်ခံထား ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ The Lord of the Rings နဲ့ The Hobbit ဇာတ်လမ်းတွေမှာ Gandalf အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ian McKellen ကို အမေရိကန်မှာ ဇာတ်မြှုပ်ပုန်းရှောင်နေတဲ့ နာဇီ ရာဇ၀တ်သားကြီးတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ တော့ဒ်ဘိုဒင်ဆိုတဲ့ ကောင်လေးဟာ သမိုင်းဘာသာရပ်ကို အလွန်စိတ်၀င်စားသူဖြစ်ပါတယ်။ တစ်နေ့ ဘတ်စ်ကားပေါ်မှာ တွေ့ခဲ့တဲ့လူတစ်ယောက်ကို သံသယရှိလို့ စုံစမ်းမှုတွေလုပ်လိုက်တဲ့အချိန်မှာ ကမ္ဘာကအလိုရှိနေတဲ့ နာဇီ ရာဇ၀တ်သားကြီး ဒူဆန်ဒါဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ တော့ဒ်တစ်ယောက် ကျောင်းမှာ မသင်ရတဲ့ နာဇီနဲ့ဆိုင်တဲ့ သမိုင်းကြောင်းတွေကို တရားခံပြေးကြီးဆီကို သွားပြီး သူ့မှာ သက်သေတွေ ရှိတယ်လို့ ခြိမ်းခြောက်ကာ ဖြစ်ကြောင်းစုံကို ပြောပြခိုင်းပါတော့တယ်။ အဖိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် အပြန်အလှန် အကြပ်ကိုင်ကြပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ် File Size : ...
movie
Apt Pupil 1998